ဇွန် ၁၉ – ၂၀၂၃ GG(VOM) ရန်ကုန်မှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်အဖြစ် ပန်းသပိတ်လုပ်သူတွေထဲကနေ လူ ၂ ယောက်ထက်မနည်း ဖမ်းဆီးခံလိုက်ရပြီး ခေါ်ယူစစ်ဆေးခံနေသူလည်း ၃၀ ဦးထက်မနည်းရှိ တယ်လို့သိရပါတယ်။ ဖမ်းဆီးခံလိုက်ရသူတွေဟာ မင်္ဂလာဒုံမြို့နယ် ၊ တာမွေမြို့နယ်က အမျိုးသား ၂ ယောက် ဖြစ်ပြီး စစ်ဆေးခံယူနေရသူတွေကတော့ ပန်းပဲတန်းမြို့နယ်၊ သမာဓိရွှေဆိုင်နှစ်ဆိုင်မှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းအမျိုးသမီး ၁၃ ယောက်နဲ့ မင်္ဂလာဒုံ မြို့နယ် ထောက်ကြန့်က ၁၈ ယောက်ရှိတယ်လို့ သိရပါတယ်။ ” ဖမ်းခံရတာက ကိုပြည့်ဖြိုးအောင်ဆိုသူ မနက်၇ နာရီလောက်က အဖမ်းခံလိုက်ရတယ်။သူက ကျနော်တို့ မင်္ဂလာဒုံ ၊ ပတ္တမြားရပ်ကွက်၊ မြအေးချမ်းလမ်းက အဆောင်တစ်ခုမှာနေတာ။သူ့က ဒီနေ့မနက် ပတ္တမြားစျေးထဲမှာ ပန်းသပိတ်ဆိုပြီး ပန်းကျဲ ဆန္ဒပြနေချိန် ဖမ်းခံလိုက်ရတာ။သူ့ကိုဖမ်းပြီးတော့ သူနေတဲ့ဆီဝင်ရှာတော့ လက်လုပ်ဗုံးတွေ့တယ်လို့လည်းသိရတယ်၊ တခြားနေရာတွေလည်း ဖမ်းခံရတယ်လို့ တွေ့ရတယ်၊…
Read MoreDay: June 19, 2023
အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင် တရုတ်နိုင်ငံရောက်ရှိ၊ သမ္မတရှီကျင်းပင်နဲ့ မကြာမီတွေ့ဆုံဆွေးနွေးမယ်
ပေကျင်း၊ ဇွန်-၁၉-၂၀၂၃ မျိုးဆက်(VOM) ကမ္ဘာ့အင်အားကြီး အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား ယိုယွင်းနေတဲ့ဆက်ဆံရေးကို ပြန်လည်တည်ဆောက်ဖို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်ဟာ တရုတ်နိုင်ငံကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ဘလင်ကင်ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလကတည်းက တရုတ်နိုင်ငံကို သွားရောက်ဖို့ စီစဉ်ခဲ့ပေမယ့် တရုတ်သူလျှိုဘောလုံးတွေ အမေရိကန်ပေါ်ကဖြတ်ပျံတဲ့ကိစ္စကြောင့် ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့တာဖြစ်ပါတယ်။ ဒါဟာ ငါးနှစ်အတွင်း အမေရိကန်ထိပ်တန်းသံတမန်တဦးရဲ့ ပထမဆုံးသော တရုတ်နိုင်ငံခရီးစဉ်ဖြစ်ပြီး အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဘလင်ကင်ဟာ ပေကျင်းမှာ နှစ်ရက်နေထိုင်မှာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူဟာ တရုတ်အစိုးရထိပ်တန်းတာ၀န်ရှိသူ ၀မ်ယီ၊ နိုင်ငံခြားရေး၀န်ကြီး ချင်ဂန်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး နောက်နာရီပိုင်းအကြာ ဒေသစံတော်ချိန် ၄ နာရီ ၃၀ မိနစ်မှာ တရုတ်သမ္မတရှီကျင်းပင်နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ သူ့ရဲ့အစောပိုင်းအစည်းအဝေးတွေမှာတော့ ထိုင်၀မ်အရေးပါ၀င်နေပါတယ်။ တရုတ်နဲ့ အမေရိကန်ဆက်ဆံရေးဟာ မကြာသေးမီနှစ်တွေအတွင်း ကုန်သွယ်ရေးနဲ့ ထိုင်၀မ်အရေးနဲ့ အခြားသော အချင်းအရာတွေကြောင့် ဆက်ဆံရေးပျက်ယွင်းနေပါတယ်။ Ref: BBC Photo: Getty Images #VOM…
Read Moreဖမ်းဆီးခံထားရတဲ့ သမ္မတ ဦးဝင်းမြင့် ကျန်းမာရေးမကောင်းဖြစ်နေ
ဇွန် ၁၉ – ၂၀၂၃ SN (VOM) တောင်ငူ အကျဉ်းထောင်အတွင်း ထိန်းသိမ်း အကျဉ်းကျခံနေရတဲ့ သမ္မတ ဦးဝင်းမြင့်ဟာ လက်ရှိမှာ ကျန်းမာရေးအခြေအနေ မကောင်းတာကြောင့် ထောင်တွင်းမှာပဲ ဆီးပိုက်တပ်ထားရပြီး ဆေးကုသမှုခံယူနေရတယ်လို့ အဲ့ဒီအကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ သမ္မတ ဦးဝင်းမြင့်ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကတည်းက ကျန်းမာရေးမကောင်းဘူးဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ “ဘာရောဂါရယ်လို့တော့ သေသေချာချာ မသိရပါဘူး။ တောင်ငူထောင်ထဲကိုပဲ အပြင်က ဆရာဝန်တစ်ဦးကိုခေါ်ပြီး ဆီးပိုက်ထည့်ခိုင်းတာပါ။ ကျွန်တော်တို့လည်း ဒီလောက်ပဲသိရတယ်”လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ လက်ရှိမှာ သမ္မတဦးဝင်းမြင့်ရဲ့ ကျန်းမာရေးအခြေအနေကို အသေးစိတ် မသိရှိရသေးဘဲ သက်ဆိုင်ရာ ဌာနဘက်ကလည်း ထုတ်ပြန်ပြောဆိုထားခြင်း မရှိသေးပါဘူး။ အခုလိုမျိုး ဆီးပိုက်တပ်ရတာနဲ့ ပတ်သက်လို့ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက “ဆီးပိုက်ထည့်တယ်ဆိုတာ အဓိက က ဆီးကောင်းကောင်းသွားလို့မရတာကြောင့်ပေါ့။ ဒါနဲ့ပတ်သက်လို့…
Read Moreအိန္ဒိယရှိ လူဦးရေအများဆုံးပြည်နယ်နှစ်ခုမှာ အပူလှိုင်းကြောင့် လူ (၁၀၀) နီးပါး သေဆုံး
ဒေလီ၊ ဇွန်-၁၉-၂၀၂၃ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံရဲ့ လူဦးရေအများဆုံးပြည်နယ်နှစ်ခုမှာ လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်း ပြင်းထန်တဲ့ အပူလှိုင်းဒဏ်ကြောင့် လူ ၉၆ ဦးသေဆုံးခဲ့ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ အပူလှိုင်းကြောင့် လူသေဆုံးမှုတွေဟာ နိုင်ငံမြောက်ပိုင်း ဥတာပရာဒေ့ရ်ှပြည်နယ်နဲ့ အရှေ့ပိုင်းရှိ ဘီဟာပြည်နယ်တို့မှာဖြစ်ပြီး အသက် ၆၀ ကျော်အရွယ်တွေ နေအိမ်ပြင်ပသွားလာခြင်းမပြုဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။ ဥတာပရာဒေ့ရ်ှပြည်နယ်မှာ သေဆုံးသူစုစုပေါင်း ၅၄ ဦးရှိပြီး ဘာလီယာခရိုင်မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ သေဆုံးသူအများစုဟာ အသက် ၆၀ ကျော်အရွယ်တွေနဲ့ ကျန်းမာရေး အခြေအနေမကောင်းသူတွေဖြစ်ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ ခရိုင်အတွင်းမှာ အမြင့်ဆုံးအပူချိန် ၄၃ ဒီဂရီစင်တီဂရိတ်ထိ မြင့်တက်ခဲ့ပြီး အပူလှိုင်းအခြေအနေဟာ အချို့ဒေသတွေမှာ ဇွန် ၁၉ ရက်ထိ ကြာမြင့်နိုင်ကြောင်း အိန္ဒိယမိုးလေ၀သဌာနက သတိပေးထားပါတယ်။ ဘီဟာပြည်နယ်မှာတာ့ အပူလှိုင်းကြောင့် လွန်ခဲ့တဲ့နှစ်ရက်အတွင်း သေဆုံးသူ ၄၂ ဦးထိရှိပြီး အပူချိန်ဟာ ၄၄ ဒသမ ၇…
Read Moreသာယာဝတီမင်း၊ စူဠာမုနိရုပ်ရှင်တော်၊ အိမ်တော်ရာ သကျသီဟ၊ မလွန်ခရေပင်ဝိုင်း၊စိုင်ပြွန်ဝင်းနှင့် ဓာတ်နန်းရပ်
ဆူးငှက် အမရပူမြို့သည် ခေတ်ကောင်းချိန် ရှေးနှစ်ပေါင်း ၁၈ဝလောက်ကဆိုလျှင် ခမ်းနားသိုက်မြိုက်သော မင်းနေပြည်တော်ကြီးဖြစ်ခဲ့ဖူးလေသည်။သေခြင်းကင်းရာ ပြည်သာယာဟုအဓိပ္ပာယ်ရသည့် အမရပူရမြို့၏ ပထမမြို့တည် နန်းတည်ဖြစ်သော မင်းကားအလောင်းမင်းတရားကြီး၏ စတုတ္ထသားတော်ဖြစ်၍ ကုန်းဘောင်မင်းဆက်၏ ၆ဆက်မြောက် မင်းဖြစ်သည့် ဘိုးတော်ဘုရား(ခေါ်) ဗဒုံမင်းဖြစ်သည်။ ဗဒုံမင်းသည် မြန်မာသက္ကရာဇ် ၁၁၄၃ ခုနှစ်တွင် အင်းဝထီးနန်းကို သိမ်းပိုက် အုပ်စိုးပြီးနေရာမှ အင်္ဂလိပ်တို့၏သင်္ဘောမှာ ရေတက်ချိန်တွင် နန်းတော်သို့ အလွယ်တကူ ဝင်ရောက်နိုင်ခြင်း ရှိကြောင်း သိသဖြင့် မြို့သစ် နန်းသစ်တည်ရန် ကြံသည်။သို့ဖြင့်၍ မြို့တည်ရန်နေရာရွေးရာ လက်ဆယ်ကန်ရွာနေရာကို အမရပူရမြို့ နန်းတည်ရန်အတည်ပြု၍ ၁၀၊အောက်တိုဘာ၊ ၁၇၈၁ (မြန်မာသက္ကရာဇ်၁၁၄၅ ခုနှစ်)တွင် အမိန့်ပြန်ကာ စတင်တည်ဆောက်စေသည်။ ၁၂ ၊မေ၊ ၁၇၈၃တွင် နန်းသိမ်းပွဲဖြင့် စတင်နန်းစံသည်။ သို့သော် ၁၃၊ မတ်၊၁၈၁၀တွင် အမရပူရမြို့တွင် မီးအကြီးအကျယ်လာင်ရာ နန်းတော်ပါ ပျက်စီးသဖြင့် တဖန်ပြန်တည်ရသည်။ သို့ဖြင့် အချိန်တိုအတွင်း…
Read Moreအလုပ်သမားဆီက စာရွက်အတုတွေလုပ်၊ ငွေယူပြီး ပြည်ပကို မပို့ပေးတဲ့ အေဂျင်စီတွေကို လိုက်နာရမယ့်အချက်တွေ သတိပေး
ဇွန် ၁၉ – ၂၀၂၃ GG (VOM) ပြည်ပအလုပ်အကိုင်အေဂျင်စီတွေအနေနဲ့ စာရွက်စာတမ်းအတုလုပ်ပြီး ငွေကြိုကောက်ကာ အလုပ်သမားတွေကို အချိန်မီ ပြည်ပကိုအလုပ်စေလွှတ်ခြင်းမရှိတာကြောင့် အေဂျင်စီတွေ မဖြစ်မနေလိုက်နာရမယ့် သတိပေးချက်တွေကို အလုပ်သမားရေးညွှန်ကြားရေးဦးစီးဌာနက အသိပေးလိုက်ပါတယ်။ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေအနေနဲ့ သက်ဆိုင်ရာနိုင်ငံ အလုပ်ရှင်က လက်မှတ်ရေးထိုးပေးပို့တဲ့ Employment Contract ကို မိတ္တူ ၃ စုံ ကူးပြီး အေဂျင်စီရဲ့ မန်နေးဂျင်းဒါရိုက်တာ လက်မှတ်ရေးထိုး အတည်ပြုပြီး အေဂျင်စီနဲ့အလုပ်သမားဟာ နီးစပ်ရာ မြို့နယ်အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှာ အလုပ်သမားတစ်ဦးချင်းစီအလိုက် စာချုပ်ချုပ်ဆိုရမယ်လို့ သတိပေးလိုက်တာဖြစ်ပါတယ်။ နောက်ပြီး အလုပ်သမားသံအရာရှိ ထောက်ခံတဲ့ Demand Letter နဲ့ သက်ဆိုင်ရာနိုင်ငံ မြန်မာသံရုံးက Demand Letterအတွက် ဦးစီးဌာန(ရုံးချုပ်)ကနေ စေလွှတ်ရေးလုပ်ငန်းစဉ် ဆောင်ရွက် နိုင်ပြီဆိုတဲ့ ခွင့်ပြုချက်ရမှသာ အလုပ်ရှင်အလုပ်သမား သဘောတူစာချုပ် ချုပ်ဆိုဖို့ ၊ ချုပ်ဆိုတဲ့အခါ Demand…
Read More