မူဆယ်မြို့ ကမ္ဘောဇဝမ်းခေါက်ဆွဲဆိုင်ပိုင်ရှင်နေအိမ် ဓားပြတိုက်ခံရပြီး ရွှေ ၃၀ ကျပ်သားနဲ့ငွေသားတွေပါသွား

ဧပြီ၊၂၈-၂၀၂၃
MM(VOM)

ရှမ်းပြည်နယ်၊ မူဆယ်မြို့ဈေးရပ်ကွက်က မ္ဘောဇဝမ်း ခေါက်ဆွဲ ဆိုင်ပိုင်ရှင်ရဲ့နေအိမ် မနေ့ ဧပြီ ၂၇ ရက် မနက်ပိုင်းက ဓားပြတိုက်ခံရပြီး ရွှေထည် (၃၀) ကျပ်သားကျော်နဲ့ငွေသားတွေပါသွားတယ်လို့ သိရပါတယ်။

”သေနတ်ကိုင်ထားတဲ့ လူ ၄ ယောက်က အိမ်ထဲအထိဝင်လာပြီး ဓားပြတိုက်တာ၊ မနက် ၁၀ နာရီကျော်ကဖြစ်တာလို့သိရတယ်၊ မီးခံသေတ္တာအသေးတစ်လုံးပါသွားတာ၊ သေတ္တာထဲမှာ ရွှေတွေက ၃၀ ကျပ်သားကျော်ကျော်နဲ့ ငွေသားတွေပါသွားတယ်တဲ့၊ ငွေသားရဲ့အမောင့်ကတော့ လောလောဆယ် မသိရသေးဘူး၊ များတော့များတယ်။”လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူ တစ်ယောက်ကပြောပါတယ်။

ဓားပြတွေက မီးခံသေတ္တာရတာနဲ့ပြန်ထွက်သွားပြီး လူတွေကိုတော့ ဘာမှလုပ်ဆောင်မသွားဘူးလို့
သိရကာ ဓားပြတိုက်မှုဖြစ်ပြီးနောက် အနည်းအငယ် အကြာမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့က လာရောက်စစ်ဆေးသွားသလို လုံခြုံရေးတွေ တင်းကြပ်ထားကြောင်း အသွားအလာများတဲ့နေရာတွေမှာ စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

ရှမ်းပြည်နယ်ထဲက မူဆယ်မြို့မှာ ဓားပြတိုက်မှုဖြစ်ပွားတဲ့ ဖြစ်စဉ်ဟာ ၂၀၂၃ခုနှစစ်ထဲမှာ ပထမဆုံးဖြစ်ပွားတာလို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

ဒါပေမယ့် ရှမ်းပြည်နယ်၊ သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာက “ပြည့်ဝ “ရွှေဆိုင်ကို ဧပြီလ ၂၀ ရက် မနက်ပိုင်းက သေနတ်ပြချိန်းခြောက်ပြီး ရွှေထည်ပစ္စည်းလုယက်ယူတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့သေးတယ်လို့သိရပါတယ်။

အခြားဒေသတွေဖြစ်တဲ့ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှု(၁)ဈေးရှေ့က ထိပ်တန်း ရတနာရွှေဆိုင် ဧပြီလ ၁၉ ရက် နေ့လယ်ပိုင်းကဓားပြ တိုက်ခံရပြီး သိန်း(၂၇၀၀) တန်ဖိုးရှိတဲ့ရွှေထည် ပစ္စည်း တွေပါသွားတဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မူဆယ် #ဓားပြတိုက်မှု

Related posts

Leave a Comment

VOM News

FREE
VIEW