မဏိပူရ်ပြည်နယ်မှာ မြန်မာနိုင်ငံသား ၁၀ ဦး ဖမ်းဆီးခံရ

ဖေဖော်ဝါရီ ၊ ၆ ၊ ၂၀၂၃
SP (VOM)

အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ် ၊ နယူးလမ်းကားမြို့နယ် ၊ Vaal veng ကျေးရွာမှာ မနေ့ ဖေဖော်ဝါရီ ၅ ရက်က မြန်မာနိုင်ငံသား ၁၀ ယောက်ကို မဏိပူရ်ပြည်နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ မဏိပူရ် ပြည်နယ်သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

“ဖမ်းဆီးခံရတဲ့သူတွေဟာ မုံရွာမြို့နယ်က ဒေါ်ဇင်မာ (၅၀နှစ်)၊ မကြူကြူ (၂၀နှစ်)၊ မသင်းသင်း (၂၅နှစ်)၊ မစိုးစိုး (၂၀နှစ်)၊ ဒေါ်ခင်ခင် (၂၅နှစ်)၊ မခင်မို့မို့ဇော် (၂၀နှစ်)၊ ဦးဇော်ထက် (၄၅နှစ်)၊ ဦးအောင်ခိုင် (၄၇နှစ်)၊ ကိုနိုင်ဝင်းထွန်း (၂၃နှစ်)၊ နဲ့ ကလေးမြို့ တာဟန်းရပ်ကွက်နေ ဦးလာလ်ထားကိမ်းမာ (၅၂နှစ်) တို့ဖြစ်ပါတယ် ၊ သူတို့က အိန္ဒိယဘက်ကို အလုပ် ၊ လုပ်ကိုင်ဖို့ရောက်နေကြတာကို အခုလို အဖမ်းခံရတာ ဖြစ်နိုင်တယ် ၊ ဖမ်းဆီးခံရသူတွေဟာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ကနေ လာရောက်နေထိုင်သူ ၉ ဦးနဲ့ ကလေးမြို့ကနေ လာရောက်နေထိုင်တဲ့ ၁ ဦး စုစုပေါင်း အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၄ ဦးတို့ဖြစ်ပါတယ် ” လို့ တမူးမြို့မှာနေတဲ့ လူမှုကူညီရေး ပရဟိတသမားတယောက်က ပြောပါတယ်။

ဒါ့အပြင် အိန္ဒိယနိုင်ငံ မိုးရေးမြို့မှာ နေတဲ့ နယ်စပ်ကုန်သည် ဦးဂျမားဆိုသူက ” ပြီးခဲ့တဲ့ရက်ပိုင်းက အိန္ဒိယ – မြန်မာ ၂ နိုင်ငံ ချစ်ကြည်ရေး ပွဲလုပ်တယ် ၊ အဲ့ဒီ ပွဲအပြီး နောက်ပိုင်းမှာ နယ်စပ်ကျေးရွာတွေမှာ ခိုလှုံနေထိုင်တဲ့ မြန်မာ ၁ ရာနီးပါး အဖမ်းခံရတယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ၊ အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ် ၊ တင်နိုဘယ်ခရိုင် ၊ မိုးရေးမြို့နယ် ၊ H. Lhangcham ကျေးရွာနဲ့ New New Salbung ကျေးရွာကြားမှာ မြန်မာနိုင်ငံဘက်ကနေ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၈၀ ကျော်ကို အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အစိုးရအဖွဲ့က ဇန်နဝါရီ ၂၇ ရက်နေ့မှာ ဖမ်းဆီးရမိတယ်လို့ မဏိပူရ်ပြည်နယ် ဒေသဆိုင်ရာ သတင်းဌာနတွေရဲ့ ဖော်ပြထားချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #မဏိပူရ် #မြန်မာနိုင်ငံသား #ဖမ်းဆီးခံရမှု

Related posts

Leave a Comment

VOM News

FREE
VIEW