ဂျာမနီမှာ အလုပ်သမားတွေသပိတ်ကြောင့် သယ်ယူပို့ဆောင်ရေးတွေ ရပ်ဆိုင်းလုနီးဖြစ်နေ

ဘာလင်၊ မတ်-၂၇-၂၀၂၃
မျိုးဆက်(VOM)

ဂျာမနီနိုင်ငံရဲ့ အကြီးဆုံးအလုပ်သမားသမဂ္ဂနှစ်ခုသပ်ိတ်မှောက်မှုကြောင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးတွေ မတ် ၂၇ ရက်မှာ ရပ်တန့်လုနီးပါးဖြစ်နေပါတယ်။

နိုင်ငံတွင်းမှာ လူနေမှုစရိတ်တွေကြီးမြင့်လာခြင်းကြောင့် အလုပ်သမားတွေလုပ်ခလစာတွေကို တိုးမြှင့်ပေးဖို့ အလုပ်သမားသမဂ္ဂတွေက ဂျာမနီအစိုးရကို တောင်းဆိုနေကြပါတယ်။

လေဆိပ်တွေ၊ ဆိပ်ကမ်းတွေ၊ မီးရထားနဲ့ ဘတ်စ်ကားစတဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေး၀န်ထမ်းတွေအပြင် အခြားသောလုပ်ငန်းဌာနတွေက၀န်ထမ်းများပါ၀င်တဲ့ မတ် ၂၇ ရက်သပိတ်ဟာ ဆယ်စုနှစ်များစွာအတွင်း အကြီးမားဆုံးဖြစ်လာဖွယ်ရှိပါတယ်။

သပိတ်မှောက်မှုမှာပါ၀င်တဲ့ သမဂ္ဂနှစ်ခုကဂျာမနီမှာ အကြီးဆုံးဖြစ်ပြီး ဗာဒီသမဂ္ဂဟာ လေဆိပ်အပါအ၀င် အများပြည်သူသယ်ယူပို့ဆောင်ရေး၀န်ထမ်း ၂ ဒသမ ၅ သန်းကိုကိုယ်စားပြုပါတယ်။

အီးဗွီဂျီသမဂ္ဂဟာ ဒေါ့ချက်ပန်မှာ မီးရထားနဲ့အခြားဘတ်စ်ကားကုမ္ပဏီ၀န်ထမ်းပေါင်း နှစ်သိန်းသုံးသောင်းကို ကိုယ်စားပြုပါတယ်။

ဗာဒီသမဂ္ဂမှ၀န်ထမ်းတွေဟာ လုပ်ခလစာကို ၁၀ ဒသမ ၅ ရာခိုင်နှုန်း၊ အီဗီဂျီနဲ့ အခြားသမဂ္ဂငယ်တွေက ၁၂ ရာခိုင်နှုန်းတိုးပေးဖို့ တောင်းဆိုထားကြပါတယ်။

Ref:BBC
#voiceofmyanmar #VOM #ဘာလင်

Related posts

Leave a Comment

VOM News

FREE
VIEW