ကျောက်ဆည်မြို့နယ်မှာ ပေါ့ဆမီးကြောင့် လူနေအိမ် ၂၅ လုံး မီးလောင်

ဖေဖော်ဝါရီ ၊ ၂၁ ၊ ၂၀၂၃
SP (VOM)

မန္တလေးတိုင်း ၊ ကျောက်ဆည်မြို့နယ် ၊ မြောင်းဦးကျေးရွာမှာ မနေ့ ဖေဖော်ဝါရီ ၂၀ ရက် ညနေပိုင်းက မီးလောင်မှုဖြစ်ပွားရာ လူနေအိမ် ၂၅ လုံး မီးလောင်ခဲ့တယ်လို့ ကျောက်ဆည်ခရိုင် မီးသတ်ဦးစီးဌာနဆီက သိရပါတယ်။

” မနေ့က ညနေ ၃ နာရီခွဲလောက်မှာ ကိုချစ်သဲမောင်ဆိုသူ နေအိမ်ကနေ မီးစတင်လောင်တယ် ၊ ပေါ့ဆမီးကနေ အခြားဘေးအိမ်တွေကို ကူးစက်လောင်တယ် ၊ လူနေအိမ် ၂၅ လုံး လောင်တယ် ၊လူ ၊ တိရစ္ဆာန် သေဆုံးတာ မရှိဘူး ၊ ည ၁၁ နာရီဝန်းကျင်မှာ အပြီးသတ် မီးငြိမ်နိုင်ခဲ့တယ် “လို့ မီးသတ်တပ်ဖွဲ့ဝင် တယောက်က ပြောပါတယ်။

အဲ့ဒါကြောင့် မီးစတင်လောင်ကျွမ်းခဲ့တဲ့ နေအိမ်ပိုင်ရှင် ဦးချစ်သဲမောင် ဆိုသူကို ကျောက်ဆည်ခရိုင် မီးသတ်တပ်ဖွဲ့က ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ အရ အရေးယူထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် မနေ့ညပိုင်းကလည်း မန္တလေး၊ချမ်းအေးသာစံမြို့နယ် ၃၃လမ်း×၇၁လမ်း မှာ မီးလောင်မှုဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ကျောက်ဆည် #မီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW