ထပ်ဆင့်အကယ်ဒမီ သီဟတင်စိုး နှလုံးရောဂါနဲ့ ကွယ်လွန်

ဖေဖော်ဝါရီ ၂၁ – ၂၀၂၃
SN (VOM)

ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာ ထပ်ဆင့်အကယ်ဒမီ သီဟတင်စိုးဟာ ဒီနေ့ ဖေဖေါ်ဝါရီ၂၁ ရက်မှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားပြီလို့ သိရပါတယ်။

ဒီနေ့ မနက်ပိုင်းမှာ နှလုံးဖောက်ခဲ့တဲ့အတွက် သင်္ဃန်းကျွန်း စံပြဆေးရုံကို ပို့ဆောင်စဉ် လမ်းမှာကွယ်လွန်သွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“အသက် ၅၅ နှစ်အရွယ်ရှိ ဒါရိုက်တာမင်းသားသီဟတင်စိုးသည် ဖေဖော်ဝါရီ ၂၁ ရက်နေ့က သင်္ဃန်းကျွန်းဆေးရုံမှာ ကွယ်လွန်အနိစ္စရောက်ကြောင်း သိရပါတယ်။ သရုပ်ဆောင်အကယ်ဒမီ သီဟတင်စိုးသည် ၂၀၀၀ ခုနှစ်က ငရဲသားဇာတ်ကားနဲ့ ဒါရိုက်တာနဲ့ အဓိကသရုပ်ဆောင် ထူးချွန်ဆုကို ရရှိခဲ့သူဖြစ်ပါတယ်။ သရုပ်ဆောင် သီဟတင်စိုး ကောင်းမွန်ရာဘုံဘဝရောက်ရှိပါစေ“ လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ (၁) ဦးအေးကြူလေး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ရုပ်ရှင်သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ သီဟတင်စိုးဟာ မြန်မာ့ရုပ်ရှင်လောက၊ မြန်မာ့ဗွီဒီယိုဇာတ်ကားတွေမှာ တော်လှန်ရေးဇာတ်ရုပ်နဲ့ နာမည်ကြီးခဲ့သူတဦး ဖြစ်ပါတယ်။

“ထပ်ဆင့်အကယ်ဒမီ ကိုသီဟတင်စိုး နှလုံးရောဂါနဲ့ ယနေ့ကွယ်လွန်သွားကြောင်း သိရလို့ ကျန်ရစ်သူမိသားစုဝင်တွေနဲ့အတူ အထူးဝမ်းနည်းစိတ်မကောင်း ဖြစ်ရပါတယ်။ သွားနှင့်တော့ ကိုသီဟရေ။
အကိုနဲ့ချိန်းထားတာတောင် မတွေ့ဆုံရတော့ဖူးပေါ့။ ကောင်းရာသုဂတိလားပါစေ။ ပြုမိသမျှ ကုသိုလ် အမျှဝေလိုက်ပါတယ်သာဓုခေါ်ပါ အကို“ လို့ ဝေဠုကျော်ဖောင်ဒေးရှင်းက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

သရုပ်ဆောင်၊ ဒါရိုက်တာ သီဟတင်စိုးရဲ့ ဇနီးဖြစ်သူ သရုပ်ဆောင် ဇင်မာဉီးဟာလည်း ၂၀၂၁ ခုနှစ်၊ မတ်လ ၁၁ ရက်က အဆုတ်ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပြီး ညီဖြစ်သူ ဒါရိုက်တာ ဉာဏတင်စိုးမှာလည်း ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်က နှလုံးရောဂါနဲ့ပဲ ကွယ်လွန်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ထပ်ဆင့်အကယ်ဒမီသီးဟတင်စိုး #နှလုံးရောဂါနဲ့ကွယ်လွန်

Related posts

Leave a Comment

VOM News

FREE
VIEW