အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှု နျူကလီးယားစစ်ပွဲဖြစ်နိုင်တဲ့ထိ တင်းမာနိုင်ကြောင်း မြောက်ကိုရီးယား သတိပေး

ပြုံးယမ်း ဧပြီ-၆-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေက နျူကလီးယားစစ်ပွဲ ဖြစ်နိုင်တဲ့ထိ တင်းမာမှုတွေ တိုးမြင့်လာတယ်လို့ မြောက်ကိုရီးယားက သတိပေးလိုက်ပါတယ်။ အဲဒီလိုစစ်ရေးလေ့ကျင့်မှုတွေနဲ့ပတ်သက်ပြီး လက်တုံ့ပြန်ဆောင်ရွက်သွားမယ်လို့လည်း မြောက်ကိုရီးယားဘက်က ပြောပါတယ်။ စစ်ရေးလေ့ကျင့်မှုတွေဟာ ကိုရီးယားကျွန်းဆွယ်အခြေအနေကို ပေါက်ကွဲစေတဲ့ထိ တွန်းအားပေးနိုင်တယ်လို့ နိုင်ငံတကာ လုံခြုံရေး လေ့လာသုံးသပ်သူ Choe Ju Hyon ရဲ့သုံးသပ်ပြောဆိုမှုကို မြောက်ကိုရီးယားနိုင်ငံပိုဂ် ကေစီအင်န်အေ သတင်းဌာနက ဖော်ပြထားပါတယ်။ အမေရိကန်နဲ့မဝါမိတ်တွေရဲ့ လုပ်ဆောင်ချက်တွေကြောင့် ကိုရီးယားကျွန်းဆွယ်မှာ နောက်ပြန်ဆုတ်မရတဲ့ ကပ်ဘေးလိုအခြေအနေဖြစ်လာနိုင်တယ်လို့ ဖော်ပြထားပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ မတ်လကစပြီး ဝေဟင် ရေပြင် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေပြီး လက်ရှိမှာလည်း ပူးတွဲစစ်ရေးလေ့ကျင့်နေကြပါတယ်။ ဒါဟာကျူးကျော်ရန်စဖို့ ကြိုတင်ပြင်ဆင်လေ့ကျင့်နေတာဖြစ်ကြောင်း မြောက်ကိုရီးယားက ကြိမ်ဖန်များစွာ ရှုတ်ချပြောဆိုထားပါတယ်။ Ref: Reuters #voiceofmyanmar #VOM #အမေရိကန်-တောင်ကိုရီးယား

Read More

ဆူဒန်မှာ အရပ်သားအစိုးရပြန်လည်ဖွဲ့စည်းရေး သဘောတူညီချက် အာဏာသိမ်းစစ်ခေါင်းတွေ ရွှေ့ဆိုင်း

ခါတွမ်၊ ဧပြီ-၆-၂၀၂၃ မျိုးဆက်(VOM) ဆူဒန်အာဏာသိမ်း စစ်ခေါင်းဆောင်တွေဟာ အရပ်သားအစိုးရပြန်လည်ဖွဲ့စည်းဖို့ နောက်ဆုံးသဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးရေးကို ထပ်မံရွှေ့ဆိုင်းလိုက်ပါတယ်။ ကြာသပတေးနေ့မှာ လက်မှတ်ရေးထိုးမယ့် အဲဒီသဘောတူညီချက်မူကြမ်းကို အဓိကထား ပြီး စစ်ဘက် အရပ်ဘက် ညှိနှိုင်းဆွေးနွေးမှုတွေကို မနေ့ကညထိ လုပ်ခဲ့ကြပါတယ်။ နိုင်ငံကိုနှစ်ရှည်လများ အုပ်ချုပ်ခဲ့တဲ့ ဆူဒန်ခေါင်းဆောင် ဘာရှာကို ၂၀၁၉ ခုနှစ်က ဖြုတ်ချခဲ့တဲ့ စစ်တပ်က အရပ်သားအစိုးရကို ဖြုတ်ချပြီးနောက် ၂၀၂၁ခုနှစ် အောက်တိုဘာလကတည်းက ဆူဒန်မှာ နိုင်ငံရေးအကျပ်အတည်းဖြစ်နေခဲ့ပါတယ်။ အာဏာသိမ်းမှုကို ဆန်ကျင်တဲ့ ပြင်းထန်တဲ့ လမ်းပေါ်ထွက် ဆန္ဒပြပွဲများ အပြီးမှာ လူရာနဲ့ချီ သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ေတာ ့စစ်တပ်က အရပ်သားတွေကို အာဏာလွှဲပြောင်းပေးရေး လမ်းပြမြေပုံကို စစ်ဘက်အရပ်ဘက် သဘောတူခဲ့ကြပါတယ်။ Ref:BBC #voiceofmyanmar #VOM

Read More

ကေ့ာကရိတ်မြို့နယ် မြောက်ပိုင်းမှာ တိုက်ပွဲ ပြင်းထန်ပြီး လူထိခိုက်မှုနဲ့ နေအိမ်မီးလောင်ပျက်ဆီးမှုတွေလည်းရှိနေ

ဧပြီ ၆-၂၀၂၃ GG (VOM) ကေ့ာကရိတ်မြို့နယ် ၊ မြောက်ပိုင်းမှာ တိုက်ပွဲပြင်းထန်ပြီး လက်နက်ကြီးပစ်ခတ်မှုတွေကလည်း မြို့ထဲက ရပ်ကွက်အထိ ကျရောက်ပေါက်ကွဲလို့ ထိခိုက်ဒဏ်ရာရတဲ့သူတွေရှိနေတယ်လို့ သိရပါတယ်။ ” ကော့ကရိတ် တိုက်ပွဲပြင်းထန်​နေတယ်၊ မြို့တွင်း လက်နက်ကြီးကျလို့ ပြည်သူ​တွေထိခိုက်မှူရှိနေတယ်၊အခုက အမှတ်(၃)ကင်းစခန်းနဲ့ ကြောင်လျှာ ကုန်း (လမ်း​ဟောင်း)ကြားမှာ တိုက်ပွဲတွေဖြစ်နေတာပါ။အခုချိန်ထိဖြစ်​နေတာပါ။မ​နေ့ကနဲ့အခုထိဆိုရင် ၅ဦး ထိခိုက်မှုရှိပါတယ်”လို့ ကော့ကရိတ်မြို့ခံတဦးကပြောပါတယ်။ ကော့ကရိတ်မြို့၊ အမှတ်(7)ရပ်ကွက်နဲ့အမှတ်(4)ရပ်ကွက် အပါအဝင် ရပ်ကွက်အချို့မှာ လက်နက်ကြီးတွေကျရောက်နေတာဖြစ်ကြောင်း၊ ရွာဘက်တွေဆိုရင် နေအိမီးလောင်ပျက်စီးတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။ ” ဒီမနက်တော့တိုက်ပွဲတွေဖြစ်နေတာဟုတ်တယ်၊ကော့ကရိတ်မြဝတီလမ်းဟောင်းဘက်၊မြို့အထွက်ပေါ့။စခန်းကိုလာပစ်ကြတာလို့သိရတယ်။မြို့ထဲကိုလက်နက်ကြီးကျတာလည်းဟုတ်တယ်၊ အမှတ် ၇ ရပ်ကွက်ထဲက အမျိုးသမီးတယောက်နဲ့ နောက်ထပ်အမျိုးသမီးတယောက် ဒဏ်ရာရတယ်၊ အခုတိုက်ပွဲဖြစ်နေတာက ကော့ကရိတ်မြို့ မြောက်ဘက်အပိုင်းမှာပေါ့။မြို့ကတော့ပုံမှန်လိုသွားလာနေတာမျိုးမရှိဘူး ” လို့ နောက်ထပ် ကော့ကရိတ်ဒေသခံ လူမှုကူညီရေးအဖွဲ့ဝင်တဦးကပြောပါတယ်။ အဲ့ဒီ တိုက်ပွဲကြောင့် ကော့ကရိတ်မြို့ထဲမှာလည်း ဈေးဆိုင်ခန်းအချို့ပိတ်ထားကြသလို မြို့တွင်းသွားလာလှုပ်ရှားမှုလည်း အလွန်းနည်းပြီး လမ်းကြောင်းတွေရှင်းနေတယ်လို့ သိရပါတယ်။…

Read More

နောင်ချိုမြို့က ရွာအချို့မှာ စစ်ဘေးရှောင်နေရသူ ထောင်နဲ့ချီရှိနေ

ဧပြီ ၆ – ၂၀၂၃ GG (VOM) ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်က ကျေးရွာအချို့မှာ တိုက်ပွဲတွေဖြစ်ပွားလို့ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင် ထောင်နဲ့ချီ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မနေ့ ဧပြီ ၅ ရက်နေ့က နောင်ချို၊ ကျောက်မဲလေးရွာ နဲ့ သံဘိုရွာအကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး ရွာဘက်ကို လက်နက်ပစ်ခတ်မှုရှိတာကြောင့်နဲ့ လေကြောင်းပစ်ခတ်မှုတွေပါရှိလာမှာကို စိုးရိမ်တဲ့အတွက် ရွာသားတွေက ထွက်ပြေးနေတာဖြစ်တယ်လို့သိရပါတယ်။ ” မနေ့ကတော့ တိုက်ပွဲတွေဖြစ်နေတယ်၊ဒီနေ့တော့ မကြားရသေးဘူး။ ဒေသခံတွေက အရင်ကလည်းလေယာဥ်နဲ့ဗုံးကျဲတာတွေ၊ပစ်တာတွေကြုံရတော့ အခုတခါလည်း တိုက်ပွဲဖြစ်ရင် လေယာဥ်တွေပါလာမှာကိုကြောက်ပြီး ထွက်ပြေးကြတာပါ။ နောင်ချိုမြို့နဲ့ အခုဖြစ်နေတဲ့ရွာတွေနဲ့ကမိုင်၃၀ လောက်ဝေးတယ် “လို့ နောင်ချိုမြို့ခံတဦးကပြောပါတယ်။ လက်ရှိမှာ ကျောက်မဲလေးရွာ၊သံဘိုရွာ၊ ချောင်းကွေ့ရွာ၊ ထုံးကုန်းရွာ၊ ဟိုခိုရွာက ဒေသခံ ထောင်နဲ့ချီ စစ်ဘေးရှောင်နေကြတာဖြစ်ကြောင်း၊နောင်ချိုမြို့ပေါ် လာရောက်တိမ်းရှောင်သူရှိသလို ပြင်ဦးလွင် ဘက်ကို တိမ်းရှောင်သွားကြတာလည်းရှိတယ်လို့ သိရပါတယ်။ ”…

Read More

ရွှေကုက္ကိုလ်မြို့သစ်နားမှာ တိုက်ပွဲဖြစ်လို့ ဒေသခံ၅၀၀၀ ကျော် စစ်ရှောင်နေရ၊ ဆေးဝါးနဲ့အစားအသောက်လိုအပ်နေ

ဧပြီ ၆ – ၂၀၂၃ GG(VOM) ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေက္ကိုလ်​မြို့သစ်မှာ တိုက်ပွဲတွေဖြစ်လို့ ဒေသခံ ၅၀၀၀ ကျော်ဟာ သောင်ရင်းမြစ်ကိုဖြတ်ကူးပြီး ထိုင်းနိုင်ငံဘက်ကို စစ်ဘေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ် ။ မနေ့က မတ်လ ၅ ရက်နေ့မှာ ရွှေက္ကိုလ်ဒေသ၊ ထီးဝါးပလော၊ ထီးကော် ထောကျေးရွာတွေအနီးမှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် ဒေသခံ ထောင်နဲ့ချီ ထိုင်းဘက်ကိုတိမ်းရှောင်နေကြတာဖြစ်တယ်လို့သိရပါတယ်။ “လောလောဆယ် မြန်မာနိုင်ငံဘက်ခြမ်းကနေ ထိုင်းဘက်ကို စစ်ရှောင်တိမ်းသွားတဲ့ ဒုက္ခသည် ၅၄၀၀ ကျော် ရှိနေတယ်လို့သိရတယ်။သောင်ရင်းမြစ်ကို သူတို့ဘာသာဖြတ်ကူးပြီး ထွက်ပြေးတိမ်းရှောင်သွားကြတာပါ”လို့မြဝတီက စစ်ဘေးရှောင်တွေကို ကူညီနေသူတဦးကပြောပါတယ်။ စစ်ဘေးရှောင်တွေဟာ တည်းခိုစရာမရှိတာကြောင့် တောထဲမှာပဲ နေထိုင်နေရတယ်လို့သိရပါတယ်။ ” မနေ့ကမနက်အစောကြီးကတည်းက ပစ်ခတ်နေကြတာ၊တိုက်ပွဲ​ဖြစ်တဲ့ဘက်က ဒေသခံတွေကတော့ ထိုင်းဘက်ကို ပြေးတဲ့သူတွေချည်းပဲ။မြဝတီဘက်ကိုလည်း ထွက်လို့မရပါဘူး။ထိုင်းဘက်ကိုပဲ စစ်ဘေးရှောင်လို့ရတယ်။ မြို့ထဲလည်း ဆိုင်တွေအကုန်ပိတ်ထားကြတယ်။ကျန်တာဘာမှမဖြစ်ဘူး။ “လို့ ရွှေကုက္ကိုလ်ဒေသခံတဦးကပြောပါတယ်။ ထိုင်းဘက်စစ်ဘေးရှောင်တွေထဲမှာ ထိုင်းမြန်မာနယ်စပ် ရွှေကုက္ကိုလ်ကယ်ဆယ်ရေးသဘာဝတရားရိပ်သာက…

Read More

ကမ္ဘာ့ရွှေဈေးကြောင့် ရည်ညွှန်းဈေး ကျပ် ၂၄ သိန်းနီးပါး၊ ပြင်ပရွှေဈေး ကျပ် သိန်း ၃၀ နီးပါးအထိ မြင့်တက်လာ

ဧပြီ ၆ – ၂၀၂၃ SN (VOM) လက်ရှိမှာ ကမ္ဘာ့ရွှေဈေး တအောင်စ ဒေါ်လာ ၂၀၀၀ ကျော်အထိ မြင့်တက်လာကြောင့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရည်ညွှန်းဈေး ကျပ် ၂၄ သိန်းနီးပါး၊ ပြင်ပရွှေဈေး ကျပ် သိန်း ၃၀ နီးပါးအထိ မြင့်တက်လာတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။ ကမ္ဘာ့ရွှေဈေးဟာ ဧပြီ ၅ ရက်မှာ တအောင်စ ၂,၀၂၅ ဒေါ်လာအထိ ပြန်လည် မြင့်တက်လာခဲ့တာကြောင့် တစ်ရက်အတွင်း ဒေါ်လာ ၄၀ ကျော် မြင့်တက်ခဲ့ပြီး YGEA ရဲ့ ရည်ညွှန်းဈေးဟာလည်း ကျပ် ၂,၃၈၂,၁၀၀ သတ်မှတ်ခဲ့တဲ့အတွက် တရက်အတွင်း ကျပ် ၄၇,၁၀၀ တိုးမြှင့်သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြင်ပရွှေဈေးနှုန်းမှာလည်း တကျပ်သား ကျပ် ၂,၉၇၂,၀၀၀ အထိ မြင့်တက်လာခဲ့ပြီး တရက်အတွင်း…

Read More

လက်ခြေထားလည်း ဟုတ်မှသာ၊ ခါးနေခေါင်းလည်း ဟုတ်မှသာ

ဆူးငှက် “ခေါင်းခါးခြေလက် ဤလေးချက် မပျက်စေရ သုခုမ” တဲ့။ ဒီစကားက ရှေးပညာရှင်ကြီးများ အလကားထားခဲ့တာ မဟုတ်ပါဘူး။မြန်မာအကရဲ့ သန္ဓေကို တည်ပေးလိုက်တာပါပဲ။ လူ့ခန္ဓာကိုယ်ရဲ့လှုပ်ရှားနိုင်တဲ့ အဆစ်တွေကို လိုအပ်သလို အသုံးချဖို့ပါ။ “ခေါင်း” ကို လှည့်နိုင်ဖို့ လည်ပင်းရှိတယ်။ ဒီလည်ပင်းက ငုံ့မယ်၊မော့မယ်၊စောင်းမယ်၊ ငဲ့မယ်၊ ဆတ်မယ် စတဲ့ အလှုပ်အရှားတွေ လုပ်ဆောင်နိုင်တယ်။ “ခါး” ကလည်း ညွှတ်မယ်၊ ကုန်းမယ်၊ကော့မယ်၊ မတ်မယ်၊စောင်းမယ် စတဲ့ လှုပ်ရှားမှုတွေ ရှိပါတယ်။ “ခြေ” ကလည်း အလားတူပါပဲ။ ခြေမှာ ဒူးနေရာရှိတယ်။ ခြေဖနောင့်နေရာတွေ ရှိတယ်။ကွေးမယ်၊ ဆန့်မယ်၊ကော့မယ်၊ထောက်မယ် စတဲ့အလှုပ်အရှားတွေနဲ့ပါ။ အလားတူ “လက်” ကလည်း တတောင်ဆစ်ရှိမယ်၊ လက်ကောက်ဝတ်ရှိမယ်၊ လက်ချောင်းလေးတွေရဲ့ လှုပ်ရှားနိုင်တဲ့ အဆစ်က တစ်ဘက်မှာ ၁၉ဆစ်နဲ့ ၂ဘက်ပေါင်း ၃၈ဆစ်ရှိတယ်။ ဒါကြောင့် အကမှာ အခြေခံဖြစ်တဲ့ “ခေါင်း၊…

Read More
VOM News

FREE
VIEW