ရုရှားတပ်တွေကို တန်ပြန်ထိုးစစ်ဆင်ဖို့ အသင့်ဖြစ်နေပြီလို့ ယူကရိန်းအခိုင်အမာပြော

ကိယက်ဗ်၊ မေ-၂၇-၂၀၂၃
မျိုးဆက်(VOM)

ယူကရိန်းဟာ ကာလရှည်ကာမျှော်လင့်ထားတဲ့ ရုရှားတပ်တွေအပေါ် တန်ပြန်ထိုးစစ်ဆင်နွှဲဖို့ အသင့်ဖြစ်နေကြောင်း ယူကရိန်ထိပ်တန်းလုံခြုံရေးတာ၀န်ရှိသူ အိုလက်ဆီဒန်နီလော့ဗ်က မေ ၂၆ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ယူကရိန်းရဲ့ ထိုးစစ်ဆင်မယ့် နေ့ရက်အချိန်အတိအကျကို ထုတ်ဖော်ပြောဆိုခြင်းမရှိပေမယ့် ရက်ပိုင်းအတွင်း သို့မဟုတ် တပတ်အတွင် းစတင်နိုင်ကြောင်း သူကပြောပါတယ်။

၀ဂ္ဂနာကြေးစားတပ်ဖွဲ့၀င်အချို့ဟာ စစ်ပွဲအပြင်းထန်ဆုံးဒေသဖြစ်တဲ့ ဘက်မွတ်ခ်မြို့ကနေ ဆုတ်ခွာသွားကြောင်း ဒါပေမယ့် အခြားနေရာသုံးခုမှာ ပြန်လည်စုဖွဲ့နေတယ်လို့ ယူကရိန်း အမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီအတွင်းရေးမှူး ဒန်နီလော့ဗ်က အတည်ပြုပြောဆိုပါတယ်။

ယူကရိန်းဟာ ရုရှားတပ်တွေကို ပြန်လည်ထိုးစစ်ဆင်ဖို့အတွက် လပေါင်းများစွာစီစဉ်နေခဲ့ပါတယ်။ ဒါပေမယ့် တပ်ဖွဲ့၀င်တွေကိုလေ့ကျင့်ပေးဖို့နဲ့ အနောက်နိုင်ငံမဟာမိတ်တွေ စစ်လက်နက်ပစ္စည်းအထောက်အပံ့တွေရယူဖို့ အချိန်ယူခဲ့ရပါတယ်။

လက်ရှိမှာ ယူကရိန်းအတွက် အက်ဖ်-၁၆ တိုက်လေယာဉ်တွေထောက်ပံ့ရေးကို အမေရိကန်က ခွင့်ပြုခဲ့ပြီး ယူကရိန်းလေယာဉ်မှူးတွေကို မဟာမိတ်နိုင်ငံတွေက လေ့ကျင့်မှုများ ပေးလျှက်ရှိပါတယ်။

Ref: BBC
Photo:AFP
#VOM #voiceofmyanmar #ကိယက်ဗ်

Related posts

Leave a Comment

VOM News

FREE
VIEW