နှစ်နိုင်ငံတင်းမာနေစဉ် အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင် တရုတ်သွားမယ်

၀ါရှင်တန်၊ ဇွန်-၇-၂၀၂၃
မျိုးဆက်(VOM)

အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်ဟာ လာမယ့်သီတင်းပတ်အနည်းငယ်အတွင်း တရုတ်နိုင်ငံကို သွားရောက်ဖို့ စီစဉ်နေကြောင်း အမေရိကန်သတင်းဌာနတွေက ဇွန် ၆ ရက်မှာ ဖော်ပြထားပါတယ်။

ဘလင်ကင်ဟာ တရုတ်သမ္မတရှီကျင်းပင်အပါအ၀င် ထိပ်တန်းတာ၀န်ရှိသူတွေနဲ့ တွေ့ဆုံသွားဖို့ အစီအစဉ်ရှိကြောင်း အဲဒီကိစ္စနဲ့ နီးစပ်သူတွေကိုကိုးကားပြီး ဘလွန်းဘာ့ဂ်သတင်းဌာနက ဖော်ပြထားပါတယ်။

များမကြာမီကာလမှာ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား ထိပ်တန်းအဆင့် ခရီးစဉ်တွေကို ကြေညာသွားမယ်လို့ အိမ်ဖြူတော်အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ခရီဘီက ဇွန် ၆ မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဘလင်ကင်ရဲ့ တရုတ်နိုင်ငံခရီးစဉ်ကို ယခုနှစ်ဖေဖော်ဝါရီလအတွင်းသွားရောက်ဖို့ မူလက စီစဉ်ထားခဲ့ပေမယ့် အမေရိကန်နိုင်ငံအပေါ် တရုတ်သူလျှိုဘောလုံးတွေပျံသန်းမှုကြောင့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။

ဒီဖြစ်စဉ်ကြောင့် အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား ဆက်ဆံရေးဆိုးရွားခဲ့ပါတယ်။ ဒါပေမယ့် နှစ်ဘက်အကြား သံတမန်ဆက်ဆံရေးတွေ တဖြည်းဖြည်းပြန်လည်စတင်နေပြီး အမေရိကန်ရဲ့ အာရှ-ပစိဖိတ်ရေးရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေး၀န်ကြီးနဲ့ တရုတ်ဒုတိယနိုင်ငံခြားရေး၀န်ကြီးတို့ ဇွန် ၅ ရက်က ပေကျင်းမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

Ref: NHK
Photo:Reuters
#VOM #voiceofmyanmar #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW