မော်စကို ၊ ဇွန်-၁၄-၂၀၂၃
မျိုးဆက်(VOM)
ရုရှားစစ်တပ်အတွက် လိုအပ်တဲ့ လက်နက်ခဲယမ်းတွေ ပြတ်လပ်နေကြောင်း ရုရှားသမ္မတပူတင်က ဇွန် ၁၃ ရက်မှာ ၀န်ခံပြောဆိုလိုက်ပါတယ်။
ဇွန် ၁၃ ရက်က ကရင်မလင်နန်းတော်မှာ သတင်းထောက်တွေနဲ့တွေ့ဆုံရာမှာ ယူကရိန်းစစ်ပွဲစတင်ပြီးနောက်ပိုင်း သိသာထင်ရှားတဲ့ အားနည်းချက်တွေကို ပူတင်က ပြောဆိုခဲ့ပြီး တိကျစွာပစ်ခတ်နိုင်တဲ့ လက်နက်ခဲယမ်းတွေ၊ ဒရုန်းတွေ၊ ခေတ်မီတင့်ကားဖျက်လက်နက်တွေနဲ့ သံချပ်ကာကားတွေ လိုအပ်နေကြောင်း သူကပြောဆိုခဲ့ပါတယ်။
အဓိကလက်နက်အမျိုးအစားတွေ ထုတ်လုပ်မှုဟာ လွန်ခဲ့တဲ့နှစ်အတွင်း ၂ ဒသမ ၇ ရာခိုင်နှုန်းတိုးလာခဲ့ပြီး မရှိမဖြစ်လက်နက်များထုတ်လုပ်မှု ဆယ်ဆတိုးလာကြောင်း၊ ဒါပေမယ့် ပြတ်လပ်မှုတွေကို ဖြေရှင်းဖို့အတွက် လက်နက်ထုတ်လုပ်တွေကို ပိုမိုမြှင့်တင်ဖို့လိုကြောင်း ပူတင်က အလေးပေးပြောဆိုပါတယ်။
ရုရှားနိုင်ငံအတွင်း ၀င်ရောက်လာမှုတွေကို တားဆီးဖို့အတွက် ယူကရိန်းပိုင်နက်အတွင်းမှာ ကြားခံဇုန်တခုဖန်တီးဖို့ အစီအစဉ်ကို ပူတင်က အရိပ်အမြွတ်ပြောဆိုခဲ့သော်လည်း လက်ရှိအခြေအနေအရ အကောင်အထည်ဖော်ဦးမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
အမေရိကန်ဟာ ယူကရိန်းပဋိပက္ခမှာ တိုက်ရိုက်ပါ၀င်ပတ်သက်နေတာကြောင့် နိုင်ငံတကာလုံခြုံရေးအကျပ်အတည်းတွေကို ဆိုးရွားစွာဖြစ်ပေါ်စေတယ်လို့ ရုရှားသမ္မတပူတင်က ဝေဖန်ပြောဆိုထားပါတယ်။
Ref:NHK
Photo:Anadolu/AFP
#VOM #voiceofmyanmar #မော်စကို