ယူကရိန်းတောင်ပိုင်းရှိ ရေကာတာတခုကို ရုရှားတပ်တွေ ဖောက်ခွဲဖျက်စီး၊ ဒေသခံထောင်ပေါင်းများစွာ ဘေးလွတ်ရာရွှေ့ပြောင်း

ကိယက်ဗ်၊ ဇွန်-၆-၂၀၂၃
မျိုးဆက်(VOM)

ယူကရိန်းနိုင်ငံတောင်ပိုင်းရှိ ရေအားလျှပ်စစ်ထုတ်လုပ်တဲ့ ရေကာတာ တခုကို ရုရှားက ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်း ယူကရိန်းစစ်တပ်က ဇွန် ၆ ရက်မှာပြောပါတယ်။

ခါခေါ့ဗ် ရေကာတာဟာ ခါဆွန်တောင်ပိုင်း ဒီနီပရိုမြစ်ပေါ်မှာ တည်ရှိပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ရေအမြောက်အများ ပေါက်ထွက်စီးဆင်းမှုတွေကြောင့် ဒေသခံတွေကို ဘေးလွတ်ရာရွှေ့ပြောင်းနေရကြောင်း ဒေသခံအုပ်ချုပ်ရေးမှုးကပြောပါတယ်။

လက်ရှိမှာတော့ ရေကာတာအနီးက ရေစီးကြောင်းတွေအနားမှာရှိတဲ့ နေအိမ်ထောင်ပေါင်းများစွာ ရေနစ်မြုပ်မယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။

ရုရှားသိမ်းပိုက်ထားတဲ့နယ်မြေမှာရှိတဲ့ အဲဒီရေကာတာဟာ ဇာပိုရစ်ဇီးယားနျူကလီးယား ဓါတ်အားပေးစက်ရုံအတွက် အအေးခံဖို့ ရေထောက်ပံ့နေတဲ့ ဆည်တခုလည်းဖြစ်ပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ယူကရိန်းသမ္မတ ဇီလန်စကီးဟာ အမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီအစည်းအဝေးခေါ်ပြီး ယူကရိန်းတာ၀န်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ပါတယ်။

ရုရှားဟာ ပြီးခဲ့တဲ့ညကလည်း ယူကရိန်းနိုင်ငံ ကိယက်ဗ်နဲ့ အခြားနေရာတွေမှာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ရုရှားရဲ့ ခရုဇ်ဒုံးကျည်အစင်း ၂၀ ကျော်ကို ယူကရိန်းလေကြောင်းရန် ကာကွယ်ရေးစနစ်ကို ကြားဖြတ်ပစ်ချခဲ့ကြောင်း ယူကရိန်းဘက်က အခိုင်အမာပြောဆိုထားပါတယ်။

Ref: NHK
Photo:Reuters
#VOM #voiceofmyanmar #ကိယက်ဗ်

Related posts

Leave a Comment

VOM News

FREE
VIEW