မုဒုံမြို့မှာ အမျိုးသမီး ၁၂ ဦးအပါအဝင် နိုင်ငံသား အထောက်အထားမဲ့ ၄၀ ဦးဖမ်းမိ 

ဖေဖော်ဝါရီ ၂၀-၂၀၂၃ 

MM(VOM) 

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ဝဲကလိကျေးရွာအုပ်စု ပိုင်ကွင်း အမှတ် (၉၀၂)မှာ အမျိုးသမီး ၁၂ ယောက်အပါအဝင် နိုင်ငံသား အထောက်အထားမဲ့သူ အယောက် ၄၀ ကို မနေ့ ဖေဖော်ဝါရီ ၁၉ ရက်က ဖမ်းမိခဲ့တယ်လို့ သက်ဆိုင်ရာကသိရပါတယ်။ 

”ဝင်လာတယ်လို့ သတင်းရတာကြောင့် ရဲတပ်ဖွဲ့နဲ့ စစ်တပ်ပါတဲ့သက်ဆိုင်ရာပူးပေါင်းအဖွဲ့တွေကဖမ်းတာ ၊ မနေ့က အားလုံး အယောက် ၄၀ ပါ ၊ မိန်းကလေး ၁၂ ယောက်ပါတယ်၊ ဖမ်းမိတဲ့သူတွေ အားလုံးကို ဥပဒေနဲ့ အညီဆက်လက်ဆောင်ရွက်သွားမှာ။”ဟု လုံခြုံရေးတာဝန်ရှိသူ တယောက်ကပြောပါတယ်။ 

ဖမ်းမိတဲ့ အထောက်အထားမဲ့ အယောက် ၄၀ ထဲမှာ 

အမျိုးသား ၂၅ ယောက် ၊ အမျိုးသမီး ၁၂ ယောက်နဲ့ 

ကလေး ၃ ယောက်ပါဝင်ပြီး လက်ရှိမှာ မုဒုံမြို့နယ်၊ ကမာ ဝက်နယ်မြေရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ 

ဖမ်းမိတဲ့ နိုင်ငံသားအထောက်အထားမဲ့ အယောက် ၄၀ ဟာ ရခိုင်ပြည်နယ်က လာတာလို့သိရပြီးသူတို့ဟာ ရန်ကုန်ကနေ တဆင့် မလေးရှားနိုင်ငံဘက်ကို

သွားဖို့ ထွက်လာကြတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဒီဇင်ဘာ ၅ ရက်ကလည်း မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ကမာဝက်ချောင်းဝမှာအမျိုးသမီး ၂၃ ယောက်နဲ့ ကလေး ၃ ယောက်အပါအဝင် နိုင်ငံသား အထောက်အထားမဲ့ ၇၈ ယောက် ဖမ်းဆီးရမိခဲ့သေးတယ် လို့ သိရပါတယ်။

#voiceofmyanmar #VOM #မုဒုံ #နိုင်ငံသားအထောက်အထားမဲ့ #ဖမ်းဆီရရှိမှု

Related posts

Leave a Comment

VOM News

FREE
VIEW