မက်ဒရစ်၊ ဇွန် ၂၃-၂၀၂၃
မျိုးဆက်(VOM)
စပိန်နိုင်ငံ အတ္တလန္တိတ်သမုဒ္ဒရာအတွင်းရှိ ကနေရီကျွန်းစုမှာ ရွှေ့ပြောင်းဒုက္ခသည်များလိုက်ပါလာတဲ့ စက်လှေနစ်မြုပ်မှုကြောင့် လူ ၃၀ ကျော်သေဆုံးသွားပြီး ၂၂၇ ယောက်ကို ကယ်တင်နိုင်ခဲ့ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။
လက်ရှိအချိန်ထိ လူ ၃၉ ယောက်သေဆုံးပြီး ၃၅ ဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
စက်လှေဟာ ဂရန်းကနေရီယာရဲ့ တောင်ဘက် မိုင် ၁၀၀ အကွာရေပြင်မှာ နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း တာ၀န်ရှိသူတွေကပြောသည်။ ဒါဟာ ကြေကွဲဖွယ်ရာ အဖြစ်ဆိုးကြီးဖြစ်ကြောင်း ကနေရီကျွန်းစုဒေသခေါင်းဆောင် အိန်ဂျယ်ဗစ်တာတောရက်စ်က ပြောဆိုထားပြီး ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ မူဝါဒတွေကို ချမှတ်ဖို့ ဥရောပသမဂ္ဂကို တောင်းဆိုလိုက်ပါတယ်။
လွန်ခဲ့တဲ့ သီတင်းပတ်အတွင်းကလည်း ဂရိနိုင်ငံကမ်းလွန်မှာ စစ်လှေတ်စင်းနှစ်မြုပ်မှုကြောင့် ဒုက္ခသည် ၇၈ ယောင် သေဆုံးမှုဖြစ်ပွားပြီးနောက် ရက်အနည်းငယ်အကြာမှာ ဒီဖြစ်စဉ် ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒုက္ခသည်အရေး ဥရောပရဲ့ တုံ့ပြန်မှုအပေါ် မေးခွန်းတွေလည်း ထွက်ပေါ်နေပါတယ်။
အာဖရိကအနောက်ဘက်ကမ်းရိုးတန်းမှာတည်ရှိနေပေမယ့် ကနေရီကျွန်းစုဟာ စပိန်နိုင်ငံရဲ့ ပိုက်နက်နယ်မြေဖြစ်ပြီးရွှေ့ပြောင်းဒုက္ခသည်တွေ ဥရောပနိုင်ငံတွေ ရောက်ရှိခိုလှုံဖို့ အဓိကဖြတ်သန်းသွားလာရာ လမ်းကြောင်းတွေထဲကတခုဖြစ်ပါတယ်။
အနောက်အာဖရိက-အတ္တလန်တိတ် ရွှေ့ပြောင်းသွားလာရေး လမ်းကြောင်းဟာ ကမ္ဘာပေါ်မှာ အသေအပျောက်အများဆုံး လမ်းကြောင်းတွေထဲကတခုဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ အဲဒီလမ်းကြောင်းကနေ သွားလာသူ ၅၄၃ ဦးသေဆုံးပြီး စက်လှေ သို့မဟုတ် သင်္ဘောနစ်မြုပ်မှု ၄၅ ကြိမ်ဖြစ်ပွားခဲ့ကြောင်း နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Ref: BBC
#VOM #voiceofmyanmar #မက်ဒရစ်