ဒေလီ၊ ဇွန်-၁၉-၂၀၂၃
မျိုးဆက်(VOM)
အိန္ဒိယနိုင်ငံရဲ့ လူဦးရေအများဆုံးပြည်နယ်နှစ်ခုမှာ လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်း ပြင်းထန်တဲ့ အပူလှိုင်းဒဏ်ကြောင့် လူ ၉၆ ဦးသေဆုံးခဲ့ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။
အပူလှိုင်းကြောင့် လူသေဆုံးမှုတွေဟာ နိုင်ငံမြောက်ပိုင်း ဥတာပရာဒေ့ရ်ှပြည်နယ်နဲ့ အရှေ့ပိုင်းရှိ ဘီဟာပြည်နယ်တို့မှာဖြစ်ပြီး အသက် ၆၀ ကျော်အရွယ်တွေ နေအိမ်ပြင်ပသွားလာခြင်းမပြုဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။
ဥတာပရာဒေ့ရ်ှပြည်နယ်မှာ သေဆုံးသူစုစုပေါင်း ၅၄ ဦးရှိပြီး ဘာလီယာခရိုင်မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ သေဆုံးသူအများစုဟာ အသက် ၆၀ ကျော်အရွယ်တွေနဲ့ ကျန်းမာရေး အခြေအနေမကောင်းသူတွေဖြစ်ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။
ခရိုင်အတွင်းမှာ အမြင့်ဆုံးအပူချိန် ၄၃ ဒီဂရီစင်တီဂရိတ်ထိ မြင့်တက်ခဲ့ပြီး အပူလှိုင်းအခြေအနေဟာ အချို့ဒေသတွေမှာ ဇွန် ၁၉ ရက်ထိ ကြာမြင့်နိုင်ကြောင်း အိန္ဒိယမိုးလေ၀သဌာနက သတိပေးထားပါတယ်။
ဘီဟာပြည်နယ်မှာတာ့ အပူလှိုင်းကြောင့် လွန်ခဲ့တဲ့နှစ်ရက်အတွင်း သေဆုံးသူ ၄၂ ဦးထိရှိပြီး အပူချိန်ဟာ ၄၄ ဒသမ ၇ ဒီဂရီစင်တီဂရိတ်ထိ ရှိခဲ့ပါတယ်။
အပူချိန်မြင့်တက်တဲ့ ကာလတွေအတွင်း အိန္ဒိယနိုင်ငံမှာ ရေပြတ်လပ်မှုကို ကြုံတွေ့ရလေ့ရှိပြီး လက်ရှိမှာလည်း လူသန်းပေါင်းများစွာ သောက်သုံးရေပြတ်လပ်နေကြပါတယ်။
Ref: CNA
Photo:AP
#VOM #voiceofmyanmar #ဒေလီ