ခရီးသည်တင်ကားပေါ်က အမျိုးသားဆီကနေ ၅၀၀၀ တန်အတု သိန်း၅၀ ဖိုး ဖမ်းမိ

ဖေဖော်ဝါရီလ ၂၁ -၂၀၂၃
GG(VOM)

မကွေးတိုင်း၊ငဖဲမြို့နယ်က စစ်ဆေးရေးဂိတ်မှာ ခရီးသည်တင်ကားပေါ်လိုက်ပါလာတဲ့ ခရီးသည် အမျိုးသားတဦးဆီက ငွေစက္ကူအတု ၅၀၀၀ တန်ချည်း သိန်း ၅၀ ကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။

မနေ့ ဖေဖော်ဝါရီ၂၀ ရက်နေ့ညပိုင်းက ရွှေပြည်သစ်ခရီးသည်တင်ကားပေါ်ကနေ ရှာဖွေဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ငွေစက္ကူအတုတွေကို ထိုးမုန့်ဗူးတွေနဲ့ထည့်ပြီး သယ်ဆောင်လာတာဖြစ်တယ်လို့ သိရပါတယ်။

” ကျနော်တို့သိတာတော့ ညက ၁၀ နာရီလောက် ပျဉ်းဝပူးပေါင်းစစ်ဆေးဂိတ်မှာစစ်ဆေးရင်းမိတာ၊ အမျိုးသားတဦးက ထိုးမုန့်ဗူး၇ဗူးထဲကိုပိုက်ဆံအတုတွေသယ်လာတာပေါ့။အကုန်လုံးက ၅၀၀၀ တန်ချည်းပဲ။”လို့ ငဖဲဒေသခံတဦးကပြောပါတယ်။

အဲ့ဒီကားဟာ ရန်ကုန်ကနေ စစ်တွေကို မောင်းနှင်လာတဲ့ ကားဖြစ်ကြောင်း၊ ငဖဲမြို့စစ်ဆေးရေးဂိတ်အရောက်မှာ ဂိတ်တာဝန်ကျလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကားပေါ်ကို မူးယစ်ဆေးဝါးနဲ့ တရားမဝင်ကုန်ပစ္စည်းတွေ သယ်ဆောင်လာတာရှိမရှိ စစ်ဆေးချိန် ငွေအတုတွေကိုဖမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ငွေစက္ကူအတုတွေသယ်ဆောင်လာပြီး လက်ဝယ်အတူမိတဲ့ ဦးအောင်ကျော်ဆိုသူကို စစ်ဆေးမှုတွေလုပ်နေပြီး ဗဟိုဘဏ် ဥပဒေအရအရေးယူနိုင်ဖို့ဆောင်ရွက်နေတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ ၂၀၂၂ ခုနှစ် စက်တင်ဘာလတုန်းကလည်း မကွေးတိုင်း ၊ ကံမမြို့၊ ကံမသား ကားဂိတ်ကနေ မကွေးကိုပို့မယ့် ​ပါဆယ်ထုတ်နဲ့ ပါဆယ်ထုတ်ပို့သူ အမျိုးသမီးနေအိမ်ကနေ ၅၀၀၀ တန်ငွေအတု ၂၉၉ ရွက် နဲ့ ၁၀၀၀၀ တန်အတု ၂၀ကိုဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

၂၀၂၂ ခုနှစ်ကလည်း ငွေစက္ကူအတုပြုလုပ်သူ၊ရောင်းဝယ်ဖောက်ကားသူ၊ဖြန့်ချီသူ၊ လက်ဝယ်တွေ့ရှိသူတွေ အားလုံးကို ဗဟိုဘဏ်ဥပဒေ ၁၀၅/၁၀၆ အရအမှုဖွင့် အရေးယူကာ ထောင်ဒဏ်ချမှတ်ခဲ့သူတွေလည်းရှိထားပါတယ်။

#voiceofmyanmar #VOM #မကွေး #ငွေစက္ကူအတုတွေဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW