မိုင်ပေါင်း ၁၀၀၀ ကျော်ထိ ပစ်ခတ်နိုင်တဲ့ ခရုဇ်ဒုံးကျည်သစ်ကို တီထွင်လိုက်ကြောင်း အီရန်စစ်တပ်ကြေညာ

တီဟီရန်၊ ဖေဖော်ဝါရီ-၂၅-၂၀၂၃ မျိုးဆက်(VOM) အီရန်ဟာ မိုင်ပေါင်း ၁၀၂၅ ထိခရီးရောက် ပစ်ခတ်နိုင်တဲ့ တာဝေးပစ်ခရုဇ်ဒုံးကျည်သစ်ကို တီထွင်နိုင်ခဲ့ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ယူကရိန်းစစ်ပွဲမှာ ရုရှားကို မောင်းသူမဲ့လေယာဉ်တွေ အီရန်ကထောက်ပံ့နေတယ်ဆိုတဲ့ကိစ္စကြောင့် အနောက်အုပ်စုရဲ့ စိုးရိမ်ပူပန်မှုတွေရှိနေချိန်မှာ ခရုဇ်ဒုံးကျည်သစ်တီထွင်နိုင်မှုအပေါ် အီရန်က ထုတ်ဖော်ကြေညာလိုက်တာဖြစ်ပါတယ်။ မိုင်ပေါင်း ၁၀၂၅ အကွာအဝေးထိပစ်ခတ်နိုင်တဲ့ အဲဒီခရုဇ်ဒုံးကျည်ကို အီရန်စစ်တပ်ရဲ့ ပစ်ခတ်စင်မှာ တပ်ဆင်ထားပြီးဖြစ်တယ်လို့ အီရန်အာကာသတပ်ဖွဲ့ရဲ့ အကြီးအကဲ Amirali Hajizadeh ကပြောပါတယ်။ အီရန်တော်လှန်ရေးအစောင့်တပ်က ထိပ်တန်းတပ်မှူးဖြစ်သူ ဆိုလိုင်မာနီကို အီရတ်နိုင်ငံ ဘဂ္ဂဒက်လေဆိပ်အနီးမှာ အမေရိကန်က မောင်းသူမဲ့လေယာဉ်နဲ့ သုတ်သင်သတ်ဖြတ်ခဲ့တဲ့အပေါ် လက်စားချေမယ်လို့သူက မကြာခဏထုတ်ဖော်ပြောဆိုထားသူဖြစ်ပါတယ်။ အီရန်ဟာ ၂၀၁၅ နျူကလီးယားသဘောတူစာချုပ်မှ သွေဖယ်ကာ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေကို တိုးချဲ့ပြုလုပ်နေပြီး အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က အရေးယူပိတ်ဆို့မှုတွေ ချမှတ်ထားပါတယ်။ Ref: Reuters Photo: Reuters #voiceofmyanmar #VOM…

Read More

ကမ္ဘောဒီးယားမှာ ကြက်ငှက်တုပ်ကွေးရောဂါ လူကိုကူးစက်ပြီး မိန်းကလေးတဦး သေဆုံး

ဖနွမ်းပင် ၊ ဖေဖော်ဝါရီ-၂၅-၂၀၂၃ မျိုးဆက်(VOM) ကမ္ဘောဒီးယားနိုင်ငံမှာ ကိုးနှစ်အတွင်းပထမဆုံးအကြိမ်အဖြစ် ကြက်ငှက်တုပ်ကွေးရောဂါကြောင့် အသက် ၁၁ နှစ်အရွယ်မိန်းကလေးတဦး သေဆုံးသွားကြောင်း တာ၀န်ရှိသူတွေက ဖေဖော်ဝါရီ ၂၄ ရက်မှာ အတည်ပြုပြောဆိုပါတယ်။ ပရေးဗန်ပြည်နယ် ကျေးလက်ဒေသမှ အဆိုပါမိန်းကလေးဟာ H5N1 ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် အဖျားတက်ခြင်း၊ ချောင်းဆိုးခြင်းနဲ့ လည်ချောင်းနာခြင်းများကို ခံစားခဲ့ရကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ အဲဒီမိန်းကလေးကို ဖနွမ်းပင်ရှိဆေးရုံပို ပို့ဆောင်ခဲ့ကြသော်လည်း ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ် ကူးစက်နေကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် များမကြာမီ သေဆုံးသွားခဲ့ပါတယ်။ လက်ရှိမှာတော့ သူ့ရဲ့ဖခင်ဖြစ်သူနဲ့ အခြား ၁၁ ဦးမှာလည်း ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ခံနေရတာကို တွေ့ရှိခဲ့ကြောင်း ကမ္ဘောဒီးယားကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အခုကူးစက်မှုတွေဟာ ကမ္ဘောဒီးယားနိင်ငံမှာ ၂၀၁၄ ခုနှစ်နေုာက်ပိုင်း H5N1 ဗိုင်းရပ်စ် လူသားတွေကို ပထမဆုံးကူးစက်မှုဖြစ်ကြောင်း ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပြီး ကြက်ငှက်တွေကို ထိတွေ့ကိုင်တွယ်ခြင်းမပြုဖို့ သတိပေးထားပါတယ်။ Ref: BBC Photo:Getty…

Read More

ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး အဆိုပြုချက် တရုတ်ကြေညာ၊ သမ္မတရှိကျင်းပင်နဲ့ ဆွေးနွေးလိုကြောင်း ယူကရိန်းသမ္မတပြော

ကိဗ်ယက်၊ ဖေဖော်ဝါရီ-၂၅-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် အချက် ၁၂ ချက်ပါအဆိုပြုချက်ကို တရုတ်နိုင်ငံက ထုတ်ပြန်လိုက်ပြီး အဲဒီအစီအစဉ်နဲ့ပတ်သက်ပြီး တရုတ်သမ္မတရှိင်္ကျင်းပင်နှင့် ဆွေးနွေးလိုကြောင်း ယူကရိန်းသမ္မတဇီလန်စကီးက ထုတ်ဖော်ပြောဆိုလိုက်သည်။ ယူကရိန်းကို ရုရှားရဲ့ကျူးကျော်မှု တနှစ်ပြည့်အချိန်တွင် စစ်ပွဲအဆုံးသတ်ရေးအဆိုပြုချက်ကို တရုတ်နိုင်ငံက ထုတ်ပြန်လိုက်တာဖြစ်ပြီး တရုတ်နိုင်ငံဟာ ငြိမ်းချမ်းရေးရရှိရေး ပါ၀င်လိုနေပြီး ရုရှားကို လက်နက်တွေထောက်ပံ့မှုပြုဆိုတာကို ယုံကြည်ချင်ကြောင်း ယူကရိန်းသမ္မတက ပြောပါတယ်။ အချက် ၁၂ ချက်ပါ အဆိုပြုချက်မှာတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ နိုင်ငံအချုပ်အခြာအာဏာတွေကို လေးစားဖို့ တောင်းဆိုထားပြီး ယူကရိန်းကနေ ရုရှားတပ်တွေ ရုပ်သိမ်းရမယ်လို့တော့ တိတိပပဖော်ပြထားခြင်း မရှိပါဘူး။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး တရုတ်သမ္မတရှိင်္ကျင်းပင်နဲ့ ထိပ်သီးဆွေးနွေးဖို့ ယူကရိန်းသမ္မတဇီလန်စကီးရဲ့ တောင်းဆိုမှုကို တရုတ်ဘက်က တရား၀င်တုံ့ပြန်တာမျိုးမရှိသေးပါဘူး။ တရုတ်အဆိုပြုထားတဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို ရုရှားကတော့ ကြိုဆိုလိုက်ပါတယ်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကတော့ ဒီအစီအစဉ်ဟာ ရုရှားကလွဲပြီးဘယ်သူ့ကိုမှ အကျိုးမရှိစေဘူးလို့ ဝေဖန်ပြောဆိုထားပါတယ်။ Ref: BBC Photo:AFP…

Read More

မြန်မာ – အိန္ဒိယ နယ်စပ်ကုန်သည် ၁ ဦးဆီက ရွှေချောင်း ၄၀ ကျော် ဖမ်းဆီးရမိ

ဖေဖော်ဝါရီ ၊ ၂၅ ၊ ၂၀၂၃ SP (VOM) မြန်မာ – အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး မြို့ဖြစ်တဲ့ အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ် ၊ တင်နိုပယ်ခရိုင် ၊ မိုးရေးမြို့မှာ မနေ့ ဖေဖော်ဝါရီ ၂၄ ရက်က မြန်မာ – အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး စီးပွားရေးလုပ်ငန်းရှင် ၁ ဦးဆီကနေ ရွှေချောင်း ၄၀ ကျော်ကို မိုးရေးမြို့ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ နယ်စပ်ကုန်သွယ်ရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” အမှတ် ၅ အာသံ ရိုင်ဖယ် တပ် (AR ) က ၊ Lhunkhopao မှာ ဖမ်းဆီးလိုက်တာဖြစ်တယ် ၊ အဖမ်းခံရတဲ့ အိန္ဒိယ နယ်စပ်ကုန်သည်က ၊ Haizang ရွာမှာနေထိုင်တဲ့ ဦးလွန်ခိုပေါင်…

Read More

လမ်းပြောင်းပြန်မောင်းလာတဲ့ကားက ဆိုင်ကယ်ကိုဝင်တိုက်မိလို့ ဆိုင်ကယ်စီးလာတဲ့ မိသားစု ၄ ဦးသေဆုံး

ဖေဖော်ဝါရီ ၂၅ – ၂၀၂၃ SN (VOM) ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်မှာ မနေ့ ဖေဖော်ဝါရီ ၂၄ ရက် ည ၉ နာရီဝန်းကျင်က လမ်းပြောင်းပြန်မောင်းလာတဲ့ကားက ဆိုင်ကယ်တစီးကို ဝင်တိုက်မိလို့ ဆိုင်ကယ်စီးလာတဲ့ မိသားစုဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ ကုသိုလ်တော် (ပါလေရာ)လူမှုကူညီရေးအသင်းက သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ ရွှေပေါက္ကံမြို့သစ်ရှိ ပုဂံလမ်းမကြီးပေါ်က မော်ကျွန်းကားမှတ်တိုင်အနီး၊ မြို့နယ်လျှပ်စစ်ရုံးရှေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦး စီးနင်းလိုက်ပါလာတဲ့ ဆိုင်ကယ်နဲ့ လမ်းပြောင်းပြန်မောင်းလာတဲ့ ကားတို့ တိုက်မိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “အမျိုးသား နှစ်ယောက်နဲ့ အမျိုးသမီး တယောက်က အခင်းဖြစ်တဲ့နေရာမှာပဲ ပွဲချင်းပြီး သေတာ။ အသက် ၆ နှစ်အရွယ် ကလေးမလေးကတော့ မေဓါဝီဆေးရုံရောက်ပြီးမှ သေတာ။ တိုက်တဲ့ကားက သူတို့ဆိုင်ကယ်ကိုတိုက်ပြီး…

Read More

နာရီစင် နှင့် တစ်ခေါ်ဝန်းကျင်

ဆူးငှက် မန္တလေး၏အထင်ကရ ၈၄လမ်း သို့မဟုတ် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးကို ၂၂စီလမ်းက စတင်သည်ဟု မည်သို့ပင် ဆိုစေကာမူ နာရီစင်ဈေးချိုမှ စသည်ဟုပဲ ကျွန်တော့်စိတ်ထဲမှာ စွဲမှတ်နေသည်။ ယခင်က ဈေးချိုရှိ ၈၄လမ်းမကြီး အလယ်ခေါင်တွင် ကုက္ကိုပင်ကြီးတွေ ရှိခဲ့ဖူးသတဲ့။ သို့သော် ကျွန်တော် မမှတ်မိ။ နာရီစင်၏မြောက်ဘက် ၈၄လမ်းမပေါ် (၂၅/၂၆)လမ်းကြားမှာတော့ ယခင်က နာမည်ကျော် ဗန္ဓုလသင်္ကန်းတိုက်ကြီး ရှိ၏။ ဦးဆိုင်၏ ဗန္ဓုလသင်္ကန်းသည် ၁၃၀၀ပြည့်နှစ်လောက်ဆီက ပေါ်ပေါက်ခဲ့ပါသည်။ သင်္ကန်းတိုက်ကြီးပါ်မှာ ယခင်က ဆင်းကားစက် အလုံး၁၀၀ကျော်နှင့် သင်္ကန်းများ ချုပ်သည်။ ထို့ပြင် နဘဲကြူးရပ်မှာ အရှေ့ပြင် နန်းရှေ့မှာလည်း သင်္ကန်းချုပ်သော အလုပ်ရုံခွဲတွေ ရှိဖူးသည်။ ဦးဆိုင်၏ ဗန္ဓုလသင်္ကန်းသည် ဝိနည်းနှင့်လည်းညီဟော်လန် ပိတ်အုပ်ကိုလည်း သုံး၊ ဆေးရောင်လည်းမှန်၊ ခိုင်လည်းခိုင်သောကြောင့် သံဃာတော်တိုင်းက လက်မလွတ်စတမ်း သုံးစွဲကြလေ၏။ ထိုခေတ်က ဗန္ဓုလသင်္ကန်း နာမည်ကျော်ပုံမှာဖြင့် လေဘာတီမမြရင်၏…

Read More
VOM News

FREE
VIEW