ထိုင်၀မ်လေပိုက်နက်ထဲကို တရုတ်စစ်လေယာဉ် ၃၇ စင်း၀င်ရောက်၊ လေကြောင်းရန်ကာကွယ်ရေးနစ် ထိုင်၀မ်အသင့်ပြင်ခဲ့ရ

တိုင်ပေ၊ ဇွန်-၈-၂၀၂၃
မျိုးဆက်(VOM)

ထိုင်၀မ်လေကြောင်းရန် ကာကွယ်ရေးဇုန်ထဲကို တရုတ်စစ်လေယာဉ် ၃၇ စင်း၀င်ရောက်လာတာကြောင့် ထိုင်၀မ်လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို အသင့်ပြင်ခဲ့ရကြောင်း ထိုင်၀မ်ကာကွယ်ရေး၀န်ကြီးဌာနက ပြောပါတယ်။

ထိုင်၀မ်ကို ပိုင်ဆိုင်ကြောင်းအခိုင်အမာဆိုထားတဲ့ တရုတ်နိုင်ငံဟာ လွန်ခဲ့တဲ့သုံးနှစ်ကစပြီး ထိုင်၀မ်ကျွန်းအနီး သို့မဟုတ် ထိုင်၀မ်လေပိုင်နက်ထဲကို စစ်လေယာဉ်တွေ ၀င်ရောက်ပျံသန်းမှုကို တိုးမြှင့်လုပ်ဆောင်နေခဲ့ပါတယ်။

ဇွန် ၇ ရက် နံနက် ၅ နာရီအချိန်မှာ တရုတ်စစ်တပ်ရဲ့ ဂျေ-၁၁ နဲ့ ဂျေ-၁၆ တိုက်လေယာဉ်တွေနဲ့ အိတ်ခ်ျ-၆ ဗုံးကြဲလေယာဉ်အပါအ၀င် စစ်လေယာဉ် ၃၇ စင်းဟာ လေကြောင်းရန်ကာကွယ်ရေးစိစစ်ဇုန်ထဲကို ၀င်ရောက်ခဲ့ကြောင်း ထိုင်၀မ်ကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အဲဒီနောက်မှာတော့ ထိုင်၀မ်စစ်တပ်ဟာ ၀င်ရောက်လာတဲ့ လေယာဉ်တွေကို စောင့်ကြည့်ဖို့ တိုက်လေယာဉ်နဲ့ သင်္ဘောတွေစေလွှတ်ခဲ့ပြီး မြေပြင်အခြေစိုက် လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်တွေကို အသင့်ပြင်ခဲ့တယ်လို့ ပြောပါတယ်။

တရုတ်စစ်လေယာဉ်အချို့ဟာ ထိုင်၀မ်အရှေ့တောင်ဘက်ကို ပျံသန်းသွားပြီး ထောက်လှမ်းစောင့်ကြည့် လေ့ကျင့်မှုတွေလုပ်ဖို့အတွက် အနောက်ပစိဖိတ်သမုဒ္ဒရာဘက်ကို ဖြတ်သန်းပျံသန်းခဲ့တယ်လို့ ဆိုပါတယ်။

Ref: Reuters
Photo: Reuters
#VOM #voiceofmyanmar #တိုင်ပေ

Related posts

Leave a Comment

VOM News

FREE
VIEW