မင်္ဂလာဒုံNLDအလုပ်မှုဆောင်ဖြစ်သူရဲ့ ညီမနဲ့ တူမ သေနတ်နဲ့ပစ်သတ်ခံရ

မေ ၇ – ၂၀၂၃ GG (VOM) ရန်ကုန်မြို့၊ မင်္ဂလာဒုံ မြို့နယ်မှာ အသက်မပြည့်သေးတဲ့ ကလေးငယ်နဲ့မိခင်ဖြစ်သူတို့ ဒီနေ့မေလ ၇ ရက်နေ့မှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ အသတ်ခံရတဲ့ သားအမိနှစ်ဦးဟာ မင်္ဂလာဒုံမြို့နယ်ကုန်းတလဘောင်ကျေးရွာ၊ မိုးမခလမ်းမှာနေထိုင်သူတွေဖြစ်ကြောင်း အ​မေက အသက် ၃၈ နှစ်အရွယ် မကြူကြူနိုင် ဖြစ်ပြီး ကလေးငယ်က အသက် ၁၀ နှစ်အရွယ် မချစ်သမီး ဆိုသူတို့ဖြစ်တယ်လို့ သိရပါတယ်။ ” သူတို့အိမ်မှာပဲ စျေးရောင်းနေချိန် အိမ်ရှေ့ကိုကားနဲ့ရောက်လာပြီး အထဲထိဝင်ပစ်သွားတာလို့သိရတယ်။ ခေါင်းတွေကို အနီးကပ်ကို တေ့ပစ်သွားတာ ။မနက် ၉ နာရီလောက်မှာဖြစ်သွားတာ။ အသံတိတ်သေနတ်သုံးပြီးပစ်သွားတာလို့ပြောတယ် “လို့ မင်္ဂလာဒုံမြို့နယ် နေထိုင်သူတစ်ဦးကပြောပါတယ်။ အသတ်ခံရတဲ့ သားအမိနှစ်ဦးဟာ မင်္ဂလာဒုံမြို့နယ် NLD ပါတီ အလုပ်အမှုဆောင်ဖြစ်သူ ဦးဝင်းနိုင်မိုးဆိုသူရဲ့ ညီမနဲ့တူမဖြစ်ကြောင်း ၊ ဦးဝင်းနိုင်ကတော့ နေအိမ်မှာမရှိဘဲ တိမ်းရှောင်နေတာကြာပြီဖြစ်တယ်လို့သိရပါတယ်။…

Read More

၆ ရက်အတွင်း ကိုဗစ်ကူးစက်မှု ၁၀၀၀ ကျော်အထိရှိလာပြီး သေဆုံးသူ ၃ ယောက်ရှိခဲ့

မေ ၇ – ၂၀၂၃ GG (VOM) မြန်မာနိုင်ငံမှာ ၆ ရက်အတွင်း ကိုဗစ် ၁၉ ရောဂါ အတည်ပြုလူနာပေါင်း ၁၀၀၀ ကျော်အထိ ကူးစက်မှု တွေ့ရှိထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေအရသိရပါတယ်။ အဆိုပါ ကိုဗစ်လူနာတွေ့ရှိမှု စာရင်းဟာ မေလ ၁ ရက်နေ့ကနေ မေလ ၆ ရက်နေ့အထိ ကူးစက်ခံရသူတွေဖြစ်ပြီး စုစုပေါင်း ၁၀၀၅ ယောက်ဖြစ်ကြောင်း ၊သေဆုံးတဲ့လူနာကတော့ ဒီနေ့ မေလ ၇ ရက်နေ့အထိဆိုရင် ကိုဗစ်ရောဂါကြောင့် သေဆုံးခဲ့တဲ့လူနာ ၃ ယောက် ရှိခဲ့တယ်လို့ သက်ဆိုင်ရာမြို့နယ်ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။ ” ဆေးရုံက ဒီလူနာဟာ ကိုဗစ်နဲ့သေတာအတည်ပြုလို့ ကျနော်တို့က ကိုဗစ်စည်းကမ်းနဲ့သဂြိုလ်ပေးရတာပါ။ကိုဗစ်ဆိုတာ လူနာရှင်တွေကိုယ်တိုင်လည်းသိတယ်၊မိသားစုဝင်တွေတောင် ဆေးစစ်ကြရတာပဲလေ ။ဝန်ကြီးဌာနဘက်က ဘာလို့သေဆုံးစာရင်းမထုတ်လဲတော့ ကျနော်တို့လည်းမသိပါဘူး “လို့ ကိုဗစ်ရောဂါကြောင့် သေဆုံးခဲ့တဲ့လူနာကို သဂြိုလ်ပေးခဲ့တဲ့ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။…

Read More

အာရှမှာ နေတိုးအဖွဲ့ရဲ့ ပထမဆုံးရုံး တိုကျိုမှာဖွင့်ဖို့ စီစဉ်နေ

ဘရပ်ဆဲလ်၊ မေ-၇-၂၀၂၃ မျိုးဆက်(VOM) အာရှဒေသမှာ နေတိုးအဖွဲ့ရဲ့ ပထမဆုံးရုံကို ဂျပန်နိုင်ငံ တိုကျိုမြို့မှာဖွင့်လှစ်ဖို့ စီစဉ်နေကြောင်း Nikkei Asia သတင်းဌာနက ဖော်ပြထားပါတယ်။ နေတိုးအဖွဲ့က အဲဒီရုံးဖွင့်လှစ်ခဲ့မယ်ဆိုရင် တောင်ကိုရီးယား၊ သြစတြေးလျနဲ့ နယူးဇီလန်ကဲ့သို့ ဒေသတွင်း အဓိက မဟာမိတ်တွေနဲ့နေတိုးအဖွဲ့တို့အကြား အချိန်အခါအလိုက် ဆွေးနွေးမှုတွေ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဇူလိုင် ၁၁ ရက်နေ ၁၁ ထိ လစ်သူယေးနီးယားနိုင်ငံ ဗယ်လင်နပ်စ်မှာကျင်းပမယ့် နေတိုးထိပ်သီးဆွေးနွေးပွဲမတိုင်ခင်မှာ မိတ်ဖက်ဆက်ဆံရေးအစီအစဉ်သစ်(ITPP ) ကိုလက်မှတ်ရေးထိုးဖို့ စီစဉ်နေတဲ့ ဂျပန်နဲ့ နေတိုးအဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ဖို့ စီစဉ်နေပါတယ်။ ဆိုက်ဘာခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ နှစ်ဘက်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားသွားဖို့နဲ့ ပေါ်ပေါက်လာမယ့် နည်းပညာဆိုင်ရာအနှောက်အယှက်တွေကို ညှိနှိုင်းဆောင်ရွက်သွားဖို့ရှိနေပြီး ဒီအစီအစဉ်အပေါ် နှစ်ဘက်စလုံးက အတည်ပြုထားပါတယ်။ နေတိုးရုံးခန်းဖွင့်လှစ်ရေးနဲ့ပတ်သက်ပြီး နေတိုးအတွင်းရေးမှူးချုပ် ယန်းစတိုတင်ဘာ့ဂ်ဟာ ဇန်နဝါရီလကုန်ပိုင်းက ဂျပန်ခရီးစဉ်အတွင်း ဂျပန်၀န်ကြီးချုပ် ကီရှီဒါနဲ့ ပထမဆုံးအကြိမ် ဆွေးနွေးခဲ့တာဖြစ်ပြီး…

Read More

မီတာပုံးကနေ ဝါယာရှော့ခ်ဖြစ်လို့ အိမ် ၉ လုံး မီးလောင်ပျက်စီးခဲ့

မေ ၇ – ၂၀၂၃ GG(VOM) ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဇောင်းတူကျေးရွာမှာ ဒီနေ့ မေလ ၇ ရက်နေ့ မနက်အစောပိုင်းတုန်းက နေအိမ် ၉ လုံးမီးလောင်ပျက်စီးမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ဖြစ်စဥ်မှာ ဇောင်းတူရွာ ၊ ကွင်းတန်းလမ်းက ဒေါ်တင်လှဆိုသူရဲ့နေအိမ် မီတာပုံးက ဝါယာရှော့ခ်ဖြစ် မီးလောင်ပြီး အဲ့ဒီကမှတဆင့် နောက်ထပ်နေအိမ်တွေကို မီးကူးစက်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” မနက်ကြီး ၂ နာရီလောက်မှာ မီးလောင်တာပါ။မီးတွေက လာလိုက်မလာလိုက်နဲ့ကို မလာတာကများတယ်။လာတဲ့အချိန်ကျတော့လည်း မီးအားက မမှန်တာတွေရှိတော့ အဲ့ဒီမှာ ရှော့ခ်ဖြစ်ပြီးမီးလောင်တဲ့သဘောပါ။မီးစလောင်ချိန် မသိလိုက်တော့ မီးကများသွားပြီး ဘေးအိမ်တွေပါအကုန်ကူးလောင်ကုန်တာပါ “လို့ ပဲခူးဒေသခံတစ်ဦးကပြောပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတဲ့အိမ်တွေက ပျဉ်ထောင် ၊ ပျဉ်ခင်း ၊ သွပ်မိုး နေအိမ်တွေ ဖြစ်ပြီး ဆုံးရှုံးမှုတန်ဖိုးကတော့ အားလုံးပေါင်း သိန်း ၁၀၀ နီးပါးလောက်ရှိနိုင်ကြောင်း သက်ဆိုင်ရာတာဝန်ရှိမီးသတ်ဌာနက တွက်ချက်ထားတယ်လို့သိရပါတယ်။…

Read More

ဇာတ်ပို့သရုပ်ဆောင် ဦးအောင်သာ အကယ်ဒမီပေးပွဲကအပြန် ကားပေါ်မှာ သေဆုံး

မေ ၇ – ၂၀၂၃ GG(VOM) ဇာတ်ပို့သရုပ်ဆောင် ဦးအောင်သာ နေပြည်တော်မှာ ပြုလုပ်တဲ့ အကယ်ဒမီဆုပေးပွဲကနေအပြန် အနုပညာရှင်တွေကြိုပို့လုပ်ပေးတဲ့ ကားပေါ်မှာ ဒီနေ့ မေလ ၇ ရက်နေ့မနက်ပိုင်းက ကွယ်လွန်သွားပြီဖြစ်တယ်လို့သိရပါတယ်။ ” မနေ့ကတွေ့တော့ကို နုတ်ဆက်လိုက်သေးတယ်၊အဲ့ဒီတုန်းကတော့ လန်းလန်းဆန်းဆန်းပါပဲ။ အခုမနက် ပြန်ဖို့ အားကစားရိပ်သာကနေ ကားပေါ်ကိုအထုတ်တွေတင် နေရာယူကြတော့သူက ထိုင်ခုံပေါ်မှာလဲနေလို့ ခေါ်ကြတော့ ခေါ်မရတော့ဘူး။ဆရာဝန်တွေလည်း လာကြည့်ပေမယ့် အသက်မရှိတော့ဘူး။သူက အသက်လည်းကြီးပြီလေ။ မိသားစုနဲ့လည်းအဆက်အသွယ်ရပါပြီ “လို့ အနုပညာရှင်တစ်ဦးကပြောပြပါတယ်။ အကယ်ဒမီဆုပေးပွဲကနေ ပြန်ဖို့အတွက် ကားပေါ်မှာ နေရာတွေ ယူနေချိန် ထိုင်ခုံပေါ်မှာ သတိလစ်ကာ သေဆုံးနေတာဖြစ်ကြောင်း၊လက်ရှိမှာ ရုပ်အေလာင်းကို ရန်ကုန်ကိုပြန်လည်သယ်ဆောင်ဖို့ လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။ နောက်ထပ် အနုပညာရှင်တစ်ဦးကလည်း ” မနေ့ကညကလည်း ဝမ်းတွေသွားတယ်လို့သိရတယ်။ညကလည်း ဘာမှမစားရဘူး။အခုမနက်ကြီးကျတော့လည်း ဘာမှမစားရဘူး။ အစားမရှိ ဒဏ်မခံနိုင်လို့သတိလစ်ရင်းက အသက်ပါသွားတာထင်ရတာပဲ။ ” လို့ ပြောပါတယ်။…

Read More

သုံးနှစ်စာပေါင်းပြီးပေးတဲ့ နေပြည်တော်က အကယ်ဒမီပွဲ ဆုရသူများ

မေ၇-၂၀၂၃ KK(VOM) နေပြည်တော် မြို့တော်ခန်းမရင်ပြင် လဟာပြင်ကဇာတ်ရုံမှာ မနေ့ မေလ၆ ရက်က ၂ဝ၁၉၊ ၂ဝ၂ဝ နဲ့ ၂ဝ၂၂ ခုနှစ်အတွက် မြန်မာရုပ်ရှင်ထူးချွန်ဆုချီးမြင့်ပွဲကို ပြုလုပ်ခဲ့ပါတယ်။ ထူးခြားတာက အကယ်ဒမီပွဲကိုတက်လာတဲ့ အနုပညာရှင်တွေထဲကနေ Myanmar Academy Fashion Award များအဖြစ် အကြီးတန်းဆုကို ရန်အောင်၊စိုးမြတ်သူဇာတို့က ရရှိခဲ့ပြီးအငယ်တန်းဆုကို အောင်ရဲလင်းနဲ့ မိုဟေကို တို့ကရရှိခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်အတွက် အမျိုးသားဇာတ်ဆောင်ဆုကို အကယ်ဒမီ မြင့်မြတ်က ရိုးမပေါ်ကျတဲ့မျက်ရည် ရုပ်ရှင်ဇာတ်ကားဖြင့် ရရှိခဲ့ပြီး ၂ဝ၂ဝ ပြည့်နှစ် အမျိုးသားဇာတ်ဆောင်ဆုကို စိုင်းစိုင်းခမ်းလှိုင်မှ ပိတောက်ကတဲ့ဂီတ နဲ့ ၂ဝ၁၉ ခုနှစ် အမျိုးသမီးဇာတ်ဆောင်ဆုကို ထပ်ဆင့်အကယ်ဒမီ အိန္ဒြာကျော်ဇင်က ဟစ်တိုင်ရုပ်ရှင် ဇာတ်ကားဖြင့် ရရှိခဲ့ပြီး ၂ဝ၂ဝ ပြည့်နှစ် အမျိုးသမီးဇာတ်ဆောင်ဆုကို အကယ်ဒမီ စိုးပြည့်သဇင် ကနေ ရွှေမင်းသမီး ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့ပါတယ်။…

Read More

မြန်မာနိုင်ငံကို ပြန်ဖို့ သဘောမတူဘူးလို့ ရခိုင်ကိုလာတဲ့ ရိုဟင်ဂျာဒုက္ခသည်ကိုယ်စားလှယ်တွေ ပြော

ဒါကာ၊ မေ-၆-၂၀၂၃ မျိုးဆက်(VOM) မနေ့က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဒုက္ခသည်တွေအတွက် နေရာထိုင်ခင်းနဲ့ အခြေအနေတွေကို လာရောက်လေ့လာခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည်ကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံကို သူတို့ဆန္ဒသဘောအလျောက် ပြန်ဖို့သဘောမတူဘူးလို့ အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။ ဒုက္ခသည် ကိုယ်စားလှယ်အဖွဲ့ ၂၀ ဦးနဲ့အတူ ဘင်္ဂလားဒေ့ရ်ှအာဏာပိုင်တွေဟာ ရခိုင်ပြည်နယ်မှာ ဒုက္ခသည်တွေနေဖို့ဆောက်ထားတဲ့ စံပြကျေးရွာနှစ်ရွာကို သွားရောက်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ ကိုယ့်မြေကို ကိုယ်ပြန်ရမှာဖြစ်ပြီး ဘေးကင်းလုံခြုံရေးနဲ့ နိုင်ငံသားဖြစ်ခွင့်တောင်းဆိုချက်တွေ လက်ခံရင် ပြန်မယ်လို့ ဒုက္ခသည်ကိုယ်စားလှယ်အဖွဲ့က မိုဟာမက်စလင်းက ပြောပါတယ်။ ပြန်လည်နေထိုင်မယ့် ဒုက္ခသည်တွေအတွက် စျေး၊ ဆေးရုံ အပါအ၀င် အဆောက်အဦတွေအသစ်တည်ဆောက်ထားပေမယ့်လည်း လုံခြုံရေးအတွက် စိုးရိမ်ကြောင်း ကိုယ်စားလှယ်အဖွဲ့မှာပါတဲ့ ဒုက္ခသည်အမျိုးသမီးတဦးကလည်း ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ဒုက္ခသည်တွေအတွက် ဘယ်အရာမှမလုံခြုံကြောင်းနဲ့ ထပ်ပြီး ဖိနှိပ်မှုတွေ ခံရနိုင်တယ်လို့ သူမက ပြောပါတယ်။ ကိုယ်စားလှယ်အဖွဲ့နဲ့အတူ လိုက်ပါလာတဲ့ ဘင်္ဂလားဒေ့ရ်ှဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးကတော့ ဒုက္ခသည်တွေ နေရပ်ပြန်ရေးအစီအစဉ်ကို…

Read More

ဆူဒန် ဒီမိုကရေစီ စစ်ပွဲအဖြစ်အဆုံးသတ်သွားစေဖို့ အမေရိကန်လမ်းပြမိခဲ့လေသလား

မေ ၆-၂၀၂၃ Voice Of Myanmar(VOM) ဘိုင်ဒန်အစိုးရအဖွဲ့နဲ့၎င်းရဲ့မဟာမိတ်တွေက ပြိုင်ဘက်ဗိုလ်ချုပ်နှစ်ဦးရဲ့ ရည်ရွယ်ချက်တွေနဲ့ပတ်သက်လို့ တုံနိဘာဝေဖြစ်နေခဲ့ကြပြီး အရပ်သားခေါင်းဆောင်တွေကို လုပ်ပိုင်ခွင့်အာဏာပေးဖို့ ပျက်ကွက်ခဲ့ကြတယ်လို့ ဝေဖန်ရေးသမားတွေက ဆိုပါတယ်။ ပြီးခဲ့တဲ့အပတ်တွေမှာတော့ အမေရိကန်သံတမန်တွေက စစ်အာဏာရှင်စနစ်ကနေ အတောင်အလက်စုံတဲ့ ဒီမိုကရေစီအဖြစ် ကူးပြောင်းမြှင့်တင်ပေးနိုင်မယ့်သဘောတူညီချက် အောင်မြင်ထိုးဖောက်နိုင်ဖို့နီးကပ်လာနေပြီး ၂၀၁၉ခုနှစ်ကဆူဒန်တော်လှန်ရေးကတိကဝတ်အတိုင်းဆောင်ရွက်နေပြီလို့ တွေးထင်ထားခဲ့ကြတာဖြစ်ပါတယ်။ ကမ္ဘာတဝန်းဒီမိုကရေစီမြှင့်တင်နိုင်ရေးနဲ့ နိုင်ငံတွေမှာအကျင့်ပျက်ခေါင်းဆောင်တွေကိုအင်အားနည်းစေပြီး တရုတ်၊ ရုရှားနဲ့ အာဏာရူးသွပ်တဲ့အခြားနိုင်ငံတွေရဲ့လွှမ်းမိုးမှုကနေ မြေကတုတ်သဖွယ် ခုခံကာကွယ်ထား နိုင်စွမ်းပိုရှိလာစေရေးဆိုတဲ့ သမ္မတဘိုင်ဒန်ရဲ့နိုင်ငံခြားရေးမူဝါဒအဓိကရည်မှန်းချက်အတွက် ဆူဒန်အရေးက အရေးပါတဲ့စမ်းသပ်မှုတစ်ရပ်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဧပြီလ ၂၃ရက်မှာတော့ ဆူဒန်အရေးညှိနှိုင်းမှုတွေမှာပါဝင်ထားခဲ့တဲ့ အမေရိကန်သံတမန်တွေကပဲ ရုတ်ချည်းသံရုံးပိတ်ချလိုက်ရပြီး ပြည်တွင်းစစ်ပိုဆိုးလာနိုင်ဖွယ်အလားအလာရှိနေတဲ့ ဆူဒန်နိုင်ငံ ခါတွမ်မြို့တော်ကနေ ညဉ့်နက်သန်းခေါင် ရဟတ်ယာဉ်တွေနဲ့ တိမ်းရှောင်ထွက်ခွာသွားခဲ့ကြရပါတယ်။ ဘိုင်ဒန်အစိုးရအဖွဲ့အရာရှိတွေနဲ့ ၎င်းတို့ရဲ့မဟာမိတ်တွေက အခုအခါမှာတော့ စစ်မီးတောက်လောင်နေပြီဖြစ်တဲ့ ဗိုလ်ချုပ်နှစ်ဦး အပစ်အခတ်တွေရပ်ကြဖို့၊ သိမ်မွေ့တဲ့နည်းလမ်းနဲ့ တိုက်ပွဲတွေအဆုံးသတ်စေဖို့ နည်းလမ်း ရှာဖွေရုန်းကန်နေကြရပြီဖြစ်ပါတယ်။ နိုင်ငံရပ်ခြားအစိုးရတွေအနေနဲ့လည်း ၎င်းတို့ရဲ့နိုင်ငံသားတွေကို သေဆုံးသူ ၅၂၈ဦးနဲ့…

Read More

တိုက်ပွဲဖြစ်နေတဲ့ ဆူဒန်စစ်တပ်နဲ့ ပြည်သူ့စစ်တို့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဆော်ဒီမှာပြုလုပ်မယ်

ခါတွမ်၊ မေ-၆-၂၀၂၃ မျိုးဆက်(VOM) ဆူဒန်မှာ အပစ်အခတ်ရပ်စဲရေးတွေ ပျက်ပြားသွားပြီးနောက် ဆူဒန်စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တို့အကြား ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်ငြိမ်းချမ်းရေဆွေးနွေးပွဲကို ဆော်ဒီအာရေဗျမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဆူဒန်စစ်တပ်နှင့် အာအက်စ်အက်ဖ်အရန်တပ်တို့အကြား မေ ၆ ရက်မှာ အကြိုညှိနှိုင်းဆွေးနွေးပွဲတွေ စတင်ဖို့စီစဉ်ခြင်းကို ကြိုဆိုကြောင်း အမေရိကန်နှင့် ဆော်ဒီအာရေဗျတို့က ပူးတွဲထုတ်ပြန်ထားပါတယ်။ မေ ၅ ရက်ထိ ဆူဒန်နိုင်ငံ မြို့တော်ခါတွမ်မှာတော့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားလျှက်ရှိပါတယ်။ အဲဒီဆွေးနွေးပွဲတွေဟာ လူသားချင်းစာနာမှုဆိုင်ရာ ပြသနာများကို ဖြေရှင်းဖို့ရည်ရွယ်တယ်လို့ ဆူဒန်စစ်တပ်ကပြောပါတယ်။ အာအက်စ်အက်ဖ် ပြည်သူ့စစ်အဖွဲ့ကတော့ ဒီကိစ္စနဲ့ပတ်သက်၍ မှတ်ချက်ပြုပြောဆိုခြင်းမရှိသေးပါဘူး။ ဆိုးရွားသော လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကို ဖြေရှင်းရေး ကုလသမဂ္ဂနဲ့ အညီအညီပေးရေးအဖွဲ့တွေက ဆွေးနွေးပွဲတက်ဖို့ ကိုယ်စားလှယ်တွေ စေလွှတ်ထားပါတယ်။ ရက်သတ္တပတ် သုံးပတ်နီးပါးကြာ ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် အရပ်သား လေးသိန်းငါးသောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး သူတို့ထဲက တသိန်းတသောင်းကျော်ဟာ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးခဲ့ရကြောင်း နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ကထုတ်ပြန်ထားပါတယ်။ Ref:BBC…

Read More

အမရပူရမြို့နယ်ရှိ ဓာတ်ဆီဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရ

မေ ၆-၂၀၂၃ Voice Of Myanmar(VOM) မန္တလေးမြို့၊ အမရပူရမြို့နယ်၊ စစ်ကိုင်း-မန္တလေးလမ်းပေါ်၊ ယာဥ်တော်ကျေးရွာရှိ Denkoဆီဆိုင်မှာ ဒီက​နေ့မနက် ၂နာရီခွဲခန့်က ဓားပြတိုက်ခံခဲ့ရပြီး စက်သုံးဆီရောင်းရငွေ သိန်း ၂၆၀နီးပါး ပါသွားတယ်လို့ ရဲနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ ရဲနဲ့နီးစပ်သူတစ်ဦးက ” ဖြစ်စဥ်က မနက်အစော ၂ခွဲအချိန်လောက်ကပဲ၊ ဆီဆိုင် လုံခြုံရေးတွေကို ဆီ​ဖြည်ချင်တယ် ဟန်ဆောင်ပြီ ဓားနဲ့ထောက်တယ်၊ မန်နေဂျာကို ငွေတွေထားတဲ့ အခန်းပြခိုင်းတယ်၊ မီးခံသေတ္တာဖွင့်ခိုင်းပြီး ငွေ ၂၅၆သိန်း ယူသွားတယ်၊ လုံခြုံရေး၂ဦးနဲ့ မန်နေဂျာကို လက်ပြန်ကြိုးတုပ်ပြီး CCTVစက်တွေ ယူ ထွက်ပြေးသွားတယ်”လို့ ပြောပါတယ်။ ဓားပြလာတိုက်သူ(၃)ဦးဟာ ဆီပြတ်လို့ ဆီထည့်ချင်ဟန်ဆောင်ပြီး လုံခြုံရေး(၂)ဦးကို လည်ပင်းညစ်၊ ဓားနဲ့ထောက်၊ ဓားနောက်နဲ့ထုပြီး လက်ပြန်ကြိုးတုပ်ကာ မန်နေဂျာရှိရာနေရာကို လိုက်လံပြသခိုင်းခဲ့ပါတယ်။ အဲ့ဒီနောက် မန်နေဂျာကိုခေါ်ဆောင်ကာ စက်သုံးဆီရောင်းငွေတွေထားရှိတဲ့နေရာကို လိုက်ပြခိုင်းပြီး ငွေ ၂၅၆ သိန်းနဲ့…

Read More
VOM News

FREE
VIEW