ပခုက္ကူမှာ နေအိမ်ထဲအိပ်နေတဲ့ မိသားစုဝင် အမျိုးသမီး ၅ ယောက်အသတ်ခံရ

ဇွန် ၂၁ -၂၀၂၃ GG(VOM) မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပေါက်တောရွာမှာ မနေ့က ဇွန်လ ၂၀ ရက်နေ့ ညပိုင်းက နေအိမ်မှာအိပ်နေတဲ့ မိသားစုတစု အသတ်ခံရလို့ မိသားစုဝင် ၅ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အသတ်ခံလိုက်ရသူ ၅ ယောက်ဟာ ဆွေမျိုးတော်စပ်တဲ့ မိသားစုဝင် အမျိုးသမီးတွေချည်းဖြစ်ပြီး သေနတ်၊ ဓားဒဏ်ရာတွေနဲ့ သေဆုံးကြတာဖြစ်တယ်လို့သိရပါတယ်။ ” အိပ်နေချိန် လာပြီး သတ်သွားတာလို့သိရတယ်၊ လာသတ်တဲ့သူတွေက ၅ ယောက် ၆ ယောက်လောက်ရှိတယ်လို့ပြောတယ်။ အခုအသတ်ခံရတဲ့အထဲက အမျိုးသမီးတွေရဲ့ မောင်ဖြစ်သူကလည်း အရင်ရက်တုန်းကအသတ်ခံရတာရှိတယ်၊ စစ်တပ်က စစ်ဆေးတာ မေးမြန်းတာတွေလုပ်တာရှိပါတယ် ၊ဖြစ်တာက ၁၂ နာရီကျော်လောက်လို့သိရတယ် ” လို့ ပခုက္ကူ မြို့ခံတစ်ဦးကပြောပါတယ်။ အသတ်ခံရသူတွေကတော့ ဒေါ်စန်းစန်းအေး ၄၂နှစ်၊ ဒေါ်ဟန်စန်းနွယ် ၃၉နှစ်၊ မဇာမိုးအောင် ၁၄နှစ်၊ မခင်မာလင်း ၂၈နှစ်၊…

Read More

ကျွန်တော်က သူ့ကို ဝေဖန်သည်၊ သူက ကျွန်တော့်ကို နေရာပေးသည်

ဆူးငှက် သတင်းစာဆရာ၊ စာရေးဆရာဒေါ်ဒေါ် လူထုဒေါ်အမာ၏ အသက် ၇၀ပြည့်မွေးနေ့(၁၉၈၅ ခု နိုဝင်ဘာလ ၂၉ရက်) မှ စ၍ အမရပူရတောင်သမန်အင်းစောင်း တောင်လေးလုံးကျောင်းတွင် မွေးနေ့ပွဲ ကျင်းပပြုလုပ်ခဲ့သည်။ အစ ကနဦးမှာတော့ မန္တလေး၊ အမရပူရ၊ တံတားဦး၊ အင်းဝ၊ စစ်ကိုင်း၊ မုံရွာက စာရေးဆရာတွေရောက်လာကြသည်။ အလွန် သာယာအေးချမ်းကြည်နူးဖွယ်ကောင်းလှသော တောင်လေးလုံးကျောင်း ပရိဝုဏ်မှာ စာရေးဆရာ ဆရာတော် ဦးပညာ (အမရပူရ)၏မေတ္တာရိပ်မှာ ခိုလှုံပြီး တွေ့ကြဆုံကြ၊ စာအကြောင်းပေအကြောင်း အနုပညာအကြောင်း ပြောဆိုကြရင်းနိုင်းမရသည့် ပီတိတွေဝေမျှကြခြင်းဖြစ်သည်။ သည်တုန်းအခါက ကျွန်တော်မရောက်ဖူးပါ။ အသက် ၇၂နှစ်ပြည့်လောက် မှရောက်ဖူးသည်ထင်သည်။ ကိုညို(စာရေးဆရာ ညီပုလေး)ကတော့တောင်လေးလုံးပွဲမှန်သမျှ တခုတ်တရ လှမ်း၍ ဖိတ်လေ့ရှိပါ၏။ ကျွန်တော့်အိမ်နှင့်လမ်းကြုံသော စာရေးဆရာ ရဲသျှမ်းကို စာလေးရေး၍ဖြစ်စေ၊ ဖိတ်စာလေး ကမ်း၍ဖြစ်စေ ဖိတ်ကြားပါသည်။ သို့သော် ကျွန်တော် မရောက်ဖြစ်ပါ။ ဘာရယ်လို့တော့ မဟုတ်။…

Read More
VOM News

FREE
VIEW