အမရပူရမြို့နယ်ရှိ ဓာတ်ဆီဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရ

မေ ၆-၂၀၂၃
Voice Of Myanmar(VOM)

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ စစ်ကိုင်း-မန္တလေးလမ်းပေါ်၊ ယာဥ်တော်ကျေးရွာရှိ Denkoဆီဆိုင်မှာ ဒီက​နေ့မနက် ၂နာရီခွဲခန့်က ဓားပြတိုက်ခံခဲ့ရပြီး စက်သုံးဆီရောင်းရငွေ သိန်း ၂၆၀နီးပါး ပါသွားတယ်လို့ ရဲနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ရဲနဲ့နီးစပ်သူတစ်ဦးက ” ဖြစ်စဥ်က မနက်အစော ၂ခွဲအချိန်လောက်ကပဲ၊ ဆီဆိုင် လုံခြုံရေးတွေကို ဆီ​ဖြည်ချင်တယ် ဟန်ဆောင်ပြီ ဓားနဲ့ထောက်တယ်၊ မန်နေဂျာကို ငွေတွေထားတဲ့ အခန်းပြခိုင်းတယ်၊ မီးခံသေတ္တာဖွင့်ခိုင်းပြီး ငွေ ၂၅၆သိန်း ယူသွားတယ်၊ လုံခြုံရေး၂ဦးနဲ့ မန်နေဂျာကို လက်ပြန်ကြိုးတုပ်ပြီး CCTVစက်တွေ ယူ ထွက်ပြေးသွားတယ်”လို့ ပြောပါတယ်။

ဓားပြလာတိုက်သူ(၃)ဦးဟာ ဆီပြတ်လို့ ဆီထည့်ချင်ဟန်ဆောင်ပြီး လုံခြုံရေး(၂)ဦးကို လည်ပင်းညစ်၊ ဓားနဲ့ထောက်၊ ဓားနောက်နဲ့ထုပြီး လက်ပြန်ကြိုးတုပ်ကာ မန်နေဂျာရှိရာနေရာကို လိုက်လံပြသခိုင်းခဲ့ပါတယ်။

အဲ့ဒီနောက် မန်နေဂျာကိုခေါ်ဆောင်ကာ စက်သုံးဆီရောင်းငွေတွေထားရှိတဲ့နေရာကို လိုက်ပြခိုင်းပြီး ငွေ ၂၅၆ သိန်းနဲ့ CCTVအောက်စက်(၂)လုံးတို့ကို ယူဆောင်ကာ မန်နေဂျာနဲ့ လုံခြုံရေးတို့ (၃)ဦးကို လက် နောက်ပြန်ကြိုးတုပ်ကာ ထွက်ပြေးသွားတာဖြစ်တယ်လို့ သိရပါတယ်။

အခင်းဖြစ်တဲ့နေရာကို သက်ဆိုင်ရာအဖွဲ့တွေ လာရောက်စစ်ဆေးသွားပြီး ဓားပြတိုက်သွားသူ (၃)ဦးကို လိုက်လံဖမ်းဆီးလျက်ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း မန္တလေးမြို့က ရွှေဆိုင်အချို့ သိန်း ထောင်နဲ့ချီ ဓားပြတိုက်ခံခဲ့ရပြီး ကျူးလွန်သူတွေကို ဖမ်းဆီရမိခဲ့တယ်လို့ မနေ့ မေလ ၅ ရက်က ထုတ်ပြန်ကြေညာခဲ့ပါသေးတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #မန္တလေး #DENKOဆီဆိုင် #ဓားပြတိုက်ခံရမှု

Related posts

Leave a Comment

VOM News

FREE
VIEW