ပေကျင်း၊ ဇွန်-၁၉-၂၀၂၃
မျိုးဆက်(VOM)
ကမ္ဘာ့အင်အားကြီး အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား ယိုယွင်းနေတဲ့ဆက်ဆံရေးကို ပြန်လည်တည်ဆောက်ဖို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်ဟာ တရုတ်နိုင်ငံကို ရောက်ရှိနေပြီဖြစ်ပါတယ်။
ဘလင်ကင်ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလကတည်းက တရုတ်နိုင်ငံကို သွားရောက်ဖို့ စီစဉ်ခဲ့ပေမယ့် တရုတ်သူလျှိုဘောလုံးတွေ အမေရိကန်ပေါ်ကဖြတ်ပျံတဲ့ကိစ္စကြောင့် ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့တာဖြစ်ပါတယ်။
ဒါဟာ ငါးနှစ်အတွင်း အမေရိကန်ထိပ်တန်းသံတမန်တဦးရဲ့ ပထမဆုံးသော တရုတ်နိုင်ငံခရီးစဉ်ဖြစ်ပြီး အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဘလင်ကင်ဟာ ပေကျင်းမှာ နှစ်ရက်နေထိုင်မှာဖြစ်ပါတယ်။
လက်ရှိမှာတော့ သူဟာ တရုတ်အစိုးရထိပ်တန်းတာ၀န်ရှိသူ ၀မ်ယီ၊ နိုင်ငံခြားရေး၀န်ကြီး ချင်ဂန်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး နောက်နာရီပိုင်းအကြာ ဒေသစံတော်ချိန် ၄ နာရီ ၃၀ မိနစ်မှာ တရုတ်သမ္မတရှီကျင်းပင်နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။
သူ့ရဲ့အစောပိုင်းအစည်းအဝေးတွေမှာတော့ ထိုင်၀မ်အရေးပါ၀င်နေပါတယ်။ တရုတ်နဲ့ အမေရိကန်ဆက်ဆံရေးဟာ မကြာသေးမီနှစ်တွေအတွင်း ကုန်သွယ်ရေးနဲ့ ထိုင်၀မ်အရေးနဲ့ အခြားသော အချင်းအရာတွေကြောင့် ဆက်ဆံရေးပျက်ယွင်းနေပါတယ်။
Ref: BBC
Photo: Getty Images
#VOM #voiceofmyanmar #ပေကျင်း