မိုင်းဆတ်မှာ သိန်းပေါင်း ၂၆၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးတွေနဲ့ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိ

ဖေဖော်ဝါရီ ၂၁ -၂၀၂၃
GG(VOM)

ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်ထဲက ရွာတရွာက နေအိမ်တအိမ်ကနေ ငွေကျပ် သိန်း ၂၆၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။

မနေ့ ဖေဖော်ဝါရီ၂၀ ရက်နေ့မှာ သတင်းပေးချက်အရ ပုံတပ်ကျေးရွာက ဦးအားချာ ဆိုသူနေအိမ်ကို ဝင်ရောက်ရှာဖွေစစ်ဆေးရာကနေ မူးယစ်ဆေးတွေနဲ့လက်နက်တွေဖမ်းမိခဲ့တာဖြစ်တယ်လို့သိရပါတယ်။

” မိုင်းတွမ်တောင်ပေါ်ကျေးရွာအုပ်စု၊ ပါဟိုးကျေးရွာသွားလမ်းဘေးကအိမ်မှာ ဖမ်းမိတာလို့သိရတယ်၊သတင်းအတိအကျရလို့ ဝင်ဖမ်းတာပေါ့။သေနတ်တွေက ၇ လက်လို့ သိရတယ် ” လို့ မိုင်းဆတ်ဒေသခံတဦးကပြောပါတယ်။

ဖမ်းဆီးရမိတာတွေကတော့ စိတ်ကြွဆေးပြားပေါင်း ၆၅သိန်း၊လက်နက်တွေကတော့ ပွိုင့် ၂၂ သေနတ် ၄ လက်၊ M-16 သေနတ် ၁ လက်၊ ပြောင်းချော သေနတ် ၂ လက်၊ M-16 ကျည် ၂၂ တောင့်၊ ပွိုင့် ၂၂ ကျည်အိမ် ၃ ခု၊ AK ကျည် ၅ တောင့်၊ M-16 ကျည်အိမ် ၁၃ ခု ဖြစ်တယ်လို့သိရပါတယ်။

နောက်ပြီး မူးယစ်ဆေးဝါးတွေနဲ့ အတူ အမျိုးသမီး ၂ ယောက်ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း၊လက်ရှိမှာအရေးယူနိုင်ဖို့အတွက် စစ်ဆေးမှုတွေလုပ်နေတယ်လို့သိရပါတယ်။

အလားတူ မနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ နမ့်ဟူးကျေးရွာက နေအိမ်တခုမှာ သိန်း၃၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀၀ ပြား နဲ့အတူအမျိုးသားတဦးကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။

နောက်ပြီး ကျိုင်းတုံမြို့နယ်၊ ဝမ်ကွမ်းကျေးရွာအနီးမှာလည်း ဆိုင်ကယ်စီးလာသူ အမျိုးသား ၂ ယောက်ဆီကနေ စိတ်ကြွရူးသွပ်ဆေးပြား ၂၄၀၀ ကိုဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၁၇ ရက်နေ့ကလည်း လွိုင်လင်မြို့နယ်၊ ပင်လုံ-လဲချားသွားကားလမ်း၊ ပင်လုံကျေးရွာအနီးမှာ ကားပေါ်ကနေ သိုဝှက်သယ်ဆောင်လာတဲ့ သိန်း ၁၂၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀၀၀ ပြား ဖမ်းဆီး ရမိခဲ့တယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #မိုင်းဆတ် #မူးယစ်ဆေးနဲ့လက်နက်ဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW