ကော့ကရိတ်မြို့၊ ခရိုင်မီးသတ်ရုံးထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ၂ ဦး သေဆုံး

မေ ၊ ၂၈ ၊ ၂၀၂၃ SP ( VOM) ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့၊ အမှတ် (၇)ရပ်ကွက်၊ ခနိမ်းမူ တိုးချဲ့ကွက်သစ် ၊ ခရိုင်မီးသတ်ရုံးဝန်းထဲမှာ ဒီကနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်က လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲလို့ လူ ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” လက်နက်ကြီးကျည်က မီးသတ်ရုံးနားမှာ ကျရောက်ပေါက်ကွဲတာဖြစ်တယ် ၊ အမျိုးသား တယောက် နဲ့ အမျိုးသမီးတယောက်သေတယ် ” လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ကောဘကရိတ်မြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က” ခရိုင်မီးသတ်ရုံးနားကို လက်နက်ကြီးနဲ့ထုတယ် ၊ ကျရောက်ပေါက်ကွဲပြီး အနားက သာမန်အရပ်သား လင်မယား ၂…

Read More

စစ်ကိုင်း ရှင်ဖြူလှဘုရား ရေဆိပ်မှာ လူ၂ ဦးရေနစ်လို့ သေဆုံး

မေ ၊ ၂၈ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ ဝါးချက်ကျေးရွာ ၊ ရှင်ဖြူလှ ဘုရားရေဆိပ်မှာ ဒီကနေ့ နေ့လယ် ၂ နာရီဝန်းကျင်က လူ ၂ ဦး ရေနစ်သေဆုံးတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” ရှင်ဖြူလှ ဘုရားရေဆိပ်မှာ ရေဆင်းချိုးတဲ့ အမျိုးသား ၂ ဦး ရေနစ်တာပါ ၊ တယောက်ရေနစ်တာကို ကျန်တယောက်က ဆယ်ရင်း ၂ ယောက်စလုံးနစ်သွားတာ ” လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ စစ်ကိုင်းခရိုင် ၊ မီးသတ်တပ်ဖွဲ့ ၊ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် တယောက်က ” ရေနစ်တာက နေ့လယ် ၁ နာရီခွဲ…

Read More

မတ္တရာမြို့နယ်က ယာဥ်ထိန်းရဲတပ်ကြပ်ကြီး ပစ်သတ်ခံရ

မေ ၊ ၂၈ -၂၀၂၃ SP (VOM) မန္တလေးတိုင်း ၊ မတ္တရာမြို့နယ် ၊ဆယ်ပယ်ကျေးရွာမှာ မနေ့ မေ ၂၇ ရက် ညပိုင်းက ယာဥ်ထိန်း ရဲတပ်ကြပ်ကြီး ၁ ဦး သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” သေဆုံးသူက မတ္တရာမြို့ပေါ်မှာ တာဝန်ကျတဲ့ ယာဥ်ထိန်း ရဲတပ်ကြီး ၁ ဦးဖြစ်တယ် ၊မနေ့ညက ဆယ်ပယ်ရွာမှာ ရှိတဲ့ သူ့မိန်းမ အိမ်ကို အလည်ပြန်သွားရင်း အဲ့ဒီအိမ်မှာ ပစ်သတ်ခံရတာ”လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်လို့ မတ္တရာမြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က” အသတ်ခံရတာက ယာဥ်ထိန်းရဲတပ်ကြပ်ကြီး အောင်ကျော်မျိုး ဖြစ်တယ် ၊ သေနတ်နဲ့ ၈ ချက် ပစ်ခံရတာ ၊…

Read More

သံဖြူဇရပ်မှာ မော်တော်ယာဥ်တစ်စီး အရှိန်လွန်ပြီး တံတားဘောင်အား ဝင်တိုက်မိရာမှ နှစ်ဦးသေဆုံး

မေ ၂၈ – ၂၀၂၃ SN (VOM) မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်မှာ မော်တော်ယာဥ်တစ်စီး အရှိန်လွန်ပြီး တံတားဘောင်အား ဝင်တိုက်မိရာမှ နှစ်ဦးသေဆုံးခဲ့တယ်လို့ လမိုင်းပရဟိတလူငယ်များအဖွဲ့ဆီက သိရပါတယ်။ မနေ့ မေ ၂၇ ရက်၊ မနက် ၁၀ နာရီ ၁၅ မိနစ်ဝန်းကျင်က Hijet အမျိုးအစား မော်တော်ယာဥ်တစ်စီးဟာ ခြံလုပ်ငန်းကနေ အိမ်ကိုအပြန် သံဖြူဇရပ်-ရေးလမ်းမကြီး၊ နှင်းစုံကျေးရွာအလွန်အရောက်မှာ တံတားဘောင်တစ်ခုကို အရှိန်လွန် ဝင်တိုက်ခဲ့တာကြောင့် ယာဉ်ပေါ်ပါ သုံးဦးအနက် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ “သူတို့ကားက ထားဝယ်၊ ကန်ဘောက်ကနေပြီး သံဖြူဇရပ်၊ ကျိုက္ခမီဘက်ကိုပြန်တာ။ ယာဉ်ပေါ်မှာ ပါလာတဲ့ သုံးယောက်မှာ သေသွားတာက ယာဉ်မောင်းအမျိုးသားနဲ့ အမျိုးသမီးတစ်ယောက်ပါ။ ဒီဖြစ်စဉ်မှာ အသက်မသေဘဲ ကျန်ခဲ့တဲ့တစ်ယောက်ကတော့ အသက် ၁၂ နှစ်အရွယ် ယောင်္ကျားလေးတစ်ဦးပါ။…

Read More

တံတားဦးမြို့နယ်မှာ ပစ်သတ်ခံထားရတဲ့ အလောင်း ၅ လောင်းတွေ့

မေ ၊ ၂၇ ၊ ၂၀၂၃ SP(VOM) မန္တလေးတိုင်း ၊ တံတားဦးမြို့နယ် ၊ ထောက်ရစ်ကျေးရွာအုပ်စု၊ထောက်ရစ်ကျေးရွာမှာ ဒီကနေ့ မနက် အစောပိုင်းက ပစ်သတ်ခံရတဲ့ အလောင်း ၅ လောင်းပြိုင် တွေ့ခဲ့တယ်လို့ ဒေသခံလူမှုရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ဒီမနက်မှ အလောင်းကောက်ရတယ် ၊ မနေ့ကည ၁၁ နာရီဝန်းကျင်မှာ သတ်ခံရတာပါ ” လို့ ဒေသခံပရဟိတသမား တယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး မန္တလေးတိုင်း လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” အသတ်ခံရသူတွေဟာ ဦးစောဝင်း ၊၅၀နှစ်၊ (ပြည်ခိုင်ဖြိုးပါတီ၊ရပ်/ ကျေးဥက္ကဌ) ၊ဦးဆန်းမင်းကို ၊၅၀ နှစ် ၊ (ပြည်ခိုင်ဖြိုးပါတီ၊ရပ်/ ကျေးကော်မတီဝင်) ၊ဦးစိုးနိူင်(ခ)ဦးဘာဘူစိန် ၊၄၉နှစ်၊(ဘ(ပြည်ခိုင်ဖြိုးပါတီ၊ရပ်/ ကျေးကော်မတီဝင်၊ အရင် စည်းရုံးရေးမှုး) ၊ ၊ ဦးမင်းမင်းသိုက်၊၄၂နှစ်၊(ပြည်ခိုင်ဖြိုးပါတီ…

Read More

လောက်ကိုင်မှာ ဒေသရဲ အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး ရဲ ၂ ဦး အပါအဝင် လူ ၃ ဦး သေဆုံး ၊ ၃ ဦးဒဏ်ရာရ

မေ ၊ ၂၇ ၊ ၂၀၂၃ SP (VOM) ရှမ်းပြည်နယ် ၊ ကိုးကန့်ဒေသ ၊ လောက်ကိုင်မြို့ ၊ တုံချိန်နယ်မြေထဲမှာ ဒီကနေ့ နေ့လယ်ပိုင်း ၂ နာရီခွဲဝန်းကျင်က အချင်းချင်း ပစ်ခတ်မှုတွေဖြစ်ပွားပြီး လူသေဆုံးမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ဒီကနေ့ နေ့လယ် ၂ နာရီခွဲလောက်မှာ စတင်ပစ်ခတ်သံတွေကြားရတယ် ၊ နာရီဝက်လောက်ကြာတယ် ၊ သေနတ်မှန်တာကြောင့် လူ ၃ ဦးသေ ၊ ၃ ဦးဒဏ်ရာရထားတာရှိတယ် “လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး လောက်ကိုင်မြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” လောက်ကိုင်မှာက မကြာခဏ ပဋိပက္ခတွေ ဖြစ်တယ် ၊ အဆင်မပြေတာရှိတိုင်းလည်း ပစ်ခတ်တာတွေ ဖြစ်တယ်…

Read More

ရုရှားတပ်တွေကို တန်ပြန်ထိုးစစ်ဆင်ဖို့ အသင့်ဖြစ်နေပြီလို့ ယူကရိန်းအခိုင်အမာပြော

ကိယက်ဗ်၊ မေ-၂၇-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းဟာ ကာလရှည်ကာမျှော်လင့်ထားတဲ့ ရုရှားတပ်တွေအပေါ် တန်ပြန်ထိုးစစ်ဆင်နွှဲဖို့ အသင့်ဖြစ်နေကြောင်း ယူကရိန်ထိပ်တန်းလုံခြုံရေးတာ၀န်ရှိသူ အိုလက်ဆီဒန်နီလော့ဗ်က မေ ၂၆ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ယူကရိန်းရဲ့ ထိုးစစ်ဆင်မယ့် နေ့ရက်အချိန်အတိအကျကို ထုတ်ဖော်ပြောဆိုခြင်းမရှိပေမယ့် ရက်ပိုင်းအတွင်း သို့မဟုတ် တပတ်အတွင် းစတင်နိုင်ကြောင်း သူကပြောပါတယ်။ ၀ဂ္ဂနာကြေးစားတပ်ဖွဲ့၀င်အချို့ဟာ စစ်ပွဲအပြင်းထန်ဆုံးဒေသဖြစ်တဲ့ ဘက်မွတ်ခ်မြို့ကနေ ဆုတ်ခွာသွားကြောင်း ဒါပေမယ့် အခြားနေရာသုံးခုမှာ ပြန်လည်စုဖွဲ့နေတယ်လို့ ယူကရိန်း အမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီအတွင်းရေးမှူး ဒန်နီလော့ဗ်က အတည်ပြုပြောဆိုပါတယ်။ ယူကရိန်းဟာ ရုရှားတပ်တွေကို ပြန်လည်ထိုးစစ်ဆင်ဖို့အတွက် လပေါင်းများစွာစီစဉ်နေခဲ့ပါတယ်။ ဒါပေမယ့် တပ်ဖွဲ့၀င်တွေကိုလေ့ကျင့်ပေးဖို့နဲ့ အနောက်နိုင်ငံမဟာမိတ်တွေ စစ်လက်နက်ပစ္စည်းအထောက်အပံ့တွေရယူဖို့ အချိန်ယူခဲ့ရပါတယ်။ လက်ရှိမှာ ယူကရိန်းအတွက် အက်ဖ်-၁၆ တိုက်လေယာဉ်တွေထောက်ပံ့ရေးကို အမေရိကန်က ခွင့်ပြုခဲ့ပြီး ယူကရိန်းလေယာဉ်မှူးတွေကို မဟာမိတ်နိုင်ငံတွေက လေ့ကျင့်မှုများ ပေးလျှက်ရှိပါတယ်။ Ref: BBC Photo:AFP #VOM #voiceofmyanmar #ကိယက်ဗ်

Read More

စစ်ဗိုလ်ချုပ်နှစ်ယောက်ရဲ့ အာဏာရမ္မက်နဲ့ ဆူဒန်နိုင်ငံချောက်ထဲကျရန် လက်တလုံးအလို

မျိုးဆက်(VOM) ၂၇-၅-၂၀၂၃ ဆူဒန်နိုင်ငံ မြို့တော်ခါတွမ်နဲ့ အခြားမြို့ကြီးတွေမှာ ပစ်ခတ်တိုက်ခိုက်သံ၊ ဒုံးကျည်နဲ့ လက်နက်ကြီးပေါက်ကွဲသံတွေနဲ့အတူ ကောင်းကင်ယံက မီးခိုးတလူလူတွေက ဆူဒန်ပြည်သူတွေရဲ့ ကြောက်ရွံ့ထိတ်လန့်မှုတွေနဲ့ မသေချာမရေရာတဲ့ အနာဂါတ်ကို တစိတ်တပိုင်း လှစ်ဟပြသနေပါတယ်။ ပဋိပက္ခတွေအတွင်း လုယက်မှု၊ တိုက်ခိုက်မှု၊ အကြမ်းဖက်မှုနဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်မှုတွေနဲ့ ကြုံတွေနေရသလို ဆူဒန်ပြည်သူတွေရဲ့ ယခင်ကနေ့စဉ်လူနေမှုဘ၀မှာ အလွန်ဆိုးရွားတဲ့ အလှည့်အပြောင်းတခုက မေ ၁၅ ရက်စပြီး ရုတ်တရက်ဆိုသလို ကြုံတွေခဲ့ရပါတယ်။ လက်နက်ကိုင်ပဋိပက္ခကို အစပြုခဲ့သူတွေကတော့ စစ်ဗိုလ်ချုပ်နှစ်ဦးဖြစ်တဲ့ ဆူဒန်စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အယ်လ်ဘာဟန်နဲ့ အာအက်စ်အက်ဖ် ပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဟမ်မက်ဒီတို့ဖြစ်ပြီး နှစ်ဦးအကြား အာဏာလွန်ဆွဲမှုက ဆူဒန်ပြည်သူတွေရဲ့ အနာဂါတ်အတွက် ကံဆိုးမှောင်ကျမှုလည်းဖြစ်ပါတယ်။ အာဏာသိမ်းခံထားရဲ့ဆူဒန်မှာ အာဏာရှင်ခေါင်းဆောင် ဘာရှာကို ၂၀၁၉ ခုနှစ်မှာ ဖြုတ်ချရေးမှာ အတူတကွပူးပေါင်းဆောင်ရွက်ခဲ့ပေမယ့် အာဏာပိုမိုချုပ်ကိုင်ရေး ရမ္မက်ဆန္ဒက သူတို့နှစ်ဦးရဲ့ အကွဲအပြဲဇာတ်လမ်း အစပြုခဲ့ပါတယ်။…

Read More

မိကျောင်းမွေးမြူရေးအသင်းဥက္ကဋ္ဌ မိကျောင်းအကောင်(၄၀) မွေးထားသည့်ခြံထဲ ပြုတ်ကျသေဆုံး

ဖနွမ်းပင်၊ မေ-၂၇-၂၀၂၃ မျိုးဆက်(VOM) ကမ္ဘောဒီးယားနိုင်ငံမြောက်ပိုင်းက မိချောင်းမွေးမြူသူတစ်ဦးဟာ မိချောင်းကောင် ၄၀ မွေးထားတဲ့ လှောင်အိမ်အတွင်း ပြုတ်ကျပြီးနောက် အပိုင်းပိုင်းအကိုက်ခံသေဆုံးသွားကြောင်း သိရပါတယ်။ အသက် ၇၂ နှစ်အရွယ် လူအန်နမ်ဆိုသူဟာ ဥဥထားတဲ့ မိချောင်းတွေကို သူတို့ရဲ့ပါးစပ်ထဲတုတ်ကိုက်စေကာ လှောင်အိမ်အပြင်ထုတ်ဖို့ ကြိုးစားရင်း ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း တာ၀န်ရှိသူတွေက မေ ၂၆ ရက်မှာ ပြောပါတယ်။ အဲဒီနောက်မှာ လှောင်အိမ်ထဲပြုတ်ကျသွားတဲ့ လူအန်နမ်ကို အခြားမိကျောင်းတွေက ခန္ဓာကိုယ်တခုလုံး ဒဏ်ရာများဖုံးလွှမ်း သေဆုံးတဲ့အထိ တိုက်ခိုက်ခဲ့ပြီး လက်တဖက်လည်း ပျောက်ဆုံးနေကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။ အဲဒီမတော်တဆမှုဟာ ဆန်ရစ်ပ်မြို့မှာ မေ ၂၆ ရက်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူဟာ ဒေသခံမိကျောင်းမွေးမြူရေးအသင်း ဥက္ကဋ္ဌဖြစ်ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ ၂၀၁၉ ခုနှစ်ကလည်း ကမ္ဘာကျော် အန်းကော၀ပ်ဘုရားကျောင်းအနီးရှိ မိကျောင်းမွေးမြူရေးခြံမှာ အသက်နှစ်နှစ်အရွယ်မိန်းကလေးတဦးကို မိကျောင်းတွေက သတ်ဖြတ်စားသောက်မှု ဖြစ်ပွားခဲ့ပါတယ်။ Ref: BBC Photo:AFP…

Read More

ဘီးလင်းမြို့နယ်မှာ ရွာထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ လူ ၂ ဦးသေဆုံး

မေ ၊ ၂၇ – ၂၀၂၃ SP( VOM) မွန်ပြည်နယ် ၊ ဘီးလင်းမြို့နယ်၊ တဘက်ဆွဲကျေးရွာအုပ်စု၊ ရန်ကုန်-မော်လမြိုင်ကားလမ်းအနီး ဒေါင်းကျေးရွာမှာ ဒီကနေ့မနက် ၈ နာရီဝန်းကျင်က ရွာထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် နွားစာကျွေးနေတဲ့သူ ၂ ဦး မိုင်းစထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” လက်နက်ကြီးကျည်က ဒေါင်းကျေးရွာက ဦးစောဘခက်ရဲ့ နေအိမ်ဝန်းထဲကျရောက်ပေါက်ကွဲတာဖြစ်တယ် ၊ အဲ့ဒီပေါက်ကွဲမှုကြောင့် အိမ်ရှင် ဦးစောဘခက်ရဲ့ တူ ၂ ယောက်စလုံး ထိမှန်သေတာ ” လို့ ဒေသခံ ပရဟိတသမားတစ်ယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်လို့ မွန်ပြည်နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတစ်ယောက်က ” ဒီမနက်ပိုင်းက ရန်ကုန် – မော်လမြိုင် ကားလမ်းမှာ အမတ (၃၁၄) က လမ်းကင်း…

Read More
VOM News

FREE
VIEW