မန္တလေးမြို့က ရွှေသန့်စင်လုပ်ငန်းဆိုင် သိန်း (၁၂၀၀)ဓားပြတိုက်ခံရ

မတ် ၂၈-၂၀၂၃
Voice Of Myanmar(VOM)

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၈၅လမ်းနဲ့ ၃၂လမ်းအနီးက စိန်ကျော်မိုး ရွှေသန့်စင်လုပ်ငန်းဆိုင်ရှေ့မှာ မနေ့ မတ် ၂၇ရက် ညနေပိုင်းက ဓားပြတိုက်ခံရမှုဖြစ်စဥ်ဖြစ်ပွါးခဲ့တယ်လို့ မန္တလေးမြို့ခံတွေဆီက သိရပါတယ်။

အဲ့ဒီဖြစ်စဥ်မှာ ငွေသား သိန်း(၁၂၀၀) ဓားပြတိုက်ခံလိုက်ရတာဖြစ်ကြောင်း ဓားပြလာတိုက်သူတွေဟာ သေနတ်ကိုင်ဆောင်ထားပြီး သေနတ်ပစ်ဖောက်တာတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ ရဲနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

” ဓားပြလာတိုက်တဲ့အချိန် ရွှေဆိုင်က ကလေးတွေက ရွှေရောင်းရငွေတွေကို သူတို့ဆိုင်ရဲ့ကားပေါ်ကို တင်နေချိန် အတိုက်ခံရတာ၊ လာတိုက်တာက (၄)ယောက်၊ (၃)ယောက်က ကားပေါ်ကဆင်းပြီး ခြောက်လုံးပြူးပုံစံလို့ပြောရမှာပေါ့ CCTVကမြင်ရတာဆိုတော့ သိပ်မသဲကွဲဘူး အဲ့ဒီသေနတ်ကိုင်ထားတယ်၊ နောက် ၂ယောက်က ပစ္စတိုပုံစံ သေနတ်နဲ့ တချက်စီ မိုးပေါ်ထောင် ပစ်ဖောက်ပြီး ကားပေါ်ပါ ဆာလာအိတ်နဲ့ထည့်ထားတဲ့ တအိတ်ကို သိန်း၃၀၀ပါတဲ့ အိတ်(၅)အိတ်ထဲက (၄)အိတ်ကို သူတို့ကားပေါ် တင်ပြီး ထွက်ပြေးသွားတယ်”လို့ ရဲနဲ့နီးစပ်သူတဦးကပြောပါတယ်။

ဓားပြတိုက်ချိန် သေနတ်ပစ်ဖောက်ပြီး ဆိုင်ဝန်ထမ်းတွေကို ခေါင်းငုံ့ခိုင်းကာ ငွေသား သိန်း(၁၂၀၀)ပါတဲ့ ဆာလာအိတ် (၄)အိတ်ကို Nissan March ကားအမည်းပေါ်တင်ကာ ထွက်ပြေးသွားတာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာ နယ်မြေရဲစခန်းက တရားခံဖမ်းမိရေး ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃၊ ဖေဖော်ဝါရီ ၂၆ရက်ကလည်း မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မြေပွဲစားတဦးရဲ့ နေအိမ်မှာ သိန်း(၄၀၀)နီးပါး ဓားပြတိုက်ခံရပြီး အဲ့ဒီအိမ်ကို အလည်ရောက်နေတဲ့ ဒုရဲမှူးတဦးလည်း သေနတ်ပစ်ခတ်ခံရတာကြောင့် သေဆုံးခဲ့တာ ဖြစ်ခဲ့ပါသေးတယ်။

Photo – Crd
#voiceofmyanmar #VOM #မန္တလေး #ရွှေသန့်စင်လုပ်ငန်း #သိန်း၁၂၀၀ဓားပြတိုက်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW