ဆောင်းယွန်းယိုင်နွေ

ဆူးငှက် “….စံဖီရွှေသွယ်၊ ပျံ့လှယ်ဝတ်မှုန်မွှေး လေပြေတသွေးသွေး၊ စုံမြိုင်ခြေကျေးနှင့် ပန်းသာထွေ… ဆောင်းယွန်းယိုင်နွေ၊ လဝန်းရစ်ခါစွေ ရွက်ဝါကြွေ…နွေမူးမူး မိန်ရာသီ၊ ခါမှီလသာခေါင် မြလွှာမှောင်…. တောင်ခိုးမြူး….” မန္ဆလေးမှာက ဆောင်းအကုန် နွေအကူး အခုလို ကာလလေးက လွမ်းစရာ့ ရသတစ်မျိုးကို ပေးသည်။မြဝတီမင်းကြီး ဦးစက ဒီရာသီကို “ဘုံပျံနေနန်း” ပတ်ပျိုးကြီး၌ “ဆောင်းယွန်းယိုင်နွေ” ဟူသော စကားလုံးဖြင့် သုံးနှုန်းခဲ့၏။ ဆောင်းကား ခွာလေပြီ…။နွေဘက်သို့ ယိုင်လုလု။ မနက်လင်းအားကြီးမှာတော့ ခွာစဆောင်း၏ ချမ်းမြမြ အအေးက အစွမ်းပြသေးသည်။ သို့သော် ဆောင်းမပီတော့။ဆောင်း၏ အဆောင်အယောင် နှင်းဝတ်ရုံကား တောင်လေညှင်းတွင် ဥသြငှက်အသံသဲ့သဲ့ ကြားမိကတည်းက ပရုပ်လုံးဖြင့် ထုပ်ပိုး သိမ်းဆည်း ပြီးလောက်ပြီ။ ထို့ကြောင့်လည်း နေထွက်ပြူပြီး မကြာမီမှာပင် “လေဝန်းရစ်ကာခွေ”လာသည်။ ရွက်ဝါတို့လည်း လေဟုန်စီးကြတော့၏။ ပတ်ဝန်းကျင်သည် နေ၏ ပွင့်လင်းမှုနှင့်အတူ ဆောင်းငွေ့၏ စိုထိုင်းမှုဖြင့် ကြည်ကြည်လင်လင်…

Read More

ပြည်ပပို့ကုန်ရငွေ ကန့်သတ်ချက်ကနေ ကင်းလွတ်ခွင့်ရထားတဲ့ ဆန်၊ ဆန်ကွဲ ပို့ကုန်ရငွေ ၆၅ % ဗဟိုဘဏ်စျေးနဲ့လဲလှယ်ရမယ်လို့ သိရ

ဖေဖော်ဝါရီ ၂၁ – ၂၀၂၃ VG(VOM) ပြည်ပပို့ကုန်ရငွေ ကန့်သတ်ချက်တွေကနေ ကင်းလွတ်ခွင့်ရထားတဲ့ ဆန်နဲ့ ဆန်ကွဲ လည်း လာမယ့်မတ်လကစပြီး ပို့ကုန်ရငွေထဲက ၆၅ ရာခိုင်နူန်းကို ဗဟိုဘဏ်သတ်မှတ်စျေးနဲ့လဲလှယ်ရတော့မှာဖြစ်တယ်လို့သိရပါတယ်။ လုပ်ငန်းရှင်တွေ အနေနဲ့ ပို့ကုန် ရငွေ ၆၅ ရာခိုင်နူန်းကို တရက်အတွင်း ဗဟိုဘဏ်သတ်မှတ်နူန်းနဲ့လဲလှယ်ရမှာဖြစ်ပြီး ကျန် ၃၅ ရာခိုင်နူန်းကိုသာ ပြင်ပစျေးကွက် ပေါက်စျေးအတိုင်း လဲလှယ်ခွင့်ရှိတော့မှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီစနစ်သာ တကယ်ကျင့်သုံးပါက ဆန်ကုန်သည်လုပ်ငန်းရှင်တွေအနေနဲ့ ဆန်တအိတ်ကို ငွေကျပ် သောင်းဂဏန်းဝန်းကျင်နစ်နာမှုရှိတယ်လို့ သိရပါတယ်။ “ဖေဖော်ဝါရီ ၂၈ ရက်နောက်ပိုင်း မတ်လ ၁ ရက်နေ့ကစပြီး ဆန်နဲ့ဆန်ကွဲကိုလည်း တခြားကုန်ပစ္စည်းနည်းတူစနစ်နဲ့သွားမယ်လို့ကြားထားတယ်၊အတိအကျက သတင်းထုတ်ပြန်မှသိရမှာပဲ၊ဒါပေမယ့်တော်တော်လေးတော့သေချာသလောက်ဖြစ်နေပြီ၊ ၆၅ နဲ့ ၃၅ စနစ်နဲ့သွားရမယ်ဆိုရင် ဆန်တအိတ်ကို မြန်မာငွေ ၁၀၀၀၀ နစ်နာသွားနိုင်ပါတယ်”လို့ မူဆယ် ဆန်ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌဦးမင်းသိန်းကပြောပါတယ်။ ပို့ကုန်ရငွေ ကန့်သတ်ချက်ပြောင်းလဲမှုဟာ…

Read More

ဆောင်းအကုန် နွေအကူးကာလ ငွေနှင်းမှုန်ထူထပ်တဲ့ မြို့စစ်တွေ မနက်ခင်း

ဖေဖော်ဝါရီ ၂၁-၂၀၂၃ SW(VOM) အမှတ်မထင် နှင်းတွေထူထပ်စွာကျရောက်နေတဲ့ စစ်တွေမြို့ရဲ့ မနက်ခင်း စောစောပိုင်း ပတ်ဝန်းကျင်ကိုအလှဆင်ထားချိန် မြို့လူထုကို ငွေနှင်းမှုန်တွေက ဆီးကြိုနေပါတယ်။ စစ်တွေမြို့ရဲ့ မနက်စောစောအချိန်ဟာ ဆိုင်ကယ်၊ သုံးဘီး၊ အိန္ဒိယသုံးဘီးယာဥ်တွေနဲ့ မေယုလမ်းပေါ်က လမ်းသန့်ရှင်ရေးလုပ်နေတဲ့ မိမိတို့ရဲ့ တာဝန်တွေကိုယ်စီကို လုပ်ကိုင်နေကြရပါတယ်။ မြို့ပေါ် လမ်းတွေအားလုံး နှင်းမှုန်တွေနဲ့ အမြင်အာရုံ မရှင်းသလိုခံစားရပေမယ့် လမ်းသွားလမ်းလာ ယာဥ်တွေဆီကအလင်းရှိနေတာကြောင့် လှပတဲ့ မြင်ကွင်းတခု ဖြစ်လို့နေပါတယ်။ #voiceofmyanmar #VOM #ရခိုင်

Read More

ကျောက်ဆည်မြို့နယ်မှာ ပေါ့ဆမီးကြောင့် လူနေအိမ် ၂၅ လုံး မီးလောင်

ဖေဖော်ဝါရီ ၊ ၂၁ ၊ ၂၀၂၃ SP (VOM) မန္တလေးတိုင်း ၊ ကျောက်ဆည်မြို့နယ် ၊ မြောင်းဦးကျေးရွာမှာ မနေ့ ဖေဖော်ဝါရီ ၂၀ ရက် ညနေပိုင်းက မီးလောင်မှုဖြစ်ပွားရာ လူနေအိမ် ၂၅ လုံး မီးလောင်ခဲ့တယ်လို့ ကျောက်ဆည်ခရိုင် မီးသတ်ဦးစီးဌာနဆီက သိရပါတယ်။ ” မနေ့က ညနေ ၃ နာရီခွဲလောက်မှာ ကိုချစ်သဲမောင်ဆိုသူ နေအိမ်ကနေ မီးစတင်လောင်တယ် ၊ ပေါ့ဆမီးကနေ အခြားဘေးအိမ်တွေကို ကူးစက်လောင်တယ် ၊ လူနေအိမ် ၂၅ လုံး လောင်တယ် ၊လူ ၊ တိရစ္ဆာန် သေဆုံးတာ မရှိဘူး ၊ ည ၁၁ နာရီဝန်းကျင်မှာ အပြီးသတ် မီးငြိမ်နိုင်ခဲ့တယ် “လို့ မီးသတ်တပ်ဖွဲ့ဝင် တယောက်က ပြောပါတယ်။ အဲ့ဒါကြောင့် မီးစတင်လောင်ကျွမ်းခဲ့တဲ့ နေအိမ်ပိုင်ရှင်…

Read More

မန္တလေးမြို့ရှိ ခရိုင်တရားရုံး နဲ့ တိုင်းလွှတ်တော်ရုံးအနီး ပေါက်မှုဖြစ်ပွါးခဲ့

ဖေဖော်ဝါရီ ၂၁-၂၀၂၃ Voice Of Myanmar(VOM) မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ၆၅ လမ်း၊ ၃၃x၃၄ လမ်းကြား၊ မဟာအောင်မြေခရိုင်တရားရုံး ကားပါကင်အုတ်တံတိုင်းအနီးမှာ ဒီကနေ့မနက် ၁၀နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။ ” အသံမိုင်းလား ဗုံးလားမသိ ပေါက်တာ၊ ကျွန်တော်တို့ဆို ပြန်ပြေးလားရတာပဲ၊ ရုံးဖွင့်ချိန်ဆိုတော့ တချို့ကတော့မသိလိုက်ဘူး၊ ပေါက်ကွဲမှုဖြစ်တာကတော့ ဟုတယ်”လို့ တရာရုံးနဲ့နီးစပ်သူတဦးက VOMကိုပြောပါတယ်။ အဲ့ဒီပေါက်ကွဲမှုမှာ လူထိခိုက် ပျက်စီးဆုံးရှုံးမှုမရှိခဲ့ဘဲ ကီးပတ်ဖုန်း အပိုင်းအစ၊ ဆင်းကတ်၊ ဖုန်းဘထ္ထရီအပိုင်းအစနဲ့ ယမ်းကြိုးအပိုင်းအစတွေ တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။ ဒါ့အပြင် အောင်မြေသာစံမြို့နယ်၊ ဘုန်းတော်တိုးရပ်ကွက်ရှိ တိုင်းလွှတ်တော်ရုံးမှာလည်း ပေါက်ကွဲမှူဖြစ်ပွါးခဲ့တယ်လို့ လူမှုကွန်ယက်စာမျက်နှာ အချို့မှာတင်ပြထားတာကိုလည်း တွေ့ရပါတယ်။ #voiceofmyanmar #VOM #မန္တလေး #ပေါက်ကွဲမှု

Read More

ထပ်ဆင့်အကယ်ဒမီ သီဟတင်စိုး နှလုံးရောဂါနဲ့ ကွယ်လွန်

ဖေဖော်ဝါရီ ၂၁ – ၂၀၂၃ SN (VOM) ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာ ထပ်ဆင့်အကယ်ဒမီ သီဟတင်စိုးဟာ ဒီနေ့ ဖေဖေါ်ဝါရီ၂၁ ရက်မှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားပြီလို့ သိရပါတယ်။ ဒီနေ့ မနက်ပိုင်းမှာ နှလုံးဖောက်ခဲ့တဲ့အတွက် သင်္ဃန်းကျွန်း စံပြဆေးရုံကို ပို့ဆောင်စဉ် လမ်းမှာကွယ်လွန်သွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ “အသက် ၅၅ နှစ်အရွယ်ရှိ ဒါရိုက်တာမင်းသားသီဟတင်စိုးသည် ဖေဖော်ဝါရီ ၂၁ ရက်နေ့က သင်္ဃန်းကျွန်းဆေးရုံမှာ ကွယ်လွန်အနိစ္စရောက်ကြောင်း သိရပါတယ်။ သရုပ်ဆောင်အကယ်ဒမီ သီဟတင်စိုးသည် ၂၀၀၀ ခုနှစ်က ငရဲသားဇာတ်ကားနဲ့ ဒါရိုက်တာနဲ့ အဓိကသရုပ်ဆောင် ထူးချွန်ဆုကို ရရှိခဲ့သူဖြစ်ပါတယ်။ သရုပ်ဆောင် သီဟတင်စိုး ကောင်းမွန်ရာဘုံဘဝရောက်ရှိပါစေ“ လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ (၁) ဦးအေးကြူလေး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။ ရုပ်ရှင်သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ သီဟတင်စိုးဟာ မြန်မာ့ရုပ်ရှင်လောက၊ မြန်မာ့ဗွီဒီယိုဇာတ်ကားတွေမှာ…

Read More

အမေရိကန်သမ္မတဂျိုးဘိုင်ဒင် ယူကရိန်းကို မကြေညာဘဲသွားရောက်၊ ဒေါ်လာသန်း ၅၀၀ တန်ဖိုးရှိ စစ်ရေးအကူအညီထပ်ပေးမယ်လို့ ကတိပြု

ကိဗ်ယက်၊ ဖေဖော်ဝါရီ-၂၁-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်အနေနဲ့ ယူကရိန်းကို မပြောင်းမလဲထောက်ခံကြောင်းပြသတဲ့အနေနဲ့ သမ္မတဂျိုးဘိုင်ဒင်ဟာ ယူကရိန်းကို မကြေညာဘဲ ဖေဖော်ဝါရီ ၂၀ ရက်မှာ သွားရောက်ခဲ့ပါတယ်။ ယူကရိန်းကို ရုရှားကျူးကျော်တိုက်ခိုက်မှု ပထမဆုံးနှစ်ပတ်လည်မတိုင်ခင်မှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က အခုလိုသွားရောက်ခဲ့တာဖြစ်ပြီး ယူကရိန်းသမ္မတဇီလန်စကီးနဲ့ တွေ့ဆုံခဲ့ပါတယ်။ အမြောက်တွေအပါအ၀င် လက်နက်ခဲ့ယမ်းမီးကျောက် ဒေါ်လာသန်း ၅၀၀ တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းတွေ ယူကရိန်းထပ်ပေးမယ်လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကပြောပါတယ်။ ဒါ့အပြင် ရုရှားအပေါ် အရေးယူပိတ်ဆို့မှုတွေ ဆက်လက်လုပ်ဆောင်မယ်လို့လည်း သူကပြောပါတယ်။ ဒီခရီးစဉ်ဟာ ယူကရိန်းရဲ့ ဒီမိုကရေစီ၊ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုတွေကို အမေရိကန်က မယိုင်းမယိုင်ထောက်ခံနေကြောင်း ပြသဖို့ဖြစ်တယ်လို့ သူကပြောပါတယ်။ သမ္မတရဲ့ မကြေညာတဲ့ယူကရိန်းခရီးစဉ်ကို တာ၀န်ရှိသူလက်ဖက်စာလောက်ကနေ လအတန်ကြာကတည်းက ကြိုတင်စီစဉ်နေတာဖြစ်ပြီး ဂျိုးဘိုင်ဒင်ဟာ ပိုလန်ကနေ ၁၀ နာရီကြာရထားစီးပြီး ယူကရိန်းကိုသွားခဲ့တာလို့ အိမ်ဖြူတော်တာ၀န်ရှိသူတွေက ပြောပါတယ်။ Ref: NHK #voiceofmyanmar #VOM #က်ိဗ်ယက်

Read More

ခရီးသည်တင်ကားပေါ်က အမျိုးသားဆီကနေ ၅၀၀၀ တန်အတု သိန်း၅၀ ဖိုး ဖမ်းမိ

ဖေဖော်ဝါရီလ ၂၁ -၂၀၂၃ GG(VOM) မကွေးတိုင်း၊ငဖဲမြို့နယ်က စစ်ဆေးရေးဂိတ်မှာ ခရီးသည်တင်ကားပေါ်လိုက်ပါလာတဲ့ ခရီးသည် အမျိုးသားတဦးဆီက ငွေစက္ကူအတု ၅၀၀၀ တန်ချည်း သိန်း ၅၀ ကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ မနေ့ ဖေဖော်ဝါရီ၂၀ ရက်နေ့ညပိုင်းက ရွှေပြည်သစ်ခရီးသည်တင်ကားပေါ်ကနေ ရှာဖွေဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ငွေစက္ကူအတုတွေကို ထိုးမုန့်ဗူးတွေနဲ့ထည့်ပြီး သယ်ဆောင်လာတာဖြစ်တယ်လို့ သိရပါတယ်။ ” ကျနော်တို့သိတာတော့ ညက ၁၀ နာရီလောက် ပျဉ်းဝပူးပေါင်းစစ်ဆေးဂိတ်မှာစစ်ဆေးရင်းမိတာ၊ အမျိုးသားတဦးက ထိုးမုန့်ဗူး၇ဗူးထဲကိုပိုက်ဆံအတုတွေသယ်လာတာပေါ့။အကုန်လုံးက ၅၀၀၀ တန်ချည်းပဲ။”လို့ ငဖဲဒေသခံတဦးကပြောပါတယ်။ အဲ့ဒီကားဟာ ရန်ကုန်ကနေ စစ်တွေကို မောင်းနှင်လာတဲ့ ကားဖြစ်ကြောင်း၊ ငဖဲမြို့စစ်ဆေးရေးဂိတ်အရောက်မှာ ဂိတ်တာဝန်ကျလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကားပေါ်ကို မူးယစ်ဆေးဝါးနဲ့ တရားမဝင်ကုန်ပစ္စည်းတွေ သယ်ဆောင်လာတာရှိမရှိ စစ်ဆေးချိန် ငွေအတုတွေကိုဖမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ ငွေစက္ကူအတုတွေသယ်ဆောင်လာပြီး လက်ဝယ်အတူမိတဲ့ ဦးအောင်ကျော်ဆိုသူကို စစ်ဆေးမှုတွေလုပ်နေပြီး ဗဟိုဘဏ် ဥပဒေအရအရေးယူနိုင်ဖို့ဆောင်ရွက်နေတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ ၂၀၂၂ ခုနှစ် စက်တင်ဘာလတုန်းကလည်း…

Read More

မိုင်းဆတ်မှာ သိန်းပေါင်း ၂၆၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးတွေနဲ့ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိ

ဖေဖော်ဝါရီ ၂၁ -၂၀၂၃ GG(VOM) ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်ထဲက ရွာတရွာက နေအိမ်တအိမ်ကနေ ငွေကျပ် သိန်း ၂၆၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။ မနေ့ ဖေဖော်ဝါရီ၂၀ ရက်နေ့မှာ သတင်းပေးချက်အရ ပုံတပ်ကျေးရွာက ဦးအားချာ ဆိုသူနေအိမ်ကို ဝင်ရောက်ရှာဖွေစစ်ဆေးရာကနေ မူးယစ်ဆေးတွေနဲ့လက်နက်တွေဖမ်းမိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ” မိုင်းတွမ်တောင်ပေါ်ကျေးရွာအုပ်စု၊ ပါဟိုးကျေးရွာသွားလမ်းဘေးကအိမ်မှာ ဖမ်းမိတာလို့သိရတယ်၊သတင်းအတိအကျရလို့ ဝင်ဖမ်းတာပေါ့။သေနတ်တွေက ၇ လက်လို့ သိရတယ် ” လို့ မိုင်းဆတ်ဒေသခံတဦးကပြောပါတယ်။ ဖမ်းဆီးရမိတာတွေကတော့ စိတ်ကြွဆေးပြားပေါင်း ၆၅သိန်း၊လက်နက်တွေကတော့ ပွိုင့် ၂၂ သေနတ် ၄ လက်၊ M-16 သေနတ် ၁ လက်၊ ပြောင်းချော သေနတ် ၂ လက်၊ M-16 ကျည် ၂၂ တောင့်၊ ပွိုင့် ၂၂ ကျည်အိမ် ၃ ခု၊…

Read More

ငလျင်ကြောင့် လူသောင်းချီသေဆုံးခဲ့တဲ့ တူရကီမှာ နောက်ဆက်တွဲ အင်အားပြင်းမြေငလျင်နှစ်ကြိမ် လှုပ်ခတ်ပြန်

အန်ကာရာ၊ ဖေဖော်ဝါရီ-၂၁ မျိုးဆက်(VOM) အင်အားပြင်းမြေငလျင်လှုပ်ခတ်ခဲ့တဲ့ တူရကီနိုင်ငံမှာ နောက်ထပ်ငလျင်နှစ်ခု ဖေဖော်ဝါရီ ၂၀ ရက်မှာ ထပ်မံလှုပ်ခတ်ခဲ့တာကြောင့် လူသုံးဦးသေဆုံးခဲ့ပြီး ပိတ်မိနေသူတွေကို ကယ်ဆယ်ရေးသမားတွေက ရှာဖွေမှုတွေ ပြုလုပ်နေရပါတယ်။ ဖေဖော်ဝါရီ ၆ ရက်က အင်အားပြင်းမြေငလျင်လှုပ်ခတ်ခဲ့တဲ့ ဆီးရီးယားနယ်စပ်အနီးရှိ တူရကီအရှေ့တောင်ပိုင်းမှာ ပြင်းအား ၆ ဒသမ ၄ နဲ့ ၅ ဒသမ ၈ အဆင့်ရှိ နောက်ဆက်တွဲငလျင်တွေ ထပ်မံလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၂၀ ရက် ဒေသစံတော်ချိန် ည ၈နာရီ ၄ မိနစ်မှာ ပြင်းအား ၆ ဒသမ ၄ အဆင့်ရှိငလျင်လှုပ်ခတ်ခဲံ့ပြီး သုံးမိနစ်အကြာမှာတော့ ပြင်းအား ၅ ဒသမ ၈ အဆင့်ရှိနောက်ဆက်တွဲငလျင် လှုပ်ခတ်ခဲ့ကြောင်း တူရကီသဘာဝဘေးစီမံခန့်မှုအေဂျင်စီက ပြောပါတယ်။ နောက်ဆက်တွဲငလျင်တွေကြောင့် လူ ၂၁၃ ဦးဒဏ်ရာရရှိသွားကြောင်း တူရကီပြည်ထဲရေး၀န်ကြီးကပြောပါတယ်။ ဆီးရီးယားမှာတော့…

Read More
VOM News

FREE
VIEW