ပြည်ပပို့ကုန်ရငွေ ကန့်သတ်ချက်ကနေ ကင်းလွတ်ခွင့်ရထားတဲ့ ဆန်၊ ဆန်ကွဲ ပို့ကုန်ရငွေ ၆၅ % ဗဟိုဘဏ်စျေးနဲ့လဲလှယ်ရမယ်လို့ သိရ

ဖေဖော်ဝါရီ ၂၁ – ၂၀၂၃
VG(VOM)

ပြည်ပပို့ကုန်ရငွေ ကန့်သတ်ချက်တွေကနေ ကင်းလွတ်ခွင့်ရထားတဲ့ ဆန်နဲ့ ဆန်ကွဲ လည်း လာမယ့်မတ်လကစပြီး ပို့ကုန်ရငွေထဲက ၆၅ ရာခိုင်နူန်းကို ဗဟိုဘဏ်သတ်မှတ်စျေးနဲ့လဲလှယ်ရတော့မှာဖြစ်တယ်လို့သိရပါတယ်။

လုပ်ငန်းရှင်တွေ အနေနဲ့ ပို့ကုန် ရငွေ ၆၅ ရာခိုင်နူန်းကို တရက်အတွင်း ဗဟိုဘဏ်သတ်မှတ်နူန်းနဲ့လဲလှယ်ရမှာဖြစ်ပြီး ကျန် ၃၅ ရာခိုင်နူန်းကိုသာ ပြင်ပစျေးကွက် ပေါက်စျေးအတိုင်း လဲလှယ်ခွင့်ရှိတော့မှာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီစနစ်သာ တကယ်ကျင့်သုံးပါက ဆန်ကုန်သည်လုပ်ငန်းရှင်တွေအနေနဲ့ ဆန်တအိတ်ကို ငွေကျပ် သောင်းဂဏန်းဝန်းကျင်နစ်နာမှုရှိတယ်လို့ သိရပါတယ်။

“ဖေဖော်ဝါရီ ၂၈ ရက်နောက်ပိုင်း မတ်လ ၁ ရက်နေ့ကစပြီး ဆန်နဲ့ဆန်ကွဲကိုလည်း တခြားကုန်ပစ္စည်းနည်းတူစနစ်နဲ့သွားမယ်လို့ကြားထားတယ်၊အတိအကျက သတင်းထုတ်ပြန်မှသိရမှာပဲ၊ဒါပေမယ့်တော်တော်လေးတော့သေချာသလောက်ဖြစ်နေပြီ၊ ၆၅ နဲ့ ၃၅ စနစ်နဲ့သွားရမယ်ဆိုရင် ဆန်တအိတ်ကို မြန်မာငွေ ၁၀၀၀၀ နစ်နာသွားနိုင်ပါတယ်”လို့ မူဆယ် ဆန်ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌဦးမင်းသိန်းကပြောပါတယ်။

ပို့ကုန်ရငွေ ကန့်သတ်ချက်ပြောင်းလဲမှုဟာ ဆန်စျေးကွက်အပေါ် သက်ရောက်မှုရှိ၊မရှိကိုတော့ အ​ခြေအနေစောင့်ကြည့်ရမှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဆန်နဲ့ဆန်ကွဲက မူဆယ်နယ်စပ်ဂိတ်ကနေ တရုတ်ကို နေ့စဥ် တန်၅၀ ဆံ့ တင်းတထောင်ဆံ့တဲ့တွဲကား ၃၀ ကနေ ၄၀ကြားတင်ပို့နေကာ ပို့ကုန်ရငွေ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ် သတ်မှတ်နှုန်းနဲ့ ပြန်လည်လဲလည်ရမယ့်စနစ်မှာ ကင်းလွတ်ခွင့်ရနေ သေးတယ်လို့ သိရပါတယ်။

ဒါပေမယ့် နယ်စပ်ကနေ ပြည်ပကို တင်ပို့နေတဲ့ ပဲမျိုးစုံ (မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ ကုလားပဲ)၊ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း)၊ ပြောင်း၊ ရာဘာ၊ရေထွက်ပစ္စည်း (ငါးမျိုးစုံ၊ ပုဇွန်၊ ဂဏန်း၊ ငါးရှဉ့်) ၊ တိရစ္ဆာန်နဲ့ တိရစ္ဆာန်ထွက်ပစ္စည်း (ကျွဲအရှင်၊ နွားအရှင်၊ ဆိတ်အရှင်၊ ကျွဲ သားရေ၊ နွားသားရေ၊ ဆိတ်သားရေး အမဲသားနှင့် အသားခြောက်)တွေကတော့ ပို့ကုန်ရငွေ ၆၅ % ဗဟိုဘဏ်သတ်မှတ်စျေးနဲ့ လဲလှယ်ရမယ့်စနစ်ကို ကျင့်သုံးနေရတယ်လို့ သိရပါတယ်။

ပို့ကုန် လုပ်ငန်းလုပ်ကိုင်သူတွေကို နယ်စပ်ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာအပြင် တရုတ်ယွမ်‌ငွေ၊ ထိုင်းဘတ်ငွေနဲ့ အိန္ဒိယရူပီး နိုင်ငံခြားငွေတိုက်ရိုက်ငွေပေးချေ ခွင့်ပြုထားတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ဆန်၊ဆန်ကွဲ #ဗဟိုဘဏ်စျေးနဲ့လဲလှယ်ရမယ်

Related posts

Leave a Comment

VOM News

FREE
VIEW