အမေရိကန်သမ္မတဂျိုးဘိုင်ဒင် ယူကရိန်းကို မကြေညာဘဲသွားရောက်၊ ဒေါ်လာသန်း ၅၀၀ တန်ဖိုးရှိ စစ်ရေးအကူအညီထပ်ပေးမယ်လို့ ကတိပြု

ကိဗ်ယက်၊ ဖေဖော်ဝါရီ-၂၁-၂၀၂၃
မျိုးဆက်(VOM)

အမေရိကန်အနေနဲ့ ယူကရိန်းကို မပြောင်းမလဲထောက်ခံကြောင်းပြသတဲ့အနေနဲ့ သမ္မတဂျိုးဘိုင်ဒင်ဟာ ယူကရိန်းကို မကြေညာဘဲ ဖေဖော်ဝါရီ ၂၀ ရက်မှာ သွားရောက်ခဲ့ပါတယ်။

ယူကရိန်းကို ရုရှားကျူးကျော်တိုက်ခိုက်မှု ပထမဆုံးနှစ်ပတ်လည်မတိုင်ခင်မှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က အခုလိုသွားရောက်ခဲ့တာဖြစ်ပြီး ယူကရိန်းသမ္မတဇီလန်စကီးနဲ့ တွေ့ဆုံခဲ့ပါတယ်။

အမြောက်တွေအပါအ၀င် လက်နက်ခဲ့ယမ်းမီးကျောက် ဒေါ်လာသန်း ၅၀၀ တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းတွေ ယူကရိန်းထပ်ပေးမယ်လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကပြောပါတယ်။

ဒါ့အပြင် ရုရှားအပေါ် အရေးယူပိတ်ဆို့မှုတွေ ဆက်လက်လုပ်ဆောင်မယ်လို့လည်း သူကပြောပါတယ်။ ဒီခရီးစဉ်ဟာ ယူကရိန်းရဲ့ ဒီမိုကရေစီ၊ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုတွေကို အမေရိကန်က မယိုင်းမယိုင်ထောက်ခံနေကြောင်း ပြသဖို့ဖြစ်တယ်လို့ သူကပြောပါတယ်။

သမ္မတရဲ့ မကြေညာတဲ့ယူကရိန်းခရီးစဉ်ကို တာ၀န်ရှိသူလက်ဖက်စာလောက်ကနေ လအတန်ကြာကတည်းက ကြိုတင်စီစဉ်နေတာဖြစ်ပြီး ဂျိုးဘိုင်ဒင်ဟာ ပိုလန်ကနေ ၁၀ နာရီကြာရထားစီးပြီး ယူကရိန်းကိုသွားခဲ့တာလို့ အိမ်ဖြူတော်တာ၀န်ရှိသူတွေက ပြောပါတယ်။

Ref: NHK
#voiceofmyanmar #VOM #က်ိဗ်ယက်

Related posts

Leave a Comment

VOM News

FREE
VIEW