ပြည်ကြီးတံခွန်မြို့နယ်က နောက်ထပ်ရွှေဆိုင်တစ်ဆိုင် သိန်း ၂၅၀၀ ကျော်ဖိုး ဓားပြတိုက်ခံရ

ဧပြီ ၂၈-၂၀၂၃ Voice Of Myanmar(VOM) မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၊၆၂လမ်း ၁၃၃လမ်းနဲ့ ၁၃၄လမ်းကြား၊ စက်မှု(၁)စျေးရှေ့က “ထက်ဝေယံ”ရွှေဆိုင်မှာ ဒီကနေ့ နေ့လယ်ပိုင်းက ရွှေထည်ပစ္စည်း သိန်း ၂၅၀၀ကျော်ဖိုး ဓားပြတိုက်ခံရမှုဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။ ” ဖြစ်စဥ်က ဟိုတနေ့ကဓားပြတိုက်ခံရတဲ့ ဖြစ်စဥ်အနီးက နောက်ထပ်ရွှေဆိုင်တစ်ဆိုင်ပါပဲ၊ စျေးထဲကနေ လာတဲ့ သေနတ် တစ်ယောက် တစ်လက်ပါတဲ့ လူ(၂)ယောက်က သေနတ်ပစ်ဖောက်ပြီး ရွှေဆိုင်ကောင်တာကို ဓားနဲ့ခွဲတယ်၊ ပြီးတော့ ကောင်တာထဲက ရွှေထည်ပစ္စည်း သိန်း ၂၅၀၀ကျော်ခန့်ကို ဆာလာအိတ်ထဲ ထည့်ပြီး ထွက်ပြေးသွားတယ်”လို့ ရဲနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။ ရွှေဆိုင်ကောင်တာအတွင်းက ရွှေဆွဲကြိုး ၊ရွှေနားကပ်၊ ရွှေနားဆွဲတွေထည့်ထားတဲ့ ဗန်း(၆)ဗန်း ခန့်မှန်းတန်ဖိုး သိန်း ၂၅၀၀ကျော်ခန့်ကို ဆာလာအိမ်ထဲထည့်ပြီး စျေးအတွင်းကို ထွက်ပြေးသွားတာဖြစ်တယ်လို့ သိရပါတယ်။ ဖြစ်စဥ်ဖြစ်ပွါးအပြီး သက်ဆိုင်ရာက အဖွဲ့စုံနဲ့ လာရောက်စစ်ဆေးတာတွေပြုလုပ်ခဲ့ပြီး တရားခံဖမ်းမိရေး ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း…

Read More

မူဆယ်မြို့ ကမ္ဘောဇဝမ်းခေါက်ဆွဲဆိုင်ပိုင်ရှင်နေအိမ် ဓားပြတိုက်ခံရပြီး ရွှေ ၃၀ ကျပ်သားနဲ့ငွေသားတွေပါသွား

ဧပြီ၊၂၈-၂၀၂၃ MM(VOM) ရှမ်းပြည်နယ်၊ မူဆယ်မြို့ဈေးရပ်ကွက်က မ္ဘောဇဝမ်း ခေါက်ဆွဲ ဆိုင်ပိုင်ရှင်ရဲ့နေအိမ် မနေ့ ဧပြီ ၂၇ ရက် မနက်ပိုင်းက ဓားပြတိုက်ခံရပြီး ရွှေထည် (၃၀) ကျပ်သားကျော်နဲ့ငွေသားတွေပါသွားတယ်လို့ သိရပါတယ်။ ”သေနတ်ကိုင်ထားတဲ့ လူ ၄ ယောက်က အိမ်ထဲအထိဝင်လာပြီး ဓားပြတိုက်တာ၊ မနက် ၁၀ နာရီကျော်ကဖြစ်တာလို့သိရတယ်၊ မီးခံသေတ္တာအသေးတစ်လုံးပါသွားတာ၊ သေတ္တာထဲမှာ ရွှေတွေက ၃၀ ကျပ်သားကျော်ကျော်နဲ့ ငွေသားတွေပါသွားတယ်တဲ့၊ ငွေသားရဲ့အမောင့်ကတော့ လောလောဆယ် မသိရသေးဘူး၊ များတော့များတယ်။”လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူ တစ်ယောက်ကပြောပါတယ်။ ဓားပြတွေက မီးခံသေတ္တာရတာနဲ့ပြန်ထွက်သွားပြီး လူတွေကိုတော့ ဘာမှလုပ်ဆောင်မသွားဘူးလို့ သိရကာ ဓားပြတိုက်မှုဖြစ်ပြီးနောက် အနည်းအငယ် အကြာမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့က လာရောက်စစ်ဆေးသွားသလို လုံခြုံရေးတွေ တင်းကြပ်ထားကြောင်း အသွားအလာများတဲ့နေရာတွေမှာ စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။ ရှမ်းပြည်နယ်ထဲက မူဆယ်မြို့မှာ ဓားပြတိုက်မှုဖြစ်ပွားတဲ့ ဖြစ်စဉ်ဟာ…

Read More

ကျောင်းကုန်းမြို့မရဲစခန်းအချုပ်ဖောက်ပြေးသူတွေထဲက ၅ ယောက်ကို ပြန်ဖမ်းမိ

ဧပြီ ၂၈- ၂၀၂၃ GG + KK (VOM) ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်၊ မြို့မရဲစခန်းအချုပ် ဖောက် ပြေးသူတွေထဲက ၅ ယောက်ကို ပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ ၅ ယောက်ကို မနေ့ကနဲ့ ဒီနေ့ဧပြီလ ၂၈ ရက်နေ့မနက်ပိုင်းမှာ ပြန်လည်ဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်း ၊ ပြန်လည်ဖမ်းဆီးရမိတဲ့သူတွေက ချစ်မင်းဦး(ခ)ချစ်ဦး ၊ထွန်းလင်းနိုင် ၊ဝေမင်းဦး၊အောင်မျိုးဦးနဲ့ သန်းတိုးအောင် ဆိုသူတွေဖြစ်တယ်လို့ သိရပါတယ်။ ” မနေ့က မနက်ပိုင်းမှာ ၂ ယောက်ပြန်ဖမ်းမိတယ်၊ဒီနေ့မနက်ပိုင်းမှာ ၃ ယောက်ထပ်ဖမ်းမိတာပါ။ ဖမ်းမိတဲ့သူတွေက ရာဇသတ်ကြီးပုဒ်မ ၃၈၀၊၃၉၄၊၃၀၂ နဲ့ အမှုဖွင့်ခံထားရသူတွေဖြစ်ပါတယ် “လို့ အုပ်ချုပ်ရေးပိုင်းနဲ့နီးစပ်တဲ့ဒေသခံတစ်ဦးကပြောပါတယ်။ လက်ရှိမှာ ထွက်ပြေးသွားတဲ့အထဲက ပြန်လည်ဖမ်းမိဖို့အတွက် အချုပ်သား၃ ယောက်သာကျန်တော့ကြောင်း ၊ သိန်းထွန်းဦး၊ ဝင်းနိုင်ထွန်း၊ ရှိုင်းထက်အောင်တို့ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအချုပ်သား ၈ ယောက်ဟာ ကျောင်းကုန်းမြို့မရဲစခန်း…

Read More

ပုဏ္ဏားကျွန်းက စစ်ဘေးရှောင်စခန်းမှာ ကလေးတွေ အရေပြားရောဂါနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေ

ဧပြီ၊၂၈-၂၀၂၃ MM(VOM) ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဗန်းဗွီး(မြို့)အနီးဗန်းဗွီး ကျေးရွာက စစ်ဘေးရှောင်စခန်းတွေက ကလေးတွေမှာ အရေးပြားရောဂါနဲ့ ဝမ်းပျက်တဲ့ရောဂါတွေဖြစ်ပွားနေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့သူတွေဆီကနေ သိရပါတယ်။ အဲ့ဒီ ဗန်းဗွီးကျေးရွာ စစ်ဘေးရှောင်စခန်းက ကလေး အယောက်(၁၀၀)ကျော်လောက်အထိ အရေပြားရောဂါနဲ့ဝမ်းပျက် ဝမ်းလျှောရောဂါတွေဖြစ်ပွားနေတာဖြစ်ပြီး ဆေးဝါးကုသဖို့နဲ့ အစားအသောက်တွေလည်း အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။ ”အခု စစ်ရှောင် ကလေးတွေက အရေပြားရောဂါအပြင် ဝမ်းပျက်ဝမ်းလျှောရောဂါတွေဖြစ်နေတာ၊ သန့်ရှင်းတဲ့ သောက်သုံးရေ မသုံးစွဲရတာကြောင့်ပါ၊ အခုကလေးတွေက အရေပြေားရောဂါက အရင်ဖြစ်နေတာ၊ယားလို့ကုတ်ရင်း ကုတ်ရင်းကနေ အဖုတွေ ထွက်ပြီး ပြည်တွေတွဲပြီး အနာတွေပေါက်နေတာ၊ ကလေးတွေ တော်တော်ခံစားနေရတယ်၊ အကူအညီတွေအရမ်းလိုအပ်နေပါတယ်။”လို့ စစ်ရှောင်တွေကို ကူညီပေးသူတစ်ဦးကပြောပါတယ်။ အဲ့ဒီ ကလေးတွေဟာ အသက် ၁၀ နှစ်အောက်ကလေးတွေဖြစ်ပြီး နောက်ပိုင်း လူကြီးတွေပါ ဖြစ်ပွားလာနိုင်တယ်လို့ စစ်ရှောင်တွေရဲ့ ကျန်းမာရေးကို ကူညီပေးနေတဲ့ ကျန်းမာရေးပညာရှင်တွေရဲ့ပြောပြချက်အရ သိရပါတယ်။ ”…

Read More

အိန္ဒိယမှာ မတ်ပဲပြတ်လပ်နေတယ်ဆိုတဲ့ သတင်းထွက်ပြီးနောက် မြန်မာမှာ မတ်ပဲစျေး ၇၀၀၀၀ ကျော်အထိမြင့်တက်လာ

ဧပြီ ၂၈ – ၂၀၂၃ GG (VOM) မတ်ပဲစျေးကွက် အတက်အကျ မရှိဘဲ ငြိမ်နေရာကနေ အခုရက်ပိုင်းအတွင်း ပိဿာ ၂၀ တစ်တင်းကို ၇၁၃၀၀ ကျပ်အထိ စျေးနူန်းမြင့်တက်လာတယ်လို့ကုန်စည်ဒိုင်တွေဆီက သိရပါတယ်။ အိန္ဒိယနိုင်ငံ စျေးကွက်မှာ မတ်ပဲပြတ်လပ်နေပြီး စျေးတွေလည်းမြင့်တက်နေတယ်ဆိုတဲ့သတင်းထွက်ပေါ်ပြီးနောက် ဧပြီလ ၂၆ ရက်နေ့ကစပြီး မြန်မာနိုင်ငံမှာ မတ်ပဲစျေးက ဆက်တိုက် မြင့်တက်လာခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ” မတ်ပဲစျေးငြိမ်နေတာကြာပြီ၊စျေးငြိမ်နေတော့ တောင်သူတွေကလည်း သိပ်ထုတ်မရောင်းကြဘူး။စျေးထပ်တက်မယ်ဆိုပြီး သိမ်းထားကြတာပေါ့။ ပြီးတော့အိန္ဒိယကလည်း မတ်ပဲပြတ်နေကြောင်း ပြောလိုက်တော့ ပိုပြီးမရောင်းကြဘူး။စောင့်ကြတာလည်း မှန်သလိုဖြစ်နေတယ်၊ အခုဆို မတ်ပဲစျေးက ၇၀၀၀၀ကျော်သွားပြီ ၊ အခုရက်ပိုင်းလေးမှာကို ဆက်တိုက်တက်လာတာ “လို့ မတ်ပဲကုန်သည်တစ်ဦးကပြောပါတယ်။ မတ်ပဲစျေးဟာ ဧပြီလ ၁ ရက်နေ့ကနေ ဧပြီလ ၂၅ ရက်နေ့အထိ ပိဿာ ၂၀ တစ်တင်းကိုမှ အနည်းဆုံး ၆၇၁၀၀ ကျပ်ကနေ…

Read More

အင်ဒိုနီးရှား အမြန်ရေယာဉ်နစ်မြုပ်မှု (၁၁) ဦးသေဆုံး၊ (၉)ဦးပျောက်ဆုံးနေ

ဂျကာတာ၊ ဧပြီ-၂၈-၂၀၂၃ မျိုးဆက်(VOM) အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်းမှာ လူ ၇၈ ဦးတင်ဆောင်လာတဲ့ အမြန်ရေယာဉ်တစင်းနစ်မြုပ်မှုကြောင့် ပျောက်ဆုံးနေသူ(၉)ဦးကို ဧပြီ ၂၈ ရက်မှာ ရှာဖွေမှုတွေ လုပ်ဆောင်နေပါတယ်။ အမျိုးသမီးနဲ့ ကလေးငယ်အများအစုအပါအ၀င် ရုပ်အလောင်း (၁၁) လောင်းကို ဆယ်ယူရရှိထားပြီး လက်ရှိချိန်ထိ လူ (၅၈) ဦးကိုကယ်တင်နိုင်ခဲ့ကာ အများစုဟာရေထဲမှာ နာရီပေါင်းများစွာ မျောပါပြီးနောက် သတိလစ်တာတွေ ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့တာ၀န်ရှိသူတွေကပြောပါတယ်။ အဲဒီရေယာဉ်ပေါ်မှာ ခရီးသည် (၇၂) ဦးနဲ့ အမှုထမ်း(၆)ဦးပါ၀င်ပြီး ခရီးသည်အများစုဟာ အိဒ်အားလပ်ရက်အတွက် မွေးရပ်မြေသို့ ပြန်လာကြသူတွေဖြစ်ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ အမြန်ရေယာဉ်ဟာ ရိုင်ယူပြည်နယ်ရှိ ဆိပ်ကမ်းတခုကနေထွက်ခွာပြီးနောက် သုံးနာရီခန့်အကြာမှာ နစ်မြုပ်ခဲ့တာဖြစ်ပြီး နစ်မြုပ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေပါတယ်။ ရေယာဉ်ဟာ လေပြင်းတွေတိုက်ခတ်စဉ် မောင်းနှင်နေချိန်မှာ တစုံတခုနဲ့၀င်တိုက်ပြီးနောက် နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း အသက်ရှင်ကျန်ရစ်သူအချို့က ပြောပါတယ်။ အင်ဒိုနီးရှားမှာ ၂၀၁၈ ခုနှစ်ကလည်း မြောက်ဆူမားတြားပြည်နယ်မှာ ကူးတို့သင်္ဘောနစ်မြုပ်မှုကြောင့်…

Read More

ကမာရွတ် အင်းဝဘဏ်အနီး အငှားယာဥ်​မောင်းတဦး အသတ်ခံရ

ဧပြီ ၂၈-၂၀၂၃ SN (VOM) ရန်ကုန့်မို့၊ ကမာရွတ်မြို့နယ်၊ အင်းဝဘဏ်အနီးမှာမနေ့ ဧပြီ ၂၇ ရက်၊ ည ၇ နာရီဝန်းကျင်က အငှားယာဥ်​မောင်းတဦး အသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ အဲ့ဒီ့ အငှား‌ယာဉ်မောင်းကို အမှတ် (၄)ရပ်ကွက်၊ဘုရင့်​နောင်လမ်းမ​ပေါ်က သူ့ရဲ့ကားပေါ်မှာပဲ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “အင်းဝဘဏ်ရှေ့မှာ လူသုံးယောက်က တက္ကစီငှားတဲ့ပုံစံနဲ့ လုယက်တာလို့ ကနဦးသိရတယ်။ ယာဉ်မောင်းက ပြန်ခုခံတဲ့အတွက် ဓါးနဲ့အချက်ပေါင်းများစွာထိုးပြီး ထွက်ပြေးသွားတာ”လို့ ဖြစ်စဉ်မှာ သွားရောက်ကူညီခဲ့သူတစ်ဦးက ပြောပါတယ်။ အဲ့ဒီဖြစ်စဉ်အပြီး ည ၉ နာရီ ၅၅ မိနစ်မှာ စစ်တပ်နဲ့ရဲတွေ ရောက်ရှိလာပြီး ဗဟိုလမ်းအောက်ပိုင်းတကြောကို ဝင်ရောက်စစ်ဆေးမှုတွေ အချိန်အတော်ကြာ ပြုလုပ်ခဲ့ကာ ည ၁၁ နာရီဝန်းကျင်မှသာ ရွာမကွေ့၊ ရွာမကျောင်းလမ်းဘက်သို့ ပြန်လည် ထွက်ခွာသွားကြတယ်လို့ သိရပါတယ်။ အခုဖြစ်စဥ်မှာ သေဆုံးသူယာဥ်​မောင်းရဲ့တက္ကစီယာဥ်အမျိုးအစားက တိုယိုတာကယ်ဒီးနား…

Read More

ဆူဒန်ကနေ အိမ်နီးချင်းနိုင်ငံတွေကိုထွက်ပြေးသူအရေအတွက် မြင့်တက်လာနေ

ခါတွမ်၊ ဧပြီ-၂၈-၂၀၂၃ မျိုးဆက်(VOM) ဆူဒန်စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တို့ဟာ ဧပြီ ၂၈ ရက်ကစပြီး နောက်ထပ် ၇၂ နာရီကြာ အပစ်အခတ်ရပ်စဲရေးကို ကြေညာလိုက်ပေမယ့် တိုက်ပွဲတွေက ဆက်လက်ဖြစ်ပွားနေပါတယ်။ နှစ်ဘက်အကြား ယခင်အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် မကုန်ဆုံးမီ သန်းခေါင်ယံအချိန်မှာ အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ခြင်းဖြစ်ပြီး မြို့တော်ခါတွမ်နဲ့ အနောက်ဒါဖာပြည်နယ်တို့မှာ အပစ်အခတ်ရပ်စဲရေးကာလအတွင်းမှာပင် တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ အပစ်အခတ်ရပ်စဲထားပေမယ့် ဆူဒန်ကနေ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးလာသူအရေအတွက် တိုးပွားလာနေပြီး ကုလသမဂ္ဂနဲ့ အမေရိကန်တို့ဟာ ရေရှည်တည်မြဲတဲ့ အပစ်အခတ်ရပ်စဲရေးအတွက် တိုက်တွန်းထားပါတယ်။ ဆူဒန်မှ လူပေါင်း ၁၆၀၀၀ ကျော် ထွက်ပြေးလာကြောင်း အီဂျစ်အစိုးရက ထုတ်ပြန်ထားပြီး ချဒ်နိုင်ငံကိုလည်း လူ ၂၀၀၀၀ ကျော်ထွက်ပြေးလာတယ်လို့ အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းဒုက္ခသည်များအဖွဲ့ကပြောပါတယ်။ သူတို့ထဲက အများစုဟာ စားနပ်ရိက္ခာနဲ့ ရေကဲ့သို့ အခြေခံလူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေလိုအပ်နေကြောင်း အဲဒီအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဆူဒန်စစ်တပ်နဲ့ အာအက်စ်အက်ဖ်ပြည်သူ့စစ်တို့အကြား ဧပြီ ၁၅ ရက်ကစတင်ခဲ့တဲ့…

Read More

သထုံမှာ အမျိုးသားတစ်ဦး မိုးကြိုးပစ်ခံရပြီးသေဆုံး

ဧပြီ ၂၈ – ၂၀၂၃ GG(VOM) မွန်ပြည်နယ်၊သထုံမြို့၊ဆင်ဖြူကျွန်းရှာမှာ အမျိုးသားတစ်ဦး မိုးကြိုးပစ်ခံရပြီးသေဆုံးခဲ့မှု မနေ့ ဧပြီလ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ရွာအပြင်ဘက်က လယ်တောထဲမှာ အလုပ်လုပ်နေစဥ် နေ့လယ်၂ နာရီကျော်ခန့်မှာ မိုးကြိုးပစ်ခံရပြီး နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “မနေ့က ဒီမှာက မိုးတွေလည်းရွာတယ်၊လျှပ်စီးမိုးကြိုးအစုံပဲ၊အဲ့ဒီအချိန် သူကလယ်ထဲမှာရှိနေတာ ။အဲ့ဒီမှာ လယ်ထဲမှာပဲ မိုးကြိုးပစ်ခံရတာ။မိုးကြိုးပစ်ခံရတာဆိုတော့ ညိုမဲနေတာမျိုးတွေရှိတာပေါ့ “လို့ ဒေသခံလူမှုကူညီရေးလုပ်ငန်းတွေ လုပ်ကိုင်နေသူတစ်ဦးကပြောပါတယ်။ မိုးကြိုးပစ်ခံရပြီး သေဆုံးသူဟာ အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ဆင်ဖြူကျွန်းကျေးရွာမှာ နေထိုင်သူဖြစ်တယ်လို့သိရပါတယ်။ သေဆုံးသူရဲ့ ရုပ်အလောင်းကိုတော့ မနေ့ ညနေကတည်းက သထုံခရိုင်ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံဌာနကိုပို့ဆောင်ထားတယ်လို့ သိရပါတယ်။ ဧပြီ၂၂ ရက်နေ့ကလည်း မကွေးမြို့နယ်၊ဆူးကောက်စမ်းရွာမှာ သားအဖ ၂ ယောက် ယာထဲ နွားကျောင်းနေချိန် မိုးကြိုးပစ်ခံရပြီး သေဆုံးမှု ​ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့…

Read More

ယူကရိန်းနိုင်ငံတ၀န်း မြို့တွေကို ရုရှားကဒုံးကျည်တွေနဲ့တိုက်ခိုက်၊ အရပ်သား(၈)ဦးသေဆုံး

ကိယက်ဗ်၊ ဧပြီ-၂၈-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်နိုင်ငံ မြို့တော်ကိယက်ဗ်အပါအ၀င် ယူကရိန်းနိုင်ငံတ၀န်းရှိ မြို့များကို ရုရှားကလေကြောင်း တိုက်ခိုက်မှုများကြောင့် လူ(၈)ဦးထက်မနည်းသေဆုံးသွားပါတယ်။ ဒီနီပရိုမြို့မှာ အမျိုးသမီးတဦးနဲ့ သုံးနှစ်အရွယ်သမီးဖြစ်သူတို့ သေဆုံးခဲ့ကြောင်း မြို့တော်၀န်ကပြောပါတယ်။ ယူမန်မြို့မှာတော့ လူနေအဆောက်အအုံတွေကို ဒုံးကျည်ထိမှန်မှုကြောင့် လေးဦးသေဆုံးပြီး ၁၇ ဦးဒဏ်ရာရရှိခဲ့တယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။ ခရီမန်ချော့နဲ့ ပိုလ်တာဗာမြို့တွေမှာလည်း ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်လို့ အင်တာဖက်စ်သတင်းဌာနက ဖော်ပြထားပါတယ်။ မြို့တော်ကိယက်ဗ်ကို ၅၁ ရက်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရုရှားက ဒုံးကျည်တွေနဲ့တိုက်ခိုက်တာဖြစ်တယ်လို့ ယူကရိန်းတာ၀န်ရှိသူတွေက ပြောပါတယ်။ ရုရှားရဲ့ ဒုံးကျည်၂၃ စင်းအနက် ၂၁ စင်းနဲ့ တိုက်ခိုက်ရေးဒရုန်းနှစ်စင်းကို ယူကရိန်းလေကြောင်းရန်ကာကွယ်ရေးစနစ်က ပစ်ချနိုင်ခဲ့ကြောင်း ယူကရိန်းစစ်တပ်ကပြောပါတယ်။ အနောက်မဟာမိတ်တွေ ပံ့ပိုးပေးထားတဲ့ တင့်ကားတွေနဲ့အပါအ၀င် လက်နက်သစ်တွေနဲ့ ရုရှားကိုထိုးစစ်ဆင်ဖို့ ယူကရိန်းတပ်တွေ ပြင်ဆင်နေချိန်မှာ ရုရှားကအခုလိုလေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ရုရှားဟာ မဟာဗျူဟာမြောက် အရေးပါတဲ့ ဘက်ခ်မွတ်ခ်မြို့ကိုထိန်းချုပ်နိုင်ရေး ရုန်းကန်နေရပါတယ်။ Ref:BBC Photo:Reuters…

Read More
VOM News

FREE
VIEW