စစ်ကိုင်း ရှင်ဖြူလှဘုရား ရေဆိပ်မှာ လူ၂ ဦးရေနစ်လို့ သေဆုံး

မေ ၊ ၂၈ ၊ ၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ ဝါးချက်ကျေးရွာ ၊ ရှင်ဖြူလှ ဘုရားရေဆိပ်မှာ ဒီကနေ့ နေ့လယ် ၂ နာရီဝန်းကျင်က လူ ၂ ဦး ရေနစ်သေဆုံးတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” ရှင်ဖြူလှ ဘုရားရေဆိပ်မှာ ရေဆင်းချိုးတဲ့ အမျိုးသား ၂ ဦး ရေနစ်တာပါ ၊ တယောက်ရေနစ်တာကို ကျန်တယောက်က ဆယ်ရင်း ၂ ယောက်စလုံးနစ်သွားတာ ” လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ စစ်ကိုင်းခရိုင် ၊ မီးသတ်တပ်ဖွဲ့ ၊ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် တယောက်က ” ရေနစ်တာက နေ့လယ် ၁ နာရီခွဲ ဝန်းကျင်မှာ နစ်တာဖြစ်တယ် ၊ တနာရီလောက် ရှာဖွေ ကယ်ဆယ်ရေးတွေလုပ်ပြီး နေ့ခင်း ၂ နာရီ ၁၅ မှာ ရေနစ်တဲ့ အမျိုးသား ရုပ်အလောင်း ၂ လောင်း ဆယ်ယူရရှိတယ် ၊ သေဆုံးသူတွေဟာ ဘယ်သူဘယ်ဝါ မသိရသေးဘူး ၊ ထုံးဘို အရန်မီးသတ်တပ်ဖွဲ့ကားနဲ့ ရုပ်အလောင်းတွေကို ကုတင် ၂၀၀ ဆေးရုံကို ပို့ဆောင်ထားတယ် “လို့ ပြောပါတယ်။

စစ်ကိုင်းမြို့နယ် ၊ ဧရာဝတီမြစ်အတွင်းမှာ ပြီးခဲ့တဲ့ ဧပြီလကလည်း ရေဆင်းချိုကရာနေ အမျိုးသား တဦး ရေနစ်သေဆုံးခဲ့ပါသေးတယ်။

ဓာတ်ပုံ – ထုံးဘို အရန်မီးသတ်အဖွဲ့
#VOM #voiceofmyanmar #စစ်ကိုင်း #ရေနစ်သေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW