မြောင်နယ်မှာ တပတ်ကျော်ကြာ စစ်ရှောင်နေရလို့ ဒေသခံတွေ အခက်အခဲများစွာတွေ့နေ့

မတ် ၂၀-၂၀၂၃
Voice Of Myanmar(VOM)

ပြီးခဲ့ မတ်လ (၁၂) ရက်နေ့ကစပြီး (၁၈) ရက်နေ့အထိ တပတ်ကြာ မြောင်နယ်အတွင်းက ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

အခုလိုထွက်ပြေးတိမ်းရှောင်ရတဲ့အခါ အရင်တုန်းက ဘုန်းကြီးကျောင်းတွေ၊စာသင်ကျောင်းတွေမှာ ခိုလှုံကြရပေမယ့် ဒီတခါမှာတော့ စာသင်ကျောင်း၊ဘုန်းကြီးကျောင်းတွေလည်း လုံခြုံမှုမရှိတော့သလို လုံခြုံတဲ့ ဘုန်းကြီးကျောင်းစာသင်ကျောင်းတွေမှာလည်း တနယ်လုံးက စစ်ရှောင်တွေပြည့်နေတာကြောင့် တောထဲက အရိပ်ကောင်းတဲ့သစ်ပင်အောက်တွေမှာ ဖြစ်သလိုနေထိုင်ခဲ့ကြရတယ်လို့ ဒေသခံတွေကပြောပါတယ်၊

အခုလိုနေထိုင်ခဲ့ကြရတာကြောင့် တချို့သက်ကြီးရွယ်အိုနဲ့ကလေးသူငယ်တွေမှာကျန်းမာရေးချို့တဲ့မှုတွေလည်းရှိခဲ့နေတဲ့အပြင် အရင်တုန်းက စစ်ရှောင်ရတဲ့အခါ တောင်ကလာရင် မြောက်ရွာပြေးကာ ရောက်တဲ့ရွာကကျွေး၊ အစားအသောက်အတွက် မပူပင်ခဲ့ရပေမယ့် အခုတခါမှာတော့ တနယ်လုံးနီးပါးတိမ်းရှောင်ကြရတာကြောင့် အစားအသောက်အခက်အခဲတွေလည်းရှိခဲ့ပါတယ်၊

တချို့တနေ့လုပ်တနေ့စားမိသားစုတွေဆိုရင် ‌စစ်ရှောင်ရက်ရှည်ကြာလာတာကြောင့် စားဝတ်နေရေးကျပ်တည်းမှုတွေက ကျန်ခဲ့ပါသေးတယ်။

ဒါ့ကြောင့်နှစ်ဖက်လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ပြည်သူလူထုအတွက်တိုက်ခိုက်နေကြတယ်ဆိုရင် အပြစ်မဲ့တဲ့ပြစ်သူတွေ အခက်အခဲဒုက္ခမရာက်နိုင်မဲ့နည်းလမ်းတွေနဲ့တိုက်ခိုက်ဖြေရှင်းကြပါလို့ မြောင်နယ်ဒေသခံတဦးက တောင်းဆိုထားပါတယ်။

#voiceofmyanmar #VOM #မြောင် #စစ်ဘေးရှောင်

Related posts

Leave a Comment

VOM News

FREE
VIEW