ဇေယျာသီရိမြို့နယ်ရှိ ကျောင်းတကျောင်းမှာ ခြိမ်းခြောက်စာကပ်ပြီး ဆရာဆရာမတွေကို ရန်မူတဲ့နှစ်ဦးကို ဖမ်းဆီး

ဇွန် ၂၂-၂၀၂၃
KT(VOM)

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊သစ်တပ်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းခွဲမှာ ခြိမ်းခြောက်စာကပ်ပြီး ဆရာ၊ဆရာမတွေကို ရန်မူနေတဲ့သားအဖကို ဒီနေ့ ဇွန် ၂၂ ရက် မနက်ပိုင်းက ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

” ကျောင်းအုပ်ဆရာကြီးရဲ့ ရုံးခန်းဝင်ပေါက်မှာ စက္ကူနဲ့”ကျောင်းအုပ်ကြီးနဲ့ စစ်သားမိန်းမများ သတ်ခံကမယ် သတိထား”ဆိုတဲ့စာကို ကျောင်းသန့်ရှင်းရေးပြုလုပ်တဲ့ ကျောင်းသားတွေကမြင်ပြီး ဆရာမဖြစ်သူကိုအကြောင်းကြားခဲ့တယ်”လို့ ရဲနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

ကျောင်းတွင်းမှာလည်း သစ်တပ်ကျေးရွာမှာနေထိုင်တဲ့ ဦးကျော်မြင့် (၇၆ နှစ်)နဲ့ သားဖြစ်သူ မောင်ကျော်ခိုင်ဝင်း (၁၅ နှစ်)တို့က ဆရာ၊ဆရာမတွေကို စာသင်မရအောင် ခြိမ်းခြောက်နေခြင်း၊ ဆရာဆရာမများအပြန်လမ်းတွင် သတ်မယ်လို့ခြိမ်းခြောက်ခြင်း၊ ကျောင်းမှာ စာသင်မရအောင်လုပ်မယ်လို့ခြိမ်းခြောက်နေတာကြောင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိသူတွေဖြစ်တဲ့ ဖခင်ဖြစ်သူကျော်မြင့် နဲ့သားဖြစ်သူကျော်ခိုင်းဝင်းတို့ဟာ ပုဒ်မ ၄၅၁/၅၀၅-က/၃၃၆/ ၂၉၄/ ၅၀၆ များဖြင့် ရေဆင်းရဲစခန်းမှာ အမှုဖွင့်ထားခံရသူဖြစ်ပြီး ဖခင်မှာထောင်ဒဏ် ၂ နှစ်၊ သားဖြစ်သူမှာ လူငယ်ပြုပြင်ထိန်းသိမ်းရေးကျောင်းမှာ တစ်နှစ် ပြစ်ဒဏ်ကျခံရာကနေဘလွတ်မြောက်လာသူတွေဖြစ်တယ်လို့လည်း သိရပါတယ်။

ဆရာဆရာမတွေနဲ့ စာသင်ကြားမယ့်သူတွေကို ထိတ်လန့်စေရန်၊ကျောင်းကိုဆက်မဖွင့်နိုင်စေရန်၊ နိုင်ငံတော်အစိုးရရဲ့ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်၊ နိုင်ငံတော်အားအကြည်ညိုပျက်စေရန်ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခဲ့တဲ့ သားအဖနှစ်ဦးကို ဖမ်းဆီးအရေးယူထားတာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #နေပြည်တော်

Related posts

Leave a Comment

VOM News

FREE
VIEW