ယူကရိန်းဆည်ကျိုးပေါက်မှု ဒေသခံတွေအတွက် ဆိုးရွားတဲ့အကျိုးဆက်တွေဖြစ်လာမယ်လို့ ကုလသတိပေး

ကိယက်ဗ်၊ ဇွန်-၇-၂၀၂၃
မျိုးဆက်(VOM)

ယူကရိန်းရှိ အဓိကဆည်ကြီးတခု ကျိုးပေါက်သွားခြင်းဟာ လူထောင်ပေါင်းများစွာအတွက် ဆိုးရွားပြီး ကြီးမားတဲ့အကျိုးဆက်တွေ ရှိလာလိမ့်မယ်လို့ ကုလသမဂ္ဂက သတိပေးပြောဆိုလိုက်ပါတယ်။

စစ်ဖြစ်ပွားနေတဲ့ ယူကရိန်းတောင်ပိုင်းမှာ အဲဒီဆည်ကျိုးပေါက်မှုကြောင့် လူထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး လက်ရှိအခြေအနေထက်ပိုပြီး ရေကြီးရေလျှံဖြစ်ပွားနိုင်ကြောင်း ကုလသမဂ္ဂကဆိုပါတယ်။

အဲဒီဆည်ကို ဖောက်ခွဲဖျက်ဆီးခဲ့ကြတယ်လို့ ယူကရိန်းနဲ့ ရုရှားတို့က အပြန်အလှန်စွပ်စွဲထားကြပေမယ့် တိကျစွာ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ ဇွန် ၇ ရက်ထိ ဒေသ ၂၃ ခု ရေမြုပ်နေကြောင်း ယူကရိန်းတာ၀န်ရှိသူတွေက ပြောပါတယ်။

ခါဆန်ဒေသမှာဖြစ်ပွားနေတဲ့ ရေလွှမ်းမိုးမှုဟာ နောက်ထပ် နာရီ ၂၀အတွင်း အထွတ်အထိပ်ကို ရောက်နိုင်ဖွယ်မရှိသေးကြောင်း ဒေသတွင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။

လက်ရှိအချိန်ထိ လူပေါင်း လေးသောင်းကျော်ကို ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးထားရကြောင်း ယူကရိန်းဘက်ကပြောပါတယ်။

ခါဆန်ဒေသက ရုရှားခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေကတော့ သူတို့ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ အရေးပေါ်အခြေအနေကြေညာထားပါတယ်။

အဲဒီဆည်ဟာ ရုရှားထိန်းချုပ်ထားတဲ့ ဇာပိုရစ်ဇီးယားနျူကလီးယားဓါတ်အားပေးစက်ရုံအတွက် အအေးခံဖို့ ရေထောက်ပံ့ပေးနေတဲ့ ဆည်တခုဖြစ်ပါတယ်။

Ref: BBC
Photo:AP
#VOM #voiceofmyanmar #ကိယက်ဗ်

Related posts

Leave a Comment

VOM News

FREE
VIEW