ကော့ကရိတ်မြို့၊ ခရိုင်မီးသတ်ရုံးထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ၂ ဦး သေဆုံး

မေ ၊ ၂၈ ၊ ၂၀၂၃
SP ( VOM)

ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့၊ အမှတ် (၇)ရပ်ကွက်၊ ခနိမ်းမူ တိုးချဲ့ကွက်သစ် ၊ ခရိုင်မီးသတ်ရုံးဝန်းထဲမှာ ဒီကနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်က လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲလို့ လူ ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” လက်နက်ကြီးကျည်က မီးသတ်ရုံးနားမှာ ကျရောက်ပေါက်ကွဲတာဖြစ်တယ် ၊ အမျိုးသား တယောက် နဲ့ အမျိုးသမီးတယောက်သေတယ် ” လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ကောဘကရိတ်မြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က” ခရိုင်မီးသတ်ရုံးနားကို လက်နက်ကြီးနဲ့ထုတယ် ၊ ကျရောက်ပေါက်ကွဲပြီး အနားက သာမန်အရပ်သား လင်မယား ၂ ဦးသေတယ် ၊ သေဆုံးသူတွေကတော့ဦးဖိုးကျား၊ ၇၃ နှစ်၊ ခနိမ်းမူတိုးချဲ့ကွက်သစ်၊ အမှတ်(၇) ရပ်ကွက်မှာနေတယ် ၊ သူက ဦးခေါင်းယာဘက်ခြမ်းပွင့်ထွက်၊ ဝဲ/ယာပေါင် ကြမွ ဒဏ်ရာနဲ့ သေဆုံးတယ် ၊ နောက်ပြီး သူ့မိန်းမ ဒေါ်ခင်မြတ်ထွေး၊ ၅၀ နှစ် ယာလက်မောင်းပေါက်ပြဲဒဏ်ရာ၊ ဝဲပါး၊ ဝဲပေါင်၊ ဝဲဒူးခေါင်းနှဲ့ ဝဲခြေခုံ ပေါက်ပြဲဒဏ်ရာ၊ ဝဲလည်ပင်းဖောက်ဝင်ဒဏ်ရာနဲ့ သေဆုံးတယ် “လို့ ပြောပါတယ်။

ဒါ့အပြင် မွန်ပြည်နယ် ၊ ဘီးလင်းမြို့နယ်၊ တဘက်ဆွဲကျေးရွာအုပ်စု၊ ရန်ကုန်-မော်လမြိုင်ကားလမ်းအနီး ဒေါင်းကျေးရွာမှာ မနေ့ မေ ၂၇ ရက် မနက် ၈ နာရီဝန်းကျင်က ရွာထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် နွားစာကျွေးနေတဲ့ လူငယ် ၂ ဦး မိုင်းစထိမှန် သေဆုံးခဲ့ပါသေးတယ်။

#VOM #voiceofmyanmar #ကော့ကရိတ် #ခရိုင်မီးသတ်ရုံး #လက်နက်ကြီးပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW