သုံးနှစ်စာပေါင်းပြီးပေးတဲ့ နေပြည်တော်က အကယ်ဒမီပွဲ ဆုရသူများ

မေ၇-၂၀၂၃
KK(VOM)

နေပြည်တော် မြို့တော်ခန်းမရင်ပြင် လဟာပြင်ကဇာတ်ရုံမှာ မနေ့ မေလ၆ ရက်က ၂ဝ၁၉၊ ၂ဝ၂ဝ နဲ့ ၂ဝ၂၂ ခုနှစ်အတွက် မြန်မာရုပ်ရှင်ထူးချွန်ဆုချီးမြင့်ပွဲကို ပြုလုပ်ခဲ့ပါတယ်။

ထူးခြားတာက အကယ်ဒမီပွဲကိုတက်လာတဲ့ အနုပညာရှင်တွေထဲကနေ Myanmar Academy Fashion Award များအဖြစ် အကြီးတန်းဆုကို ရန်အောင်၊စိုးမြတ်သူဇာတို့က ရရှိခဲ့ပြီးအငယ်တန်းဆုကို အောင်ရဲလင်းနဲ့ မိုဟေကို တို့ကရရှိခဲ့ပါတယ်။

၂၀၁၉ ခုနှစ်အတွက် အမျိုးသားဇာတ်ဆောင်ဆုကို အကယ်ဒမီ မြင့်မြတ်က ရိုးမပေါ်ကျတဲ့မျက်ရည် ရုပ်ရှင်ဇာတ်ကားဖြင့် ရရှိခဲ့ပြီး ၂ဝ၂ဝ ပြည့်နှစ် အမျိုးသားဇာတ်ဆောင်ဆုကို စိုင်းစိုင်းခမ်းလှိုင်မှ ပိတောက်ကတဲ့ဂီတ နဲ့ ၂ဝ၁၉ ခုနှစ် အမျိုးသမီးဇာတ်ဆောင်ဆုကို ထပ်ဆင့်အကယ်ဒမီ အိန္ဒြာကျော်ဇင်က ဟစ်တိုင်ရုပ်ရှင် ဇာတ်ကားဖြင့် ရရှိခဲ့ပြီး
၂ဝ၂ဝ ပြည့်နှစ် အမျိုးသမီးဇာတ်ဆောင်ဆုကို အကယ်ဒမီ စိုးပြည့်သဇင် ကနေ ရွှေမင်းသမီး ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့ပါတယ်။

၂ဝ၁၉ ခုနှစ် အမျိုးသားဇာတ်ပို့ဆုကို ဒဏ္ဍာရီမိုး ဇာတ်ကားနဲ့ ရွှေထူးကရရှိခဲ့ပြီး ၂ဝ၂ဝ ပြည့်နှစ် အမျိုးသားဇာတ်ပို့ဆုကို သောင်းတိုက်ကကြားစေသား ဇာတ်ကားနဲ့အုန်းသီး ကရရှိခဲ့ပါတယ်။

၂ဝ၁၉ ခုနှစ် အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကို ခင်ဝင့်ဝါမှ လှပ်၍လွင့်သောဇာတ်ကားနဲ့ရရှိခဲ့ပြီး ၂ဝ၂ဝ ပြည့်နှစ် အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကို ရွှေမင်းသမီး ဇာတ်ကားနဲ့ အကယ်ဒမီ မေသဥ္ဇာဦး က ဆွတ်ခူးရရှိခဲ့ပါတယ်။

၂ဝ၂၂ ခုနှစ် အမျိုးသားဇာတ်ဆောင်ဆုကို ပြေတီဥဦးက လိပ်ပြာထောင်ချောက်နဲ့ ရရှိခဲ့ပြီး ၂ဝ၂၂ ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုကို ရွှေမှုံရတီ မှ ဝေးမနေချင်ဘူး ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့ပါတယ်။

၂ဝ၁၉ ခုနှစ်အတွက် ဇာတ်ညွှန်းဆုကို မောင်မြတ်ဆွေက နိုင်ငံကြီးသားဇာတ်ကားနဲ့ ရရှိခဲ့ပြီး၂ဝ၁၉ ခုနှစ်အတွက် အကောင်းဆုံးရုပ်ရှင်တည်းဖြတ်ဆုကို ၁ဝ၁၄ ရုပ်ရှင်ဇာတ်ကားနဲ့ ဂျီသရီး၊ ကျော်ခိုင်စိုး တို့မှ ရရှိခဲ့ပြီး၊ ၂ဝ၂၂ ခုနှစ်အတွက် လိပ်ပြာထောင်ချောက် ဇာတ်ကားနဲ့ ကြည်သာ က ရရှိခဲ့ပါတယ်။

၂ဝ၂ဝ ပြည့်နှစ်အတွက် အကောင်းဆုံးရုပ်ရှင်ဒါရိုက်တာဆုကို ဒါရိုက်တာမီးပွားမှ ပိတောက် ကတဲ့ဂီတနဲ့ရရှိခဲ့ပါတယ်။

၂ဝ၂ဝ ပြည့်နှစ်အတွက် ရုပ်ရှင်အထူးဆုကို ကမ္မဖလ ရုပ်ရှင်ဇာတ်ကားကြီးက ရရှိခဲ့ပါတယ်။၂ဝ၂ဝ ပြည့်နှစ်အတွက် အကောင်းဆုံးဇာတ်ကားဆု ပိတောက်ကတဲ့ဂီတကို ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ Frenzon မှ ရရှိခဲ့ပြီး၊ ၂ဝ၂၂ ခုနှစ် အကောင်းဆုံးဇာတ်ကားဆုကို ဝေးမနေချင်ဘူး ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးထုတ်လုပ်ခဲ့တဲ့Triple-6 က ရရှိခဲ့ပါတယ်။

၂ဝ၁၉ ခုနှစ်အတွက် အကောင်းဆုံးရုပ်ရှင်အသံဆုကို ၁ဝ၁၄ ဇာတ်ကားနဲ့ ဦးကြည်မင်းသိန်း က ရရှိခဲ့ပြီး၂ဝ၁၉ ခုနှစ်အတွက် အကောင်းဆုံးရုပ်ရှင်တေးဂီတဆုကို နို့ဘီလူး ဇာတ်ကားနဲ့ကျော်ကျော်ထွန်း၊ ၂ဝ၂ဝ ပြည့်နှစ်အတွက် ဂန္ဓဗ္ဗ ဇာတ်ကားနဲ့ အောင်ကိုလတ် တို့က ရရှိခဲ့ပါတယ်။

၂ဝ၁၉ ခုနှစ်အတွက် ရုပ်ရှင်ဓါတ်ပုံထူးချွန်ဆုကို ဒဏ္ဏာရီမိုး ဇာတ်ကားနဲ့ အာကာတိုး၊ ၂ဝ၂ဝ ပြည့်နှစ်အတွက် ဓာတ်ပုံထူးချွန်ဆုကို ပိတောက်ကတဲ့ဂီတ နဲ့ ဖြိုးကျော်တို့က ရရှိခဲ့ပါတယ်။

၂၀၂၀ နဲ့၂၀၂၂ ခုနှစ်မှာတော့ ရုပ်ရှင်ဇာတ်ညွန်းဆုကို ချီးမြှင့်နိူင်တာ မတွေ့ရပါဘူး။

#voiceofmyanmar #VOM #အကယ်ဒမီ

Related posts

Leave a Comment

VOM News

FREE
VIEW