ဇွန်၊ ၂၂ -၂၀၂၃
SP(VOM)
မကွေးတိုင်း ၊မင်းဘူးမြို့နယ်၊ထောက်ရှာပင်ကျေးရွာအုပ်စု ၊ ရွှေတပင်ကျေးရွာနေမှာနေတဲ့ မှုခင်းသတင်းထောက် ၁ ဦးဟာ မနေ့ ဇွန် ၂၁ ရက် ညပိုင်းက သေနတ်နဲ့ ပစ်သတ်ခံရတဲ့အတွက် သေဆုံးသွားတယ်လို့ ရဲအသိုင်းအဝိုင်းဆီက သိရပါတယ်။
” မနေ့ညက ၇ နာရီခွဲဝန်းကျင်မှာ ပစ်ခံရတာဖြစ်တယ် ၊ မှုခင်းသတင်းထောက် မင်းသူလှိုင် ပစ်ခံရတာ”လို့ အဲ့ဒီရွာခံတယောက်က ပြောပါတယ်။
အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်လို့ မင်းဘူးခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က ” မင်းဘူးနယ်က မှုခင်းသတင်းထောက် ကိုမင်းသူလှိုင် အသက် ၄၁ နှစ် ပစ်သတ်ခံရတာ ဖြစ်တယ် ၊ မနေ့က ညပိုင်း ၇ နာရီခွဲ ဝန်းကျင် သူ့ရဲ့နေအိမ်ထဲမှာ ပစ်ခံရတယ် ၊ အမည်မသိ(စုံစမ်းဆဲ)လူ ၂ ယောက်ကနေ သေနတ်နဲ့ ၉ ချက် ပစ်တယ် ၊ ရင်ဖက်ဖောက်ဝင် ၅ ချက် ပေါင်ဖောက်ဝင် ၃ ချက်နဲ့ လည်ပင်း ဖောက်ဝင် ၁ ချက် ရပြီး နေရာမှာတင် သေဆုံးသွားတယ် ၊ သေဆုံးသူ ကိုမင်းသူလှိုင်ဟာ တရားဝင်သတင်းဌာနဖြစ်တဲ့ (SH သတင်းဌာန) ၊အထူးဟစ်တိုင် သတင်းအေဂျင်စီ ၊ ရှု့ထောင့်သတင်းစုံဂျာနယ်နဲ့ အမှန်တရားသတင်းစုံဂျာနယ်က သတင်းထောက် တစ်ဦး ဖြစ်တယ်လို့ ကနဦး သိရတယ် “လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း ရန်ကုန်တိုင်း ၊ လှိုင်သာယာမြို့နယ်ထဲက မှုခင်းသတင်းထောက် ၂ ဦး မီးရှို့သတ်ဖြတ်ခံရပြီး စစ်ကိုင်းတိုင်း ၊ ကလေးမြို့ပေါ်မှာနေထိုင်တဲ့ မှုခင်းသတင်းထောက် လင်မယား ၂ ဦးလည်း ပစ်သတ်ခံရတာ ဖြစ်ပွားခဲ့ပါသေးတယ်။
#VOM #voiceofmyanmar #မင်းဘူး #မှုခင်းသတင်းထောက် #ပစ်သတ်ခံရ