တံတားဦးမြို့နယ်မှာ ပစ်သတ်ခံထားရတဲ့ အလောင်း ၅ လောင်းတွေ့

မေ ၊ ၂၇ ၊ ၂၀၂၃
SP(VOM)

မန္တလေးတိုင်း ၊ တံတားဦးမြို့နယ် ၊ ထောက်ရစ်ကျေးရွာအုပ်စု၊ထောက်ရစ်ကျေးရွာမှာ ဒီကနေ့ မနက် အစောပိုင်းက ပစ်သတ်ခံရတဲ့ အလောင်း ၅ လောင်းပြိုင် တွေ့ခဲ့တယ်လို့ ဒေသခံလူမှုရေးအဖွဲ့တွေဆီက သိရပါတယ်။

” ဒီမနက်မှ အလောင်းကောက်ရတယ် ၊ မနေ့ကည ၁၁ နာရီဝန်းကျင်မှာ သတ်ခံရတာပါ ” လို့ ဒေသခံပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး မန္တလေးတိုင်း လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” အသတ်ခံရသူတွေဟာ ဦးစောဝင်း ၊၅၀နှစ်၊ (ပြည်ခိုင်ဖြိုးပါတီ၊ရပ်/ ကျေးဥက္ကဌ) ၊ဦးဆန်းမင်းကို ၊၅၀ နှစ် ၊ (ပြည်ခိုင်ဖြိုးပါတီ၊ရပ်/ ကျေးကော်မတီဝင်) ၊ဦးစိုးနိူင်(ခ)ဦးဘာဘူစိန် ၊၄၉နှစ်၊(ဘ(ပြည်ခိုင်ဖြိုးပါတီ၊ရပ်/ ကျေးကော်မတီဝင်၊ အရင် စည်းရုံးရေးမှုး) ၊ ၊ ဦးမင်းမင်းသိုက်၊၄၂နှစ်၊(ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူ) ၊ နောက်ပြီး ထောက်ရစ်-ပေါက်မြိုင် ကျေးရွာချင်းဆက်လမ်းဘေး သစ်ပင်အောက်မှာ မှောက်လျက်သေဆုံးတဲ့ ဦးကိုကိုနိူင်(ခ)ဦးဂျိုကာ၊၃၀နှစ်၊(ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူ) တို့ သေဆုံးတာဖြစ်တယ် “လို့ ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ တံတားဦးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှာ တာဝန်ရှိသူ တယောက်က ” သေဆုံးသူ ၅ ယောက်စလုံးက သေနတ်ကျည်ဆံဖောက်ဝင် ဒဏ်ရာတွေ အများအပြားနဲ့ သေဆုံးတာဖြစ်တယ် ၊ အခင်းဖြစ် နေရာအနီးဝန်းကျင်မှာလည်း ကျည်ဆံခွံတွေ တွေ့ရတယ် ၊ ဘယ်သူတွေက ဘာကြောင့် သတ်တယ်ဆိုတာကို သိရှိနိုင်ဖို့ အမှုဖွင့်ဆောင်ရွက်ပါတယ် “လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်ကျော် ကာလထဲမှာ တနိုင်ငံလုံး အတိုင်းအတာနေနဲ့ ပြည်ခိုင်ဖြိုး ပါတီဝင် ၂၄၀၀ ထက်မနည်း သတ်ဖြတ်ခံရတယ်လို့ သတင်းမှတ်တမ်းအချို့နဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

#VOM #voiceofmyanmar #တံတားဦး

Related posts

Leave a Comment

VOM News

FREE
VIEW