ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး အဆိုပြုချက် တရုတ်ကြေညာ၊ သမ္မတရှိကျင်းပင်နဲ့ ဆွေးနွေးလိုကြောင်း ယူကရိန်းသမ္မတပြော

ကိဗ်ယက်၊ ဖေဖော်ဝါရီ-၂၅-၂၀၂၃
မျိုးဆက်(VOM)

ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် အချက် ၁၂ ချက်ပါအဆိုပြုချက်ကို တရုတ်နိုင်ငံက ထုတ်ပြန်လိုက်ပြီး အဲဒီအစီအစဉ်နဲ့ပတ်သက်ပြီး တရုတ်သမ္မတရှိင်္ကျင်းပင်နှင့် ဆွေးနွေးလိုကြောင်း ယူကရိန်းသမ္မတဇီလန်စကီးက ထုတ်ဖော်ပြောဆိုလိုက်သည်။

ယူကရိန်းကို ရုရှားရဲ့ကျူးကျော်မှု တနှစ်ပြည့်အချိန်တွင် စစ်ပွဲအဆုံးသတ်ရေးအဆိုပြုချက်ကို တရုတ်နိုင်ငံက ထုတ်ပြန်လိုက်တာဖြစ်ပြီး တရုတ်နိုင်ငံဟာ ငြိမ်းချမ်းရေးရရှိရေး ပါ၀င်လိုနေပြီး ရုရှားကို လက်နက်တွေထောက်ပံ့မှုပြုဆိုတာကို ယုံကြည်ချင်ကြောင်း ယူကရိန်းသမ္မတက ပြောပါတယ်။

အချက် ၁၂ ချက်ပါ အဆိုပြုချက်မှာတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ နိုင်ငံအချုပ်အခြာအာဏာတွေကို လေးစားဖို့ တောင်းဆိုထားပြီး ယူကရိန်းကနေ ရုရှားတပ်တွေ ရုပ်သိမ်းရမယ်လို့တော့ တိတိပပဖော်ပြထားခြင်း မရှိပါဘူး။

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး တရုတ်သမ္မတရှိင်္ကျင်းပင်နဲ့ ထိပ်သီးဆွေးနွေးဖို့ ယူကရိန်းသမ္မတဇီလန်စကီးရဲ့ တောင်းဆိုမှုကို တရုတ်ဘက်က တရား၀င်တုံ့ပြန်တာမျိုးမရှိသေးပါဘူး။

တရုတ်အဆိုပြုထားတဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို ရုရှားကတော့ ကြိုဆိုလိုက်ပါတယ်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကတော့ ဒီအစီအစဉ်ဟာ ရုရှားကလွဲပြီးဘယ်သူ့ကိုမှ အကျိုးမရှိစေဘူးလို့ ဝေဖန်ပြောဆိုထားပါတယ်။

Ref: BBC
Photo:AFP
#voiceofmyanmar #VOM #ကိဗ်ယက်

Related posts

Leave a Comment

VOM News

FREE
VIEW