တရုတ်နဲ့ စစ်အေးတိုက်ပွဲသစ် မဖြစ်လိုကြောင်း အမေရိကန်ပြော

၀ါရှင်တန်၊ ဇွန်-၈-၂၀၂၃
မျိုးဆက်(VOM)

အမေရိကန်အနေနု့ တရုတ်နိုင်ငံနဲ့ စစ်အေးတိုက်ပွဲသစ်ကို ရှောင်ရှားလိုပြီး နှစ်နိုင်ငံအကြား မရည်ရွယ်တဲ့ စစ်ရေးထိပ်တိုက်တွေ့ဆုံမှုတွေကို ကာကွယ်ဖိူ့အတွက် တွေ့ဆုံဆွေးနွေးရေးယန္တရားတွေ ဖန်တီးဖို့လိုအပ်ကြောင်း အမေရိကန်ထိပ်တန်းတာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

အင်ဒို-ပစိဖိတ်ဆိုင်ရာ အမျိုးသားလုံခြုံရေးကောင်စီညှိနှိုင်းရေးမှူး ကာ့ကမ်းဘဲလ်က တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးအပေါ် ဇွန် ၇ မှာ အခုလို မှတ်ချက်ပြုပြောဆိုလိုက်ခြင်းဖြစ်ပြီး စေ့စပ်ညှိနှိုင်းရေးနဲ့ သံတမန်ရေး ဘယ်လိုပုံစံနဲ့ ချဉ်းကပ်ရမယ်ဆိုရာ မသေချာမရေရာဖြစ်နေကြောင်း သူကပြောပါတယ်။

အမေရိကန်နဲ့တရုတ်တို့အကြား စစ်သင်္ဘောတွေ သို့မဟုတ် လေယာဉ်တွေ အလွန်နီးကပ်တဲ့ အခြေအနေမျိုးမှာ ထိပ်တိုက်ပဋိပက္ခတွေကို ရှောင်ရှားဖို့ ဆက်သွယ်ရေးယန္တရားတွေ ဖန်တီးဖို့လိုအပ်ကြောင်း ကမ်းဘဲလ်ကပြောပါတယ်။

လွန်ခဲ့တဲ့သီတင်းပတ်အတွင်း တရုတ်တိုက်လေယာဉ်တစင်းဟာ တောင်တရုတ်ပင်လယ်ပြင်မှာ အမေရိကန်ကင်းထောက်လေယာဉ်အရှေ့ကနေ အနီးကပ်ပျံသန်းခဲ့ပြီး ဇွန် ၃ရက်ကလည်း ထိုင်၀မ်ရေလက်ကြားမှာ အမေရိကန်ဖျက်သင်္ဘောအနီး တရုတ်စစ်သင်္ဘောတစ်စင်း ချဉ်းကပ်ခုတ်မောင်းခဲ့ပါတယ်။

နှစ်နိုင်ငံဆက်ဆံရေးတင်းမာနေချိန်မှာ စင်ကာပူမှာနှစ်စဉ်ကျင်းပတဲ့ ရှန်ဂရီလာလုံခြုံရေးဆွေးနွေးပွဲမှာ ကာကွယ်ရေး၀န်ကြီးချင်းတွေ့ဆုံဖို့ အမေရိကန်ရဲ့ တောင်းဆိုမှုကို တရုတ်ဘက်က ပယ်ချခဲ့ပါတယ်။

Ref: NHK
Photo:Getty Images
#VOM #voiceofmyanmar #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW