အာရှမှာ နေတိုးအဖွဲ့ရဲ့ ပထမဆုံးရုံး တိုကျိုမှာဖွင့်ဖို့ စီစဉ်နေ

ဘရပ်ဆဲလ်၊ မေ-၇-၂၀၂၃
မျိုးဆက်(VOM)

အာရှဒေသမှာ နေတိုးအဖွဲ့ရဲ့ ပထမဆုံးရုံကို ဂျပန်နိုင်ငံ တိုကျိုမြို့မှာဖွင့်လှစ်ဖို့ စီစဉ်နေကြောင်း Nikkei Asia သတင်းဌာနက ဖော်ပြထားပါတယ်။

နေတိုးအဖွဲ့က အဲဒီရုံးဖွင့်လှစ်ခဲ့မယ်ဆိုရင် တောင်ကိုရီးယား၊ သြစတြေးလျနဲ့ နယူးဇီလန်ကဲ့သို့ ဒေသတွင်း အဓိက မဟာမိတ်တွေနဲ့နေတိုးအဖွဲ့တို့အကြား အချိန်အခါအလိုက် ဆွေးနွေးမှုတွေ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ဇူလိုင် ၁၁ ရက်နေ ၁၁ ထိ လစ်သူယေးနီးယားနိုင်ငံ ဗယ်လင်နပ်စ်မှာကျင်းပမယ့် နေတိုးထိပ်သီးဆွေးနွေးပွဲမတိုင်ခင်မှာ မိတ်ဖက်ဆက်ဆံရေးအစီအစဉ်သစ်(ITPP ) ကိုလက်မှတ်ရေးထိုးဖို့ စီစဉ်နေတဲ့ ဂျပန်နဲ့ နေတိုးအဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ဖို့ စီစဉ်နေပါတယ်။

ဆိုက်ဘာခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ နှစ်ဘက်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားသွားဖို့နဲ့ ပေါ်ပေါက်လာမယ့် နည်းပညာဆိုင်ရာအနှောက်အယှက်တွေကို ညှိနှိုင်းဆောင်ရွက်သွားဖို့ရှိနေပြီး ဒီအစီအစဉ်အပေါ် နှစ်ဘက်စလုံးက အတည်ပြုထားပါတယ်။

နေတိုးရုံးခန်းဖွင့်လှစ်ရေးနဲ့ပတ်သက်ပြီး နေတိုးအတွင်းရေးမှူးချုပ် ယန်းစတိုတင်ဘာ့ဂ်ဟာ ဇန်နဝါရီလကုန်ပိုင်းက ဂျပန်ခရီးစဉ်အတွင်း ဂျပန်၀န်ကြီးချုပ် ကီရှီဒါနဲ့ ပထမဆုံးအကြိမ် ဆွေးနွေးခဲ့တာဖြစ်ပြီး ဧပြီလမှာတော့ ရုံးခန်းဖွင့်လှစ်မယ့် အဆိုပြုချက်မူကြမ်းကို အဖွဲ့၀င် ၃၁ နိုင်ငံကို အသိပေးဖြန့်ဝေခဲ့ကြောင်း သိရပါတယ်။

Ref: Nikkei Asia
Photo:NATO
#voiceofmyanmar #VOM #ဘရပ်ဆဲလ်

Related posts

Leave a Comment

VOM News

FREE
VIEW