တရုတ်နဲ့ စစ်အေးတိုက်ပွဲသစ် မဖြစ်လိုကြောင်း အမေရိကန်ပြော

၀ါရှင်တန်၊ ဇွန်-၈-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်အနေနု့ တရုတ်နိုင်ငံနဲ့ စစ်အေးတိုက်ပွဲသစ်ကို ရှောင်ရှားလိုပြီး နှစ်နိုင်ငံအကြား မရည်ရွယ်တဲ့ စစ်ရေးထိပ်တိုက်တွေ့ဆုံမှုတွေကို ကာကွယ်ဖိူ့အတွက် တွေ့ဆုံဆွေးနွေးရေးယန္တရားတွေ ဖန်တီးဖို့လိုအပ်ကြောင်း အမေရိကန်ထိပ်တန်းတာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။ အင်ဒို-ပစိဖိတ်ဆိုင်ရာ အမျိုးသားလုံခြုံရေးကောင်စီညှိနှိုင်းရေးမှူး ကာ့ကမ်းဘဲလ်က တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးအပေါ် ဇွန် ၇ မှာ အခုလို မှတ်ချက်ပြုပြောဆိုလိုက်ခြင်းဖြစ်ပြီး စေ့စပ်ညှိနှိုင်းရေးနဲ့ သံတမန်ရေး ဘယ်လိုပုံစံနဲ့ ချဉ်းကပ်ရမယ်ဆိုရာ မသေချာမရေရာဖြစ်နေကြောင်း သူကပြောပါတယ်။ အမေရိကန်နဲ့တရုတ်တို့အကြား စစ်သင်္ဘောတွေ သို့မဟုတ် လေယာဉ်တွေ အလွန်နီးကပ်တဲ့ အခြေအနေမျိုးမှာ ထိပ်တိုက်ပဋိပက္ခတွေကို ရှောင်ရှားဖို့ ဆက်သွယ်ရေးယန္တရားတွေ ဖန်တီးဖို့လိုအပ်ကြောင်း ကမ်းဘဲလ်ကပြောပါတယ်။ လွန်ခဲ့တဲ့သီတင်းပတ်အတွင်း တရုတ်တိုက်လေယာဉ်တစင်းဟာ တောင်တရုတ်ပင်လယ်ပြင်မှာ အမေရိကန်ကင်းထောက်လေယာဉ်အရှေ့ကနေ အနီးကပ်ပျံသန်းခဲ့ပြီး ဇွန် ၃ရက်ကလည်း ထိုင်၀မ်ရေလက်ကြားမှာ အမေရိကန်ဖျက်သင်္ဘောအနီး တရုတ်စစ်သင်္ဘောတစ်စင်း ချဉ်းကပ်ခုတ်မောင်းခဲ့ပါတယ်။ နှစ်နိုင်ငံဆက်ဆံရေးတင်းမာနေချိန်မှာ စင်ကာပူမှာနှစ်စဉ်ကျင်းပတဲ့ ရှန်ဂရီလာလုံခြုံရေးဆွေးနွေးပွဲမှာ ကာကွယ်ရေး၀န်ကြီးချင်းတွေ့ဆုံဖို့ အမေရိကန်ရဲ့ တောင်းဆိုမှုကို တရုတ်ဘက်က…

Read More

ဒေါက်တာမျိုးအောင်နဲ့ ဦးနိုင်ငံလင်းတို့ရဲ့ အဂတိအမှု အထူးအယူခံ ပယ်ချခံရ

ဇွန် ၈ – ၂၀၂၃ SN (VOM) (NLD)ပါတီလက်ထက်က နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်နဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းတို့ရဲ့ အထူးအယူခံအမှုတွေကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပယ်ချလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ဒေါက်တာမျိုးအောင်နဲ့ ဦးနိုင်ငံလင်းတို့ အမိန့်ချခံထားရတဲ့ အဂတိလိုက်စားမှု အမှု(၆)မှုကို ပထမအကြိမ် အယူခံတက်ရာမှာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ပယ်ချလိုက်တဲ့အတွက် အထူးအယူခံဆက်တက်ခဲ့ပေမယ့် အထူးအယူခံဝင်ခွင့်မပေးဘဲ အကျဉ်းနည်းနဲ့ ပလပ်လိုက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ “ဦးနိုင်ငံလင်းရဲ့ အဂတိအမှု ငါးမှုနဲ့ ဒေါက်တာမျိုးအောင်ရဲ့ အဂတိအမှု တစ်မှုတို့ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို အယူခံတက်ခဲ့တာမှာလည်း ပယ်ချခံခဲ့ရတယ်။ အခု အထူးအယူခံကိုလည်း ထပ်ပြီး ပယ်ချခံရတယ်။ ဒီ အထူးအယူခံပြီးရင်တော့ ဘာမှလုပ်လို့မရတော့ဘူး”လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ ပလပ်ခံရတဲ့အမှုတွေကတော့ ဒေါက်တာမျိုးအောင်အနေနဲ့ ရွေးကောက်ပွဲကာလအတွင်း ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းတွေအတွက် အလှူငွေလက်ခံရယူခဲ့တယ်ဆိုတဲ့ အဂတိအမှုတစ်မှုနဲ့ ဦးနိုင်ငံလင်းကိုတော့…

Read More

ထိုင်၀မ်လေပိုက်နက်ထဲကို တရုတ်စစ်လေယာဉ် ၃၇ စင်း၀င်ရောက်၊ လေကြောင်းရန်ကာကွယ်ရေးနစ် ထိုင်၀မ်အသင့်ပြင်ခဲ့ရ

တိုင်ပေ၊ ဇွန်-၈-၂၀၂၃ မျိုးဆက်(VOM) ထိုင်၀မ်လေကြောင်းရန် ကာကွယ်ရေးဇုန်ထဲကို တရုတ်စစ်လေယာဉ် ၃၇ စင်း၀င်ရောက်လာတာကြောင့် ထိုင်၀မ်လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို အသင့်ပြင်ခဲ့ရကြောင်း ထိုင်၀မ်ကာကွယ်ရေး၀န်ကြီးဌာနက ပြောပါတယ်။ ထိုင်၀မ်ကို ပိုင်ဆိုင်ကြောင်းအခိုင်အမာဆိုထားတဲ့ တရုတ်နိုင်ငံဟာ လွန်ခဲ့တဲ့သုံးနှစ်ကစပြီး ထိုင်၀မ်ကျွန်းအနီး သို့မဟုတ် ထိုင်၀မ်လေပိုင်နက်ထဲကို စစ်လေယာဉ်တွေ ၀င်ရောက်ပျံသန်းမှုကို တိုးမြှင့်လုပ်ဆောင်နေခဲ့ပါတယ်။ ဇွန် ၇ ရက် နံနက် ၅ နာရီအချိန်မှာ တရုတ်စစ်တပ်ရဲ့ ဂျေ-၁၁ နဲ့ ဂျေ-၁၆ တိုက်လေယာဉ်တွေနဲ့ အိတ်ခ်ျ-၆ ဗုံးကြဲလေယာဉ်အပါအ၀င် စစ်လေယာဉ် ၃၇ စင်းဟာ လေကြောင်းရန်ကာကွယ်ရေးစိစစ်ဇုန်ထဲကို ၀င်ရောက်ခဲ့ကြောင်း ထိုင်၀မ်ကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အဲဒီနောက်မှာတော့ ထိုင်၀မ်စစ်တပ်ဟာ ၀င်ရောက်လာတဲ့ လေယာဉ်တွေကို စောင့်ကြည့်ဖို့ တိုက်လေယာဉ်နဲ့ သင်္ဘောတွေစေလွှတ်ခဲ့ပြီး မြေပြင်အခြေစိုက် လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်တွေကို အသင့်ပြင်ခဲ့တယ်လို့ ပြောပါတယ်။ တရုတ်စစ်လေယာဉ်အချို့ဟာ ထိုင်၀မ်အရှေ့တောင်ဘက်ကို ပျံသန်းသွားပြီး ထောက်လှမ်းစောင့်ကြည့် လေ့ကျင့်မှုတွေလုပ်ဖို့အတွက် အနောက်ပစိဖိတ်သမုဒ္ဒရာဘက်ကို ဖြတ်သန်းပျံသန်းခဲ့တယ်လို့…

Read More

ဇူလိုင်လမှာ နေတိုးအဖွဲ့၀င်နိုင်ငံဖြစ်ဖို့ ဆွီဒင်မျှော်လင့်နေ

စတော့ဟုမ်း၊ ဇွန်-၈-၂၀၂၃ မျိုးဆက်(VOM) ဆွီဒင်နိုင်ငံရဲ့ နေတိုးအဖွဲ့ကို၀င်ရောက်ဖို့ လျှောက်ထားမှုကို ဇူလိုင်လမှာ ပြုလုပ်မယ့် နေတိုးအဖွဲ့ထိပ်သီးဆွေးနွေးပွဲမတိုင်မီ အတည်ပြုနိုင်မယ်လို့ မျှော်လင့်ကြောင်း ဆွီဒင်တာ၀န်ရှိသူတွေက ပြောပါတယ်။ ယူကရိန်းကို ရုရှားကကျူးကျော်တိုက်ခိုက်ပြီးနောက် ဆွီဒင်ဟာ နေတိုးအဖွဲ့၀င်အဖြစ် လွန်ခဲ့တဲ့နှစ် မေလက လျှောက်ထားခဲ့ပြီး လက်ရှိမှာတော့ တူရကီရဲ့ ကန့်ကွက်မှုနဲ့ ကြုံနေရပါတယ်။ တူရကီကနေ ခွဲထွက်ဖို့ကြိုးပမ်းနေတဲ့ ကာ့ဒ်စစ်သွေးကြွတွေကို ဆွီဒင်က ကျောထောက်နောက်ခံပြုနေကြောင်း တူရကီက စွပ်စွဲထားပြီး အဖွဲ့၀င်နိုင်ငံဖြစ်လာရေးအတွက် အကြမ်းဖက်တိုက်ဖျက်ရေးအစီအမံတွေကို အကောင်အထည်ဖော်ဖို့ တောင်းဆိုထားပါတယ်။ ဆွီဒင်ဟာ မကြာသေးမီက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေသစ်ကို အကောင်အထည်ဖော်ခဲ့ကြောင်း ဆွီဒင်ကာကွယ်ရေး၀န်ကြီး ပါလ်ဂျွန်ဆင်က ပြောပါတယ်။ တူရကနဲ့ နောက်ထပ်ဆွေးနွေးမှုတွေကို လာမယ့် သီတင်းပတ်အစောပိုင်းမှာ ပြုလုပ်ဖို့ မျှော်လင့်ထားပြီး ဇူလိုင်လ ၁၁ ရက်မှာ လစ်သူယေးနီးယားမှာလုပ်မယ့် နေတိုးအဖွဲ့ထိပ်သီးဆွေးနွေးပွဲမတိုင်မီ အဖွဲ့၀င်အဖြစ် ခွင့်ပြုပေးဖို့ မျှော်လင့်ကြောင်း ဆွီဒင်ကာကွယ်ရေး၀န်ကြီးက ထုတ်ဖော်ပြောဆိုထားပါတယ်။ Ref: NHK…

Read More

ဝင်ငွေ မမျှတမှုနဲ့ ကုန်ဈေးနှုန်းအခြေအနေ

SN (VOM) မြန်မာတစ်နိုင်ငံလုံးက ပြည်သူလူထုတွေအားလုံးဟာ လက်ရှိအချိန်မှာ အခြေခံလုပ်အားခ၊ လစာ၊ ဝင်ငွေနဲ့စားသောက်ကုန်ဈေးနှုန်း မမျှတမှုကို အလူးအလဲခံနေကြရတာ ဖြစ်ပါတယ်။ လုပ်ခ၊ လစာဝင်ငွေ နည်းပါးမှုကြောင့် အခြေခံပြည်သူတွေနဲ့ ဝန်ထမ်းတွေဟာ နေ့စဉ် မိသားစုစားသောက်စရိတ်ကို အလျဉ်မီအောင် မဖြေရှင်းနိုင်တဲ့အပြင် အခြား အိမ်မှုကိစ္စ၊ နေအိမ်ငှားရမ်းခ၊ သားသမီးပညာရေး၊ မိသားစုကျန်းမာရေး စတာတွေကို ဖြေရှင်းနိုင်ဖို့ အခက်အခဲများစွာရှိနေတာ ဖြစ်ပါတယ်။ လက်ရှိမှာ ကုန်ဈေးနှုန်းတွေဟာ ပုံမှန်ဈေးထက် ၃ ဆကနေ ၅ ဆခန့်အထိ မြင့်တက်လာနေတာဖြစ်ပါတယ်။ ပြည်သူတွေရဲ့ တစ်ရက်စာအသုံးစရိတ်ဟာ တစ်နေ့လုံးစာဝင်ငွေထက် ပိုများနေပြီး စားသောက်နေထိုင်ရေးအတွက် တစ်နေ့ထက်တစ်နေ့ အဆင်‌မပြေမှုများစွာကို ရင်ဆိုင်နေကြရသလို အလုပ်အကိုင်လည်း ရှားပါးလာနေတယ်လို့ အခြေခံလက်လုပ်လက်စား လုပ်ကိုင်သူတွေက ပြောပါတယ်။ “ကျွန်မ အရင်အလုပ်လုပ်တဲ့ အထည်ချုပ်စက်ရုံက အော်ဒါတွေမရလို့တဲ့ ပိတ်လိုက်ရတယ်လေ။ နောက်စက်ရုံတစ်ခု ထပ်ပြောင်းတယ်။ အဲ့ဒီစက်ရုံကလည်း ထပ်ပိတ်ပြန်တော့ အလုပ်ကမရှိတော့ဘူး။…

Read More

ရွှေဘိုမြို့နယ်မှာ လက်နက်ကြီးတွေကျရောက်ပေါက်ကွဲလို့ ၊ လူ ၅ ဦးသေဆုံး ၊ ၉ ဦး ဒဏ်ရာရ

ဇွန် ၊ ၇၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ်၊ တည်သီးတောကျေးရွာနားမှာ မနေ့ ဇွန် ၆ ရက် ၊ မနက် ၄ နာရီ ၅၀ မိနစ်အချိန်က လက်နက်ကြီး ကျည်တွေပေါက်ရောက်ကွဲလို့ သေဆုံး ၊ ဒဏ်ရာရတာတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီ သိရပါတယ်။ ” တည်သီးတော ကျေးရွာတွေကို လက်နက်ကြီး ကျည်တွေကျရောက် ပေါက်ကွဲတယ် ၊ အိမ်တွေပေါ်ကို ကျရောက်ပေါက်ကွဲလို့ သေကျရတာဖြစ်တယ် ၊ သေဆုံးသူတွေကတော့ ဦးချို (၅၅) နှစ်၊ ဦးစိုးသူ (၂၇) နှစ်၊ ဦးဖိုးထောင် (၃၅) နှစ်၊ ဦးဇော်ထိုက် (၃၅) နှစ်နဲ့ ဒေါ်ဌေးရင် (၆၀) နှစ်တို့ ၅ ယောက်ကတော့ နေရာမှာ…

Read More

မအူပင်မြို့မှာ ငလျင်လှုပ်တဲ့ဒဏ်ကြောင့် အဆောက်အဦပြိုကျပြီး သီလရှင်(၁)ပါးနဲ့ ယောဂီ(၁)ဦး သေဆုံး

ဇွန်၊၇-၂၀၂၃ MM + GG (VOM) ဧရာဝတီတိုင်း ၊ မအူပင်မြို့မှာ ဒီနေ့ ဇွန်လ ၇ ရက် ညနေပိုင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် မိုးကုတ်ဝိပဿနာအဖွဲ့ခွဲ ၄၄ က စလပ်ပြားပြိုကျလို့ သီလရှင် ဆရာကြီး ၁ ပါးနဲ့ ယောဂီအမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။ “ဒီနေ့ ညနေ ၄ နာရီကျော်ကျော်က ငလျင်က လှုပ်တာ အချိန်တော်တော်ကြာတယ်၊ ပြင်းလည်း ပြင်းတယ်၊ လတ်တလောအနေနဲ့ သိရတာကတော့ မအူပင် မိုးကုပ်ဝိပသာနာ တရားပြတဲ့ ကျောင်းဆောင်အဆောက်အဦပြိုကျမှုဖြစ်တယ် ၊ အသက် (၆၀)လောက်ရှိတဲ့ သီလရှင်ဆရာလေး ၁ပါးနဲ့ ယောဂီအမျိုးသမီး ၁ ဦး အဆောက်အဦ ပိပြီး သေဆုံးသွားတယ်၊ အခြား အပျက်စီးတွေလည်း ရှိတယ်လို့သိရတယ် ။”လို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ နောက်ထပ်…

Read More

မကွေးက NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမြင့်ဦးရဲ့ဈာပနကို ရေဝေးသုဿန်မှာ ပြုလုပ်မယ်

ဇွန် ၇ – ၂၀၂၃ SN (VOM) မကွေးမြို့နယ်က NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးရဲ့ ဈာပနအခမ်းအနားကို မနက်ဖြန် ဇွန် ၈ ရက်၊ ညနေ ၃ နာရီ၊ ရေဝေးသုဿန်ခန်းမ ၁-ခ မှာ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။ “ရိုးတွင်းခြင်ဆီကင်ဆာရောဂါနဲ့ ဇွန် ၆ ရက်က ရန်ကုန်မြို့မှာ ကွယ်လွန်သွားတာဖြစ်ပါတယ်။ ရေဝေးသုဿန်မှာ မီးသင်္ဂြိုဟ်မှာပါ”လို့ ဦးမြင့်ဦးရဲ့ဇနီးဖြစ်သူက လူမှုကွန်ရက်ကတစ်ဆင့် အသိပေးထားပါတယ်။ ရွေးကောက်ခံ မကွေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးဟာ ၂၀၂၁ ခုနှစ်၊ မေ ၂၈ ရက်မှာ ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရသူဖြစ်ပြီး အဲ့ဒီ့နှစ် အောက်တိုဘာလမှာပဲ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာသူ ဖြစ်ပါတယ်။ ဦးမြင့်ဦးဟာ ၂၀၂၀ ရွေးကောက်ပွဲနဲ့…

Read More

ပုဂံမြို့ဟောင်းက ဗူးဘုရားစေတီတော် မိုးကြိုးခ

ဇွန်၊ ၇ -၂၀၂၃ SP + SN ( VOM) မန္တလေးတိုင်း ၊ ညောင်ဦးခရိုင် ၊ ပုဂံရှေးဟောင်းမြို့နယ် ၊ တောင်ဘီကျေးရွာမှာ မနေ့ ဇွန် ၆ ရက် မနက် ၉ နာရီဝန်းကျင်က မိုးရွာသွန်းပြီး လျှပ်စီး မိုးကြိုးတွေ ပစ်ခဲ့တာကြောင့် ဧရာဝတီမြစ်ကမ်းဘေးမှာရှိတဲ့ ဗူးဘုရားဟာ မိုးကြိုးထိမှန်ခဲ့တယ်လို့ ရှေးဟောင်းသုတေသနအဖွဲ့ဆီက သိရပါတယ်။ ” AD ၃ ရာစုခန့်က ပျူစောထီးမင်း တည်ထားတဲ့ ဧရာဝတီမြစ်ကမ်းဘေးက ဗူးဘုရားစေတီမှာ မိုးကြိုးခပြီး လျှပ်စီးဝင်တာ ဖြစ်တယ် ၊ အဲ့ဒီ စေတီ ဝန်းကျင်ဘေးမှာ မီးပွားတွေ လွှင့်စင်ပြီး မြစ်ထဲကို စီးဝင်သွားတယ် ဖြစ်တယ်”လို့ မျက်မြင်တွေ့လိုက်ရတဲ့သူ ရေလုပ်သားတစ်ဦးက ပြောပါတယ်။ ရှေးဟောင်းသုတေသနဦးစီးဌာန (ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက“မိုးသည်းထန်ထန် မိနစ်(၂၀)ခန့် ရွာခဲ့တဲ့ချိန်မှာ…

Read More

နှစ်နိုင်ငံတင်းမာနေစဉ် အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင် တရုတ်သွားမယ်

၀ါရှင်တန်၊ ဇွန်-၇-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်ဟာ လာမယ့်သီတင်းပတ်အနည်းငယ်အတွင်း တရုတ်နိုင်ငံကို သွားရောက်ဖို့ စီစဉ်နေကြောင်း အမေရိကန်သတင်းဌာနတွေက ဇွန် ၆ ရက်မှာ ဖော်ပြထားပါတယ်။ ဘလင်ကင်ဟာ တရုတ်သမ္မတရှီကျင်းပင်အပါအ၀င် ထိပ်တန်းတာ၀န်ရှိသူတွေနဲ့ တွေ့ဆုံသွားဖို့ အစီအစဉ်ရှိကြောင်း အဲဒီကိစ္စနဲ့ နီးစပ်သူတွေကိုကိုးကားပြီး ဘလွန်းဘာ့ဂ်သတင်းဌာနက ဖော်ပြထားပါတယ်။ များမကြာမီကာလမှာ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား ထိပ်တန်းအဆင့် ခရီးစဉ်တွေကို ကြေညာသွားမယ်လို့ အိမ်ဖြူတော်အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ခရီဘီက ဇွန် ၆ မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဘလင်ကင်ရဲ့ တရုတ်နိုင်ငံခရီးစဉ်ကို ယခုနှစ်ဖေဖော်ဝါရီလအတွင်းသွားရောက်ဖို့ မူလက စီစဉ်ထားခဲ့ပေမယ့် အမေရိကန်နိုင်ငံအပေါ် တရုတ်သူလျှိုဘောလုံးတွေပျံသန်းမှုကြောင့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။ ဒီဖြစ်စဉ်ကြောင့် အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား ဆက်ဆံရေးဆိုးရွားခဲ့ပါတယ်။ ဒါပေမယ့် နှစ်ဘက်အကြား သံတမန်ဆက်ဆံရေးတွေ တဖြည်းဖြည်းပြန်လည်စတင်နေပြီး အမေရိကန်ရဲ့ အာရှ-ပစိဖိတ်ရေးရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေး၀န်ကြီးနဲ့ တရုတ်ဒုတိယနိုင်ငံခြားရေး၀န်ကြီးတို့ ဇွန် ၅…

Read More
VOM News

FREE
VIEW