မိုင်ပေါင်း ၁၀၀၀ ကျော်ထိ ပစ်ခတ်နိုင်တဲ့ ခရုဇ်ဒုံးကျည်သစ်ကို တီထွင်လိုက်ကြောင်း အီရန်စစ်တပ်ကြေညာ

တီဟီရန်၊ ဖေဖော်ဝါရီ-၂၅-၂၀၂၃
မျိုးဆက်(VOM)

အီရန်ဟာ မိုင်ပေါင်း ၁၀၂၅ ထိခရီးရောက် ပစ်ခတ်နိုင်တဲ့ တာဝေးပစ်ခရုဇ်ဒုံးကျည်သစ်ကို တီထွင်နိုင်ခဲ့ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ယူကရိန်းစစ်ပွဲမှာ ရုရှားကို မောင်းသူမဲ့လေယာဉ်တွေ အီရန်ကထောက်ပံ့နေတယ်ဆိုတဲ့ကိစ္စကြောင့် အနောက်အုပ်စုရဲ့ စိုးရိမ်ပူပန်မှုတွေရှိနေချိန်မှာ ခရုဇ်ဒုံးကျည်သစ်တီထွင်နိုင်မှုအပေါ် အီရန်က ထုတ်ဖော်ကြေညာလိုက်တာဖြစ်ပါတယ်။

မိုင်ပေါင်း ၁၀၂၅ အကွာအဝေးထိပစ်ခတ်နိုင်တဲ့ အဲဒီခရုဇ်ဒုံးကျည်ကို အီရန်စစ်တပ်ရဲ့ ပစ်ခတ်စင်မှာ တပ်ဆင်ထားပြီးဖြစ်တယ်လို့ အီရန်အာကာသတပ်ဖွဲ့ရဲ့ အကြီးအကဲ Amirali Hajizadeh ကပြောပါတယ်။

အီရန်တော်လှန်ရေးအစောင့်တပ်က ထိပ်တန်းတပ်မှူးဖြစ်သူ ဆိုလိုင်မာနီကို အီရတ်နိုင်ငံ ဘဂ္ဂဒက်လေဆိပ်အနီးမှာ အမေရိကန်က မောင်းသူမဲ့လေယာဉ်နဲ့ သုတ်သင်သတ်ဖြတ်ခဲ့တဲ့အပေါ် လက်စားချေမယ်လို့သူက မကြာခဏထုတ်ဖော်ပြောဆိုထားသူဖြစ်ပါတယ်။

အီရန်ဟာ ၂၀၁၅ နျူကလီးယားသဘောတူစာချုပ်မှ သွေဖယ်ကာ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေကို တိုးချဲ့ပြုလုပ်နေပြီး အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က အရေးယူပိတ်ဆို့မှုတွေ ချမှတ်ထားပါတယ်။

Ref: Reuters
Photo: Reuters
#voiceofmyanmar #VOM #တီဟီရန်

Related posts

Leave a Comment

VOM News

FREE
VIEW