မန္တလေးမြို့ရှိ ခရိုင်တရားရုံး နဲ့ တိုင်းလွှတ်တော်ရုံးအနီး ပေါက်မှုဖြစ်ပွါးခဲ့

ဖေဖော်ဝါရီ ၂၁-၂၀၂၃
Voice Of Myanmar(VOM)

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ၆၅ လမ်း၊ ၃၃x၃၄ လမ်းကြား၊ မဟာအောင်မြေခရိုင်တရားရုံး ကားပါကင်အုတ်တံတိုင်းအနီးမှာ ဒီကနေ့မနက် ၁၀နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။

” အသံမိုင်းလား ဗုံးလားမသိ ပေါက်တာ၊ ကျွန်တော်တို့ဆို ပြန်ပြေးလားရတာပဲ၊ ရုံးဖွင့်ချိန်ဆိုတော့ တချို့ကတော့မသိလိုက်ဘူး၊ ပေါက်ကွဲမှုဖြစ်တာကတော့ ဟုတယ်”လို့ တရာရုံးနဲ့နီးစပ်သူတဦးက VOMကိုပြောပါတယ်။

အဲ့ဒီပေါက်ကွဲမှုမှာ လူထိခိုက် ပျက်စီးဆုံးရှုံးမှုမရှိခဲ့ဘဲ ကီးပတ်ဖုန်း အပိုင်းအစ၊ ဆင်းကတ်၊ ဖုန်းဘထ္ထရီအပိုင်းအစနဲ့ ယမ်းကြိုးအပိုင်းအစတွေ တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

ဒါ့အပြင် အောင်မြေသာစံမြို့နယ်၊ ဘုန်းတော်တိုးရပ်ကွက်ရှိ တိုင်းလွှတ်တော်ရုံးမှာလည်း ပေါက်ကွဲမှူဖြစ်ပွါးခဲ့တယ်လို့ လူမှုကွန်ယက်စာမျက်နှာ အချို့မှာတင်ပြထားတာကိုလည်း တွေ့ရပါတယ်။

#voiceofmyanmar #VOM #မန္တလေး #ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW