ဇူလိုင်လမှာ နေတိုးအဖွဲ့၀င်နိုင်ငံဖြစ်ဖို့ ဆွီဒင်မျှော်လင့်နေ

စတော့ဟုမ်း၊ ဇွန်-၈-၂၀၂၃
မျိုးဆက်(VOM)

ဆွီဒင်နိုင်ငံရဲ့ နေတိုးအဖွဲ့ကို၀င်ရောက်ဖို့ လျှောက်ထားမှုကို ဇူလိုင်လမှာ ပြုလုပ်မယ့် နေတိုးအဖွဲ့ထိပ်သီးဆွေးနွေးပွဲမတိုင်မီ အတည်ပြုနိုင်မယ်လို့ မျှော်လင့်ကြောင်း ဆွီဒင်တာ၀န်ရှိသူတွေက ပြောပါတယ်။

ယူကရိန်းကို ရုရှားကကျူးကျော်တိုက်ခိုက်ပြီးနောက် ဆွီဒင်ဟာ နေတိုးအဖွဲ့၀င်အဖြစ် လွန်ခဲ့တဲ့နှစ် မေလက လျှောက်ထားခဲ့ပြီး လက်ရှိမှာတော့ တူရကီရဲ့ ကန့်ကွက်မှုနဲ့ ကြုံနေရပါတယ်။

တူရကီကနေ ခွဲထွက်ဖို့ကြိုးပမ်းနေတဲ့ ကာ့ဒ်စစ်သွေးကြွတွေကို ဆွီဒင်က ကျောထောက်နောက်ခံပြုနေကြောင်း တူရကီက စွပ်စွဲထားပြီး အဖွဲ့၀င်နိုင်ငံဖြစ်လာရေးအတွက် အကြမ်းဖက်တိုက်ဖျက်ရေးအစီအမံတွေကို အကောင်အထည်ဖော်ဖို့ တောင်းဆိုထားပါတယ်။

ဆွီဒင်ဟာ မကြာသေးမီက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေသစ်ကို အကောင်အထည်ဖော်ခဲ့ကြောင်း ဆွီဒင်ကာကွယ်ရေး၀န်ကြီး ပါလ်ဂျွန်ဆင်က ပြောပါတယ်။

တူရကနဲ့ နောက်ထပ်ဆွေးနွေးမှုတွေကို လာမယ့် သီတင်းပတ်အစောပိုင်းမှာ ပြုလုပ်ဖို့ မျှော်လင့်ထားပြီး ဇူလိုင်လ ၁၁ ရက်မှာ လစ်သူယေးနီးယားမှာလုပ်မယ့် နေတိုးအဖွဲ့ထိပ်သီးဆွေးနွေးပွဲမတိုင်မီ အဖွဲ့၀င်အဖြစ် ခွင့်ပြုပေးဖို့ မျှော်လင့်ကြောင်း ဆွီဒင်ကာကွယ်ရေး၀န်ကြီးက ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: NHK
#VOM #voiceofmyanmar #စတော့ဟုမ်း

Related posts

Leave a Comment

VOM News

FREE
VIEW