မကွေးက NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမြင့်ဦးရဲ့ဈာပနကို ရေဝေးသုဿန်မှာ ပြုလုပ်မယ်

ဇွန် ၇ – ၂၀၂၃
SN (VOM)

မကွေးမြို့နယ်က NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးရဲ့ ဈာပနအခမ်းအနားကို မနက်ဖြန် ဇွန် ၈ ရက်၊ ညနေ ၃ နာရီ၊ ရေဝေးသုဿန်ခန်းမ ၁-ခ မှာ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။

“ရိုးတွင်းခြင်ဆီကင်ဆာရောဂါနဲ့ ဇွန် ၆ ရက်က ရန်ကုန်မြို့မှာ ကွယ်လွန်သွားတာဖြစ်ပါတယ်။ ရေဝေးသုဿန်မှာ မီးသင်္ဂြိုဟ်မှာပါ”လို့ ဦးမြင့်ဦးရဲ့ဇနီးဖြစ်သူက လူမှုကွန်ရက်ကတစ်ဆင့် အသိပေးထားပါတယ်။

ရွေးကောက်ခံ မကွေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးဟာ ၂၀၂၁ ခုနှစ်၊ မေ ၂၈ ရက်မှာ ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရသူဖြစ်ပြီး အဲ့ဒီ့နှစ် အောက်တိုဘာလမှာပဲ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာသူ ဖြစ်ပါတယ်။

ဦးမြင့်ဦးဟာ ၂၀၂၀ ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ မကွေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အနေနဲ့ NLD ပါတီကိုယ်စားပြု အနိုင်ရခဲ့သူဖြစ်ပါတယ်။

#VOM #voiceofmyanmar #မကွေး #ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမြင့်ဦး #ကွယ်လွန်မှု

Related posts

Leave a Comment

VOM News

FREE
VIEW