မိကျောင်းမွေးမြူရေးအသင်းဥက္ကဋ္ဌ မိကျောင်းအကောင်(၄၀) မွေးထားသည့်ခြံထဲ ပြုတ်ကျသေဆုံး

ဖနွမ်းပင်၊ မေ-၂၇-၂၀၂၃
မျိုးဆက်(VOM)

ကမ္ဘောဒီးယားနိုင်ငံမြောက်ပိုင်းက မိချောင်းမွေးမြူသူတစ်ဦးဟာ မိချောင်းကောင် ၄၀ မွေးထားတဲ့ လှောင်အိမ်အတွင်း ပြုတ်ကျပြီးနောက် အပိုင်းပိုင်းအကိုက်ခံသေဆုံးသွားကြောင်း သိရပါတယ်။

အသက် ၇၂ နှစ်အရွယ် လူအန်နမ်ဆိုသူဟာ ဥဥထားတဲ့ မိချောင်းတွေကို သူတို့ရဲ့ပါးစပ်ထဲတုတ်ကိုက်စေကာ လှောင်အိမ်အပြင်ထုတ်ဖို့ ကြိုးစားရင်း ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း တာ၀န်ရှိသူတွေက မေ ၂၆ ရက်မှာ ပြောပါတယ်။

အဲဒီနောက်မှာ လှောင်အိမ်ထဲပြုတ်ကျသွားတဲ့ လူအန်နမ်ကို အခြားမိကျောင်းတွေက ခန္ဓာကိုယ်တခုလုံး ဒဏ်ရာများဖုံးလွှမ်း သေဆုံးတဲ့အထိ တိုက်ခိုက်ခဲ့ပြီး လက်တဖက်လည်း ပျောက်ဆုံးနေကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။

အဲဒီမတော်တဆမှုဟာ ဆန်ရစ်ပ်မြို့မှာ မေ ၂၆ ရက်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူဟာ ဒေသခံမိကျောင်းမွေးမြူရေးအသင်း ဥက္ကဋ္ဌဖြစ်ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။

၂၀၁၉ ခုနှစ်ကလည်း ကမ္ဘာကျော် အန်းကော၀ပ်ဘုရားကျောင်းအနီးရှိ မိကျောင်းမွေးမြူရေးခြံမှာ အသက်နှစ်နှစ်အရွယ်မိန်းကလေးတဦးကို မိကျောင်းတွေက သတ်ဖြတ်စားသောက်မှု ဖြစ်ပွားခဲ့ပါတယ်။

Ref: BBC
Photo:AFP
#VOM #voiceofmyanmar #ဖနွမ်းပင်

Related posts

Leave a Comment

VOM News

FREE
VIEW