ဗန်းမောက်မြို့ပေါ်မှာ လူသုံးကုန်နဲ့ စားသောက်ကုန်စည်တွေ ပြတ်လပ်နေ

မေ ၂၇ -၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ ဗန်းမောက်မြို့ပေါ်မှာ အခြေခံ လူသုံးကုန်ပစ္စည်းတွေနဲ့ စားသောက်ကုန်စည်တွေ ပြတ်လပ်နေပြီး စျေးနူန်းအဆမတန် ကြီးမြင့်မှုတွေကြောင့် ဒေသခံတွေ အခက်တွေ့နေရတယ်လို့ ဗန်းမောက်မြို့ခံ ကုန်သည်တွေဆီက သိရပါတယ်။

” မတည်ငြိမ်မှုတွေကြောင့် ဗန်းမောက်စျေးက နေ့တပိုင်းပဲဖွင့်တယ် ၊ မန္တလေးဘက်က ကုန်ကားတွေ မဝင်ဘူး ၊ နောက်ပြီး မြို့နယ်ထဲက စျေးသည်တွေလည်း မလာရဲကြဘူး ၊ အနည်းငယ်လောက်ပဲ လာတယ် “လို့ ဗန်းမောက်မြို့ခံတစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် ဗန်းမောက်မြို့ခံ ကုန်စုံဆိုင်လုပ်ငန်းရှင်တစ်ယောက်က ” ဗန်းမောက် – အင်းတော် ကားလမ်းပိတ်ထားတာ ၂ လကျော်ပြီ ၊ ကုန်စည် အဝင်ကား မရှိဘူး ၊ ရှိတဲ့ကုန်လေးတွေ မျှဝေ ရောင်းပေးနေရတယ် ၊ မြို့ပေါ်က စျေးဆိုင်အများစုကတော့ ပိတ်ထားတယ် “လို့ ပြောပါတယ်။

ဗန်းမောက်မြို့ပေါ်မှာ အဝင်ကုန်စည်ကားတွေ မရှိသလောက် နည်းပါးသွားတာကြောင့် ကုန်စည်ပြတ်လပ်တာတွေနဲ့ ကုန်စျေးနူန်းအဆမတန်ကြီးမြင့်တာတွေ နဲ့ပတ်သက်လို့ ဒေသခံတစ်ယောက်က ” စက်သုံးဆီ အဝင်ကားမရှိဘူး ၊ ဓာတ်ဆီ တစ်လီတာကို ၄၅၀၀ ၊ ကုလားပဲဆန် နို့ဆီတစ်ဗူး ၁၀၀၀ ၊ ကြက်ဥ တစ်ထောင်ဖိုး ၃ လုံး ၊ ဆပ်ပြာကိုယ်တိုက်ခဲ ၁ခဲ ၃၀၀၀ ၊ စားဆီသန့် တစ်ပိသာ ၁၃၀၀၀၊ ဝက်တစ်ပိသာ ၂၅၀၀၀ ၊ ကြက်တပိသာ (CP) ၁၅၀၀၀ ရှိတယ် “လို့ ပြောပါတယ်။

အဲ့ဒီလို ဗန်းမောက်မြို့ပေါ်မှာ ကုန်စည်ပြတ်လပ်တာနဲ့ ကုန်စျေးနူန်းကြီးမြင့်ရတာက ဗန်းမောက် – အင်းတော် ကားလမ်းမှာ လမ်းတွေပိတ်ဆို့ထားပြီး ကားတွေ ဝင်ထွက်သွားလာရတာ မရှိတာကြောင့်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ဗန်းမောက် #ကုန်စည်ပြတ်လပ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW