ကချင်မှာ မြေရှားသတ္တုတူးဖော်နေတဲ့ တရုတ်ကုမ္ပဏီတွေရဲ့လုပ်ငန်းတွေ ဆန္ဒပြမှုတွေကြောင့် ရပ်ဆိုင်းထားရ

ပေကျင်း၊ ဧပြီ-၁၉-၂၀၂၃
မျိုးဆက်(VOM)

ကချင်ပြည်နယ်မှာ မြေရှားသတ္တုတူးဖော်မှုတွေက သဘာပတ်၀န်းကျင်ကို ထိခိုက်စေကြောင်း ဒေသခံတွေက ဆန္ဒပြမှုတွေကြောင့် တူးဖော်နေတဲ့တရုတ်ကုမ္ပဏီတွေရဲ့ လုပ်ငန်းတွေရပ်ဆိုင်းသွားမယ်လို့ သိရပါတယ်။

မြေရှားသတ္တုဟာ ကွန်ပြူတာအစိတ်အပိုင်းတွေ၊ လျှပ်စစ်ကားတွေ၊ ဆိုလာပြားတွေနဲ့ ခေတ်မီဆန်းပြားတဲ့လက်နက်တွေထုတ်လုပ်ရေးမှာ အရေးပါတဲ့ ဒြပ်စင်တွေပါ၀င်နေပါတယ်။

မြေရှားသတ္တုတူးဖော်မှုတွေကြောင့် KIO ၊ KIA ထိန်းချုပ်နယ်မြေရှိ ကျေးရွာ ၁၀ ရွာကျော်က ဒေသခံတွေဆန္ဒပြမှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

KIO ဟာ တရုတ်နိုင်ငံ၊ ယူနန်နယ်စပ်အနီး ကချင်ပြည်နယ်မှာ တရုတ်ကုမ္ပဏီတွေကို သတ္တုတူးဖော်ခွင့်ပြုပြီးနောက် ဒီဇင်ဘာလကတည်းက ဒီဇင်ဘာလကတည်းက ဆန္ဒပြမှုတွေ စတင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ နောက်ဆုံးဆန္ဒပြမှုကတော့ ပြီးခဲ့တဲ့ စနေနေ့ကဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၂ ခုနှစ်အတွင်း မြေရှားသတ္တု ၁၂၀၀၀ မက်ထရစ်တန်ထုတ်လုပ်ခဲ့ပြီး မြေရှားသတ္တုထုတ်လုပ်မှု စတုတ္ထမြောက်အများဆုံးဖြစ်ကြောင်း Investing News ရဲ့ဖော်ပြချက်အရ သိရပါတယ်။

KIO ထိန်းချုပ်နယ်မြေ ရွာသားများကိုယ်စားပြုကော်မတီဟာ ပြီးခဲ့တဲ့စနေနေ့က KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနဲ့တွေ့ဆုံခဲ့ပြီး သတ္တုတူးဖော်ရေးတွေကို ရပ်တန့်မယ်လို့ ကတိပေးခဲ့ကြောင်း ကိုယ်စားပြုကော်မတီက အမည်မဖော်လိုသူတစ်ဦးကပြောပါတယ်။

ကေအိုင်အိုဥက္ကဌက ဒေသခံတွေနဲ့တွေ့ဆုံပြီး သတ္တုတူးဖော်မှုတွေကို ရပ်တန့်မယ်လို့ ကတိပေးခဲ့ကြောင်း၊ တရုတ်ကုမ္ပဏီတွေအနေနဲ့ လက်ရှိလုပ်ဆောင်နေတဲ့ သတ္တုတူးဖော်မှုအားလုံးကို ချက်ချင်းရပ်တန့်ဖို့ခက်ခဲတာကြောင့် လိုအပ်တဲ့အဆင့်တွေပြီးတာနဲ့ သတ္တုတူးဖော်မှုတွေကို ရပ်တန့်သွားမယ်လို့ ကတိပေးခဲ့ကြောင်း ကိုယ်စားပြုကော်မတီတာ၀န်ရှိသူကပြောပါတယ်။

Ref: VOA
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW