ရွှေဘိုမြို့နယ်မှာ လက်နက်ကြီးတွေကျရောက်ပေါက်ကွဲလို့ ၊ လူ ၅ ဦးသေဆုံး ၊ ၉ ဦး ဒဏ်ရာရ

ဇွန် ၊ ၇၊ ၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ်၊ တည်သီးတောကျေးရွာနားမှာ မနေ့ ဇွန် ၆ ရက် ၊ မနက် ၄ နာရီ ၅၀ မိနစ်အချိန်က လက်နက်ကြီး ကျည်တွေပေါက်ရောက်ကွဲလို့ သေဆုံး ၊ ဒဏ်ရာရတာတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီ သိရပါတယ်။

” တည်သီးတော ကျေးရွာတွေကို လက်နက်ကြီး ကျည်တွေကျရောက် ပေါက်ကွဲတယ် ၊ အိမ်တွေပေါ်ကို ကျရောက်ပေါက်ကွဲလို့ သေကျရတာဖြစ်တယ် ၊ သေဆုံးသူတွေကတော့ ဦးချို (၅၅) နှစ်၊ ဦးစိုးသူ (၂၇) နှစ်၊ ဦးဖိုးထောင် (၃၅) နှစ်၊ ဦးဇော်ထိုက် (၃၅) နှစ်နဲ့ ဒေါ်ဌေးရင် (၆၀) နှစ်တို့ ၅ ယောက်ကတော့ နေရာမှာ ပွဲချင်းပြီး သေဆုံးသွားတယ် ” လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီ အပြင် ဦးကျော်မျိုး (၃၅) နှစ်၊ ဦးသက်ဝေစိုး (၃၃) နှစ်၊ ဦးမောင်ဇော် (၃၅) နှစ်၊ ဦးသိန်းထိုက် (၂၂) နှစ်၊ ဦးကျော်ဆန်း (၃၅) နှစ်၊ ဦးဟိန်းဇော်ဦး (၃၅) နှစ်၊ ဦးစိုးမင်းအောင် (၃၅) နှစ်၊ ဦးကျော်ဝင်းစိုး (၃၆) နှစ်နဲ့ ဦးအောင်ကျော်လင်း (၃၅) နှစ် တို့ ၉ ဦးမှာ လက်နက်ကြီး ကျည် ထိမှန်ပေါက်ကွဲပြီး စိုးရိမ်ဒဏ်ရာရတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။

အဲ့ဒီ လက်နက်ကျည်တွေ ကျရောက်ပေါက်ကွဲတာကြောင့် ကျေးရွာထဲရှိ နေအိမ်စျေးဆိုင်တလုံးလည်း မီးလောင်ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။

ဒီနေရာအနီး မကြာခဏပစ်ခတ်တာတွေကြားရပေမယ့် ခုလက်နက်ကြီးပစ်ခတ်တာ ဘယ်အဖွဲ့က ပစ်ခတ်တယ်ဆိုတာတော့ သဲသဲကွဲကွဲ မသိရသေးပါဘူး။

#voiceofmyanmar #VOM #ရွှေဘို

Related posts

Leave a Comment

VOM News

FREE
VIEW