ပင်လောင်းက စစ်ရှောင် ၄၀၀၀ ကျော် စားနပ်ရိက္ခာနဲ့ဆေးဝါးတွေ အရေးပေါ် လိုအပ်နေ

ဇွန်၊၇-၂၀၂၃
MM(VOM)

ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ်က ဒေသခံ စစ်ဘေးရှောင် အယောက် ၄၀၀၀ ကျော်မှာ စားနပ်ရိက္ခာနဲ့ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့သူတွေဆီကနေ သိရပါတယ်။

”ပင်လောင်းမြို့နယ်ရဲ့ တောင်ဘက်မှာ တပ်နဲ့ လက်နက်ကိုင် အဖွဲ့တွေ တိုက်ပွဲတွေဖြစ်နေတယ်၊ တိုက်ပွဲဖြစ်တဲ့ရက်ရှည်လာလို့ တိုက်ပွဲဖြစ်တဲ့ ဧရိယာလည်းများလာတဲ့အတွက် စစ်ဘေးရှောင် သူတွေလည်း တစ်နေ့ ထက်တစ်နေ့ ပိုများလာတာ ၊လက်ရှိ အခုတော့ စစ်ရှောင် အယောက် ၄၀၀၀ ကျော် လောက်ရှိတယ်၊ စားစရာဆန် စပြတ်လာပြီ၊ ပုံမှန် ဆေးသောက်နေရတဲ့သူတွေရှိတယ်၊ ဆေးဝါးနဲ့ အဝတ်အထည်တွေလည်း မလုံလောက်တော့ဘူး၊ မိုးတွင်းကာလဆိုတော့ အဝတ်အထည်ကလည်း လိုလာပြီ ၊အရင်ရက်တွေကလို အလှူရှင်တွေလည်း သိပ်မလာတော့ဘူး၊ လက်ရှိ အခြေအနေအတိုင်းဆို ဘယ်စစ်ရှောင်ကမှလည်း နေရပ်ပြန်လို့မရသေးတာ ၊ အလှူရှင် အရေးပေါ်လိုအပ်နေတယ်။”လို့ စစ်ရှောင်အရေး ဆောင်ရွက်ပေးသူတစ်ဦးကပြောပါတယ်။

စစ်ရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက” လက်ရှိပင်လောင်းမြို့နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေတာ တစ်ပတ်လောက်အထိရှိနေပြီ ၊ ကလေးတွေ သက်ကြီးပိုင်းတွေအတွက် ကျန်းမာရေးအန္တရာယ်စိုးရိမ်နေရတယ် ၊သူတို့တွေမှာ ကိုယ်ခံအားတွေနည်းလာတယ် ၊သောက်နေကျ ဆေးဝါးတွေလည်း ပြတ်လပ်လာနေတယ်၊ မိုးဦးကာလဖြစ်လို့ ခြင်ကိုက်တာက တစ်ဆင့်ဖြစ်တဲ့ ရောဂါတွေလည်း ဖြစ်ပွားနေတယ်၊ လောလောဆယ်တော့ စိုးရိမ်စရာမရှိပေမယ့် ရေရှည်မှာ မကောင်းဘူး၊ မြွေအန္တရာယ်လည်း စိုးရိမ်နေရတယ်။”လို့ ပြောပါတယ်။

အဲ့ဒီ စစ်ရှောင် ၄၀၀၀ ကျော်ဟာ ပင်လောင်းမြို့နယ် အတွင်းက လွယ်စံပြောင်၊ ရွှေတောင်တောရ၊ပင်လောင်း ကြီးကျောင်း ၊ မွေတော်ဘုရားကြီး ၊ တီကျစ်၊ နောင်တရား ဈေးသစ်၊ ရွှေဘုန်းပွင့်နဲ့ နီးစပ်ရာဆွေမျိုးတွေရဲ့ နေအိမ်တွေမှာ ရွှေ့ပြောင်းခိုလှိုနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲ့ဒီဒေသက စစ်ဘေးရှောင်တွေဟာ စားနပ်က္ခာနဲ့ ဆေးဝါးတွေအပြင် လက်နက်ကြီး ကျရောက်တဲ့အန္တရာယ်ကိုလည်း စိုးရိမ်နေရပြီး ပြီးခဲ့တဲ့ ၅ လအတွင်းမှာ လက်နက်ကြီးကျည်ကျရောက် ထိမှန်လို့ ဒေသခံ ၉ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ၁၃ ယောက်အထိ ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဒေသခံ တွေဆီကနေ သိရပါတယ်။

#VOM #voiceofmyanmar #ပင်လောင်း #စစ်ရှောင် #အရေးပေါ်အကူအညီလိုအပ်

Related posts

Leave a Comment

VOM News

FREE
VIEW