မတ္တရာမြို့နယ်က ယာဥ်ထိန်းရဲတပ်ကြပ်ကြီး ပစ်သတ်ခံရ

မေ ၊ ၂၈ -၂၀၂၃
SP (VOM)

မန္တလေးတိုင်း ၊ မတ္တရာမြို့နယ် ၊ဆယ်ပယ်ကျေးရွာမှာ မနေ့ မေ ၂၇ ရက် ညပိုင်းက ယာဥ်ထိန်း ရဲတပ်ကြပ်ကြီး ၁ ဦး သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” သေဆုံးသူက မတ္တရာမြို့ပေါ်မှာ တာဝန်ကျတဲ့ ယာဥ်ထိန်း ရဲတပ်ကြီး ၁ ဦးဖြစ်တယ် ၊မနေ့ညက ဆယ်ပယ်ရွာမှာ ရှိတဲ့ သူ့မိန်းမ အိမ်ကို အလည်ပြန်သွားရင်း အဲ့ဒီအိမ်မှာ ပစ်သတ်ခံရတာ”လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်လို့ မတ္တရာမြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က” အသတ်ခံရတာက ယာဥ်ထိန်းရဲတပ်ကြပ်ကြီး အောင်ကျော်မျိုး ဖြစ်တယ် ၊ သေနတ်နဲ့ ၈ ချက် ပစ်ခံရတာ ၊ ဘယ်သူတွေက ဘာကြောင့်ပစ်တယ်ဆိုတာကို အမှုဖွင့်စစ်ဆေးနေတယ် “လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ကုန်ပိုင်းကလည်း တနင်္သါရီတိုင်း ၊ မြိတ်မြို့မှာ တာဝန်ကျနေတဲ့ ယာဥ်ထိန်း ရဲတပ်ကြပ်ကြီ တစ်ဦးဟာ ညအချိန် သူ့မိန်းမအိမ်ကို အလည်သွားရင်း သေနတ်နဲ့ ပစ်သတ်ခံရတာ ဖြစ်ခဲ့ပါသေးတယ်။

#VOM #voiceofmyanmar #မတ္တရာ #ယာဥ်ထိန်းရဲပစ်သတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW